ဖာရာရီ

ဖာရာရီ S.p.A.'သည် မာရန်နယ်လို၊ အီတလီနိုင်ငံတွင် အခြေစိုက်သည့် အီတလီ ပြိုင်ကားကုမ္ပဏီ ဖြစ်သည်။ ၁၉၂၉-ခုနှစ်တွင် အန်ဇိုဖာရာရီမှ စကူဒါရီရာဖာရာရီ အမည်ခံ အဖွဲ့တစ်ခုအနေဖြင့် စတင်တည်ထောင်ခဲ့သည်။ ကုမ္ပဏီသည် ကားမောင်းသူများကို စပွန်ဆာပေးခဲ့ပြီး ပြိုင်ကားများကို ၁၉၄၇-ခုနှစ် ဖာရာရီအမည်နှင့် ကားများ မထုတ်လုပ်ခင်တည်းက ထုတ်လုပ်ခဲ့သည်။ ၎င်း၏သမိုင်းကြောင်းအရ ကုမ္ပဏီကိုကားပြိုင်ခြင်း အထူးသဖြင့် ၎င်းကြီးမားသောအောင်မြင်မှု ရရှိခဲ့သည့်ဖော်မြူလာဝမ်းကားပြိုင်ပွဲများတွင် ဆက်လက်ပါဝင်ခဲ့ခြင်းဖြင့် သတိပြုမိလာခဲ့သည်။

Ferrari S.p.A.
အမျိုးအစားSocietà per azioni
လုပ်ငန်းAutomotive
တည်ထောင်သည့်နှစ်၁၉၄၇ (historical 1929)
တည်ထောင်သူများအန်ဇို ဖာရာရီ
ဌာနချုပ်မာရန်နယ်လို, အီတလီ
အရေးပါ ပုဂ္ဂိုလ်များလူကာ ဒီ မွန်တက်ဇီမိုလို
Chairman
ပီယာရို ဖာရာရီ
Vice Chairman
အမီဒီယို ဖယ်လစ်စာ
စီအီးအို
ထုတ်ကုန်ပစ္စည်းအားကစားကား (ပြိုင်ကား)
ထုတ်ကုန်ပမာဏ၆၅၇၃ ယူနစ် (2010)[၁]
ဝင်ငွေIncrease € ၁၉၁၉ မီလီယံ (၂၀၁၀)[၁]
ပိုင်ရှင်များFiat S.p.A. ၉၀%[၁]
အလုပ်သမားဦးရေ၂၇၂၁ (၂၀၁၁)[၁]
မိခင်ကုမ္ပဏီFiat S.p.A.
ဝက်ဘ်ဆိုက်Ferrari.com

မော်တော်စပေါ့

Ferrari 312T2 Formula One car driven by Niki Lauda

ကုမ္ပဏီ၏ အစမှစ၍ ဖာရာရီသည် ဖော်မြူလာဝမ်းများ၊ စပေါ့ကားများစသဖြင့် အမျိုးအစားအလိုက်ပြိုင်ခြင်းဖြစ်သော မော်တော်စပေါ့တွင် ပါဝင်ခဲ့သည်။

၁၉၄၀ အေအေစီ ၈၁၅ သည် ဖာရာရီတံဆိပ်မတပ်နှိပ်ခဲ့သော်လည်း အန်ဇိုဖာရာရီ ဒီဇိုင်းဆွဲခဲ့သည့် ပထမဆုံး ပြိုင်ကားဖြစ်သည်။

စကူဒါရီယာ ဖာရာရီ

စကူဒါရီယာ ဖာရာရီ (အဖွဲ့) သည် ဖော်မြူလာဝမ်းနှင့်သာ သက်ဆိုင်သော်လည်း မော်တော်စပေါ့တန်းများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ၎င်းသည် ဖော်မြူလာဝမ်း ကမ္ဘာ့ချန်ပီယံရှစ်တွင် ၁၉၅၀ခုနှစ်ကတည်းက ဆက်တိုက်ပါဝင်ယှဉ်ပြိုင်လာခဲ့သည့် တစ်ခုတည်းသော အဖွဲ့ဖြစ်သည်။ ဟိုဆေး ဖရွိုင်းလဲန်း ဂွန်ဇာလက်ဇ်သည် အသင်း၏ ပထမဆုံး ဖော်မြူလာဝမ်း အနိုင်ကို ၁၉၅၁ ဘရစ်တစ် ဂရမ်းပစ်ဇ်တွင် ရယူပေးခဲ့သည်။

၂၀၀၇ ဖော်မြူလာဝမ်း ကားမောင်းပြိုင်ပွဲတွင် နိုင်သွားသည့် စကူဒါရီယာ ဖာရာရီ

အယ်ဘာ့တို အက်စကာရီသည် ဖာရာရီ၏ ပထမဆုံး ဒရိုင်ဘာချန်ပီယံရှစ်ကို နောက်တစ်နှစ်အကြာတွင် ရယူပေးခဲ့သည်။ ဖာရာရီသည် ချန်ပီယံရှစ်ပြိုင်ပွဲတွင် သက်တမ်းအကြာဆုံးနှင့် အအောင်မြင်ဆုံး အသင်းဖြစ်သည်။ အသင်းသည် ဖော်မြူလာဝမ်း မှတ်တမ်းအကုန်နီးပါးပိုင်ဆိုင်ထားသည်။ အသင်း၏ မှတ်တမ်းများတွင် ကမ္ဘာ့ကားမောင်းသူ ချန်ပီယံရှစ်ဖလား ၁၅ခု (၁၉၅၂၊ ၁၉၅၃၊ ၁၉၅၆၊ ၁၉၅၈၊ ၁၉၆၁၊ ၁၉၆၄၊ ၁၉၇၅၊ ၁၉၇၇၊ ၁၉၇၉၊ ၂၀၀၀၊ ၂၀၀၁၊ ၂၀၀၂၊ ၂၀၀၃၊ ၂၀၀၄၊ ၂၀၀၇) ၊ ကမ္ဘာ့ တည်ဆောက်သူ ချန်ပီယံရှစ်ဖလား ၁၆ခု (၁၉၆၁၊ ၁၉၆၄၊ ၁၉၇၅၊ ၁၉၇၆၊ ၁၉၇၇၊ ၁၉၇၉၊ ၁၉၈၂၊ ၁၉၈၃၊ ၁၉၉၉၊ ၂၀၀၀၊ ၂၀၀၁၊ ၂၀၀၂၊ ၂၀၀၃၊ ၂၀၀၄၊ ၂၀၀၇၊ ၂၀၀၈)၊ ဂရမ်းပစ် အောင်ပွဲ ၂၀၉ခု၊ ၄၉၂၅.၂၇ ပွိုင့်၊ ပိုဒီယံနှင့် ပြီးဆုံးမှု ၆၂၂ခု၊ ထိပ်ဆုံးတွင် ရပ်တည်မှု ၂၀၃ခု နှင့် ဂရမ်းပစ် ပြိုင်ပွဲပေါင်း ၇၇၆ခုတွင် အမြန်ဆုံး၂၁၈ ပတ်တို့ဖြစ်သည်။

Road cars

လက်ရှိမော်ဒယ်များ

ကယ်လီဖိုးနီးယား၄၅၈ အီတလီယာF12 ဘာလင်နက်တာ]]FF
  • Grand tourer
  • V8 engine
  • Sports car
  • Mid engine V8
  • Grand tourer
  • V12 engine
  • Grand tourer
  • 4WD V12 shooting-brake

ဖာရာရီ၏ ပထမဆုံး ယာဉ်သည် ၁၂၅ အက်စ် ပြိုင်ကားမော်ဒယ်ဖြစ်သည်။ ၁၉၄၉-ခုနှစ်တွင် ယနေ့အထိ ဖာရာရီကို ရှင်သန်အောင် ပြုလုပ်ပေးခဲ့သော ဖာရာရီ ၁၆၆ အင်တာ ကို ဈေးကွက်တွင်းသို့ ဖြန့်ချိခဲ့သည်။

ရောင်းချမှု သမိုင်း

YearSales to end customers (number of type-approved vehicles)
12345612
1999[၂]3,775 
2000[၃]4,070 
2001[၄]4,289 
2002[၅]4,236 
2003[၆]4,238 
2004[၇]4,975 
2005[၈]5,409 
2006[၉]5,671 
2007[၁၀]6,465 
2008[၁၁]6,587 
2009[၁၂]6,250 

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ