မာဗယ် ရုပ်စုံ

မာဗယ် ရုပ်စုံ (Marvel Comics သို့မဟုတ် Marvel) သည် မာဗယ် ဖျော်ဖြေရေး ကုမ္ပဏီ၏ အစိတ်အပိုင်းဖြစ်ပြီး Marvel Worldwide Inc. (ယခင် Marvel Publishing, Inc. နှင့် Marvel Comics Group) ၏ အမှတ်အသားဖြစ်ကာ "စူပါဟီးရိုး" ရုပ်ပြစာအုပ်များ ပုံနှိပ်ထုတ်ဝေသည့် အမေရိကန် ရုပ်ပြစာအုပ် ကုမ္ပဏီတစ်ခုဖြစ်သည်။ ၎င်း၏ထိပ်တန်းပြိုင်ဘက်မှာ ဒီစီ ရုပ်စုံ (စူပါမင်းလင်းနို့လူသား နှင့် Wonder Woman တို့၏ ပုံနှိပ်ထုတ်ဝေသော ကုမ္ပဏီ) ဖြစ်သည်။ ၂၀၀၉ ခုနှစ်တွင် ဝေါ့လ်ဒစ်စနီ ကုမ္ပဏီသည် မာဗယ်ကို အမေရိကန်ဒေါ်လာ $ ၄ ဘီလီယံဖြင့် ဝယ်ယူခဲ့သည်။

Marvel Comics
မိခင် ကုမ္ပဏီDisney Publishing Worldwide
အခြေနေActive
တည်ထောင်ခဲ့၁၉၃၉; ၈၅ နှစ် အကြာက (၁၉၃၉)
(as Timely Comics)
၁၉၄၇; ၇၇ နှစ် အကြာက (၁၉၄၇)
(as Magazine Management)
၁၉၆၁; ၆၃ နှစ် အကြာက (၁၉၆၁)
(as Marvel Comics)
တည်ထောင်သူMartin Goodman
မူလနိုင်ငံအမေရိကန်ပြည်ထောင်စု
ရုံးချုပ် တည်နေရာ135 W. 50th Street, နယူးယောက်မြို့, New York
ဖြန့်ဝေခြင်း
အရေးပါ ပုဂ္ဂိုလ်
ပုံနှိပ်ထုတ်ဝေမှု အမျိုးစားList of publications
Fiction genres
Imprintsimprint list
တရားဝင် ဝဘ်ဆိုဒ်marvel.com

မာဗယ် ကို Timely Comics အဖြစ် Martin Goodman မှ ၁၉၃၉ ခုနှစ်တွင် စတင်ခဲ့ပြီး ၁၉၅၁ ခုနှစ်တွင် Atlas Comics အဖြစ်လူသိများလာခဲ့သည်။ ကုမ္ပဏီသည် Stan Lee[၃]Jack KirbySteve Ditko[၄] နှင့် အခြားပုဂ္ဂိုလ်များစွာမှ ဖန်တီးခဲ့သည့် The Fantastic Four နှင့် အခြား စူပါဟီးရိုးဇာတ်လမ်းများစွာဖြင့် ၁၉၆၁ ခုနှစ်တွင် မာဗယ် ခေတ်ကို စတင်ခဲ့သည်။

ကုမ္ပဏီသည် ပင့်ကူလူသား ၊ Iron Man ၊ Captain America ၊ Thor၊ Doctor Strange ၊ Hulk ၊ Daredevil ၊ Wolverine ၊ Black Panther နှင့် Captain Marvel စသည့် အထင်ကရရှိပြီး ကျော်ကြားသော စူပါဟီးရိုးများစွာကို ဖန်တီးခဲ့သည်။ Avengers ၊ X-Men ၊ Fantastic Four နှင့် Guardians of the Galaxy ကဲ့သို့သော စိတ်ကူးယဉ်အဖွဲ့များသည်လည်း အလွန်ရေပန်းစားသည်။ မာဗယ်၏ လူသိအများဆုံး ဗီလိန်များမှာ Doctor Doom ၊ Magneto ၊ Ultron ၊ Thanos ၊ Kang the Conqueror ၊ Green Goblin ၊ Red Skull ၊ Galactus ၊ Loki နှင့် Kingpin တို့ဖြစ်သည်။ ၎င်း၏ ထုတ်ဝေမှုအများစုသည် မာဗယ် စိတ်ကူးယဉ် ဇာတ်လမ်း ကမ္ဘာ အတွင်းတွင် တည်ရှိပြီး၊ နေရာအများစုသည် လက်တွေ့ဘဝနေရာများကို အခြေတည်ထားသည်။ အဓိကဇာတ်ကောင်များစွာသည် နယူးယောက်မြို့တွင်အခြေစိုက်သည်။ ထို့အပြင် မာဗယ် သည် အခြားကုမ္ပဏီများထံမှ လိုင်စင်ရ ပိုင်ဆိုင်မှုများကိုလည်း ထုတ်ဝေခဲ့ပြီး ၎င်းထုတ်ဝေမှုတွင် Star Wars ရုပ်ပြပါဝင်ခဲ့သည်။

ရုံးများ

နယူးယောက်မြို့တွင် တည်ရှိသော မာဗယ်၏ ရုံးချုပ်အဖြစ် ခေတ်အဆက်ဆက်တည်ရှိခဲ့သော နေရာများမှာ အောက်ပါအတိုင်းဖြစ်သည် -

  • In the McGraw-Hill Building, where it originated as Timely Comics in 1939.
  • In suite 1401 of the Empire State Building.
  • At 635 Madison Avenue.
  • 575 Madison Avenue.
  • 387 Park Avenue South.
  • 10 East 40th Street.
  • 417 Fifth Avenue.
  • A 60,000-square-foot (5,600 m2) space at 135 W. 50th Street.

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ