စီးပွားရေးသိပ္ပံပညာဆိုင်ရာ နိုဘယ်အထိမ်းအမှတ်ဆု
ဆွီဒင်အမျိုးသားဘဏ်၏ အဲလ်ဖရက် နိုဘယ်(Alfred Nobel) အထိမ်းအမှတ် စီးပွားရေးသိပ္ပံပညာဆိုင်ရာဆု (အင်္ဂလိပ်: The Sveriges Riksbank Prize in Economic Sciences in Memory of Alfred Nobel)[၂][၃][၄](ဆွီဒင်: Sveriges riksbanks pris i ekonomisk vetenskap till Alfred Nobels minne)သည် နိုဘယ်ဖောင်ဒေးရှင်းမှ ကမကထပြု၍ ချီးမြှင့်သော စီးပွားရေးပညာဆိုင်ရာဆု ဖြစ်ပြီး၊ ယေဘုယျအားဖြင့် စီးပွားရေးပညာဆိုင်ရာနိုဘယ်ဆုအဖြစ် မှတ်ယူကြသည်။ ဤဆုကို ၁၉၆၈-ခုနှစ်တွင် ဆွီဒင်နိုင်ငံ၏ ဗဟိုဘဏ်ဖြစ်သော ဆွီဒင်အမျိုးသားဘဏ် (Sveriges Riksbank)မှ နိုဘယ်ဖောင်ဒေးရှင်းသို့ ဘဏ်၏ နှစ်-၃၀၀ပြည့် အထိမ်းအမှတ် လှူဒါန်းငွေဖြင့် စတင်ခဲ့ခြင်းဖြစ်သည်။[၅][၆][၇][၈] ၎င်းသည် ၁၈၉၅-ခုနှစ်မှ အဲလ်ဖရက် နိုဘယ်(Alfred Nobel)၏ သေတမ်းစာတွင် ရေးသားထားသည့် စာရင်းတွင်ပါဝင်သည့် ဆုတစ်ခု မဟုတ်သဖြင့် နိုဘယ်ဆုမဟုတ်ပေ။[၉] သို့သော်လည်း ဤဆုကို နိုဘယ်ဆုများနှင့် အတူတွဲ၍ နိုဘယ်ဖောင်ဒေးရှင်းမှ ကြီးကြပ်ကွပ်ကဲမှု ပြုသည်။[၁၀] ဆုရရှိသူစာရင်းကို နိုဘယ်ဆုရှင်များနှင့်အတူ ပေါင်း၍ကြေညာပြီး၊ နိုဘယ်ဆုပေးပွဲ အခမ်းအနားတစ်ခုတည်း၌ပင် ပေါင်း၍ ဆုချီးမြှင့်သည်။[၅]
ဆွီဒင်အမျိုးသားဘဏ်၏ အဲလ်ဖရက် နိုဘယ်(Alfred Nobel) အထိမ်းအမှတ် စီးပွားရေးသိပ္ပံပညာဆိုင်ရာဆု | ||||
---|---|---|---|---|
ဆုပေးအပ်ခြင်းအကြောင်း | စီးပွားရေးပညာ(Economics) သို့မဟုတ် လူမှုသိပ္ပံပညာရပ်များ(Social Sciences)တွင် ထူးချွန်ပြောင်မြောက်သော စွမ်းဆောင်ချက်များအတွက် ချီးမြှင့်ခြင်း | |||
ဆုတံဆိပ်ပေးအပ်သူ | တော်ဝင်ဆွီဒင်သိပ္ပံအကယ်ဒမီ(Royal Swedish Academy of Sciences) | |||
နေရာ | ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမြို့(Stockholm) | |||
ဆုအမျိုးအစား | ၉ သန်း SEK (၂၀၁၇)[၁] | |||
ပထမဆုံးဆုတံဆိပ် | ၁၉၆၉ | |||
လက်ရှိဆုတံဆိပ်ပိုင်ရှင် | Abhijit Banerjee, Esther Duflo and Michael Kremer (၂၀၁၉) | |||
ဝက်ဘ်ဆိုဒ် | nobelprize.org | |||
|
တော်ဝင်ဆွီဒင်သိပ္ပံအကယ်ဒမီ(Royal Swedish Academy of Sciences)မှ ဤဆုရှင်များကို ရွေးချယ်သည်။[၁၁] (ဓာတုဗေဒနှင့် ရူပဗေဒနိုဘယ်ဆုများကိုလည်း ဤအကယ်ဒမီမှပင် ရွေးချယ်သည်။[၁၁][၁၂]) ပထမဆုံးဆုကို ၁၉၆၉-ခုနှစ်တွင် ဒတ်ခ်ျစီးပွားရေးပညာရှင် Jan Tinbergenနှင့် နော်ဝေစီးပွားရေးပညာရှင် Ragnar Frischတို့အား "စီးပွားရေးဖြစ်စဉ်များအားဆန်းစစ်ခြင်းအတွက်အသုံးပြုသော အခြေအနေအလိုက် ပြောင်းလဲနိုင်သော မော်ဒယ်များ(dynamic models)တီထွင်အသုံးချခြင်း"အတွက် ချီးမြှင့်ခဲ့သည်။[၈][၁၃][၁၄]
အမည်ပြောင်းလဲခေါ်ဝေါ်မှုများ
ဤဆု၏ ဆွီဒင်ဘာသာစကားဖြင့် လက်ရှိတရားဝင်အမည်မှာSveriges riksbanks pris i ekonomisk vetenskap till Alfred Nobels minne ဖြစ်သည်။ နိုဘယ်ဖောင်ဒေးရှင်းမှ ဤဆု၏အမည်ကို အင်္ဂလိပ်ဘာသာဖြင့် ဘာသာပြန်ဆိုရာတွင် နှစ်အလိုက် ပြောင်းလဲမှုများရှိနေသည်ကို အောက်ပါဇယားတွင် တွေ့ရှိနိုင်သည်။
ခုနှစ်(များ) | ဆွီဒင်မှ အင်္ဂလိပ်သို့ ဘာသာပြန်ပုံ |
---|---|
1969–1970 | Prize in Economic Science dedicated to the memory of Alfred Nobel[၁၅][၁၆] |
1971 | Prize in Economic Science[၁၇] |
1972 | Bank of Sweden Prize in Economic Sciences in Memory of Alfred Nobel[၁၈] |
1973–1975 | Prize in Economic Science in Memory of Alfred Nobel[၁၉][၂၀] |
1976–1977 | Prize in Economic Sciences in Memory of Alfred Nobel[၂၁][၂၂] |
1978–1981 | Alfred Nobel Memorial Prize in Economic Sciences[၂၃][၂၄] |
1982 | Alfred Nobel Memorial Prize in Economic Science[၂၅] |
1983 | Prize in Economic Sciences in Memory of Alfred Nobel[၂၆] |
1984–1990 | Alfred Nobel Memorial Prize in Economic Sciences[၂၇][၂၈] |
1991 | Sveriges Riksbank (Bank of Sweden) Prize in Economic Sciences in Memory of Alfred Nobel[၂၉] |
1992–2005 | Bank of Sweden Prize in Economic Sciences in Memory of Alfred Nobel[၃၀][၃၁] |
2006–present | The Sveriges Riksbank Prize in Economic Sciences in Memory of Alfred Nobel[၃၂][၃၃] |