မြ

မြ သည် မျက်ရွှဲ (ခေါ်) ဘယ်ရယ် အုပ်စုဝင် တွင်းထွက်ကျောက် အမျိုးအစားတစ်ခုဖြစ်သည်။ ဓာတုဗေဒဖွဲ့စည်းမှုအားဖြင့် ဘယ်ရယ်လီယံ အလူမီနီယံ ဆီလီကိတ် တွင် ခရိုမီယံဒြပ်စင် အနည်းငယ် ပါဝင်နေခြင်းဖြစ်ပြီး မာဆင့်အားဖြင့် ၇.၅ ရှိသည်။ သိပ်သည်းဆ ၂.၇၁ ရှိကြပြီး ဖန်ရောင်လက်တောက်ပမှုမျိုးရှိကြကာ ပုံဆောင်စနစ်မှာ ဆဌဂုဏ်စနစ်ဖြစ်သည်။ တွဲဖက်ပါဝင်သော ဓာတုဒြပ်စင်အမျိုးအစားကွဲပြားပေါ်မူတည်၍ ပတ္တမြားနီလာ တို့ကဲ့သို့ပင် အရောင်များပြောင်းလဲ ခြားနားသွားတတ်ကြခြင်းဖြစ်သည်။[၁]

  • အရောင်မဲ့= ဂိုရှန်နိုက်( Goeshenite)
  • အစိမ်းရောင်= မြ (Emerald)
  • အပြာဖျော့ရောင်=မြပြာ(ခေါ်)အကွာမရင်း (Aquarmarine)
  • အဝါရောင်= ဟီလီယိုဒေါ (Heliodor)
  • ပန်းရောင်= မော်ဂန်နိုက် (Morganite)
  • အနီရောင်= ဘိဇ်ဘိုက် (Bixbite)
မြ
ကိုလံဘီယာ မြ ကျောက်ရိုင်းတုံး
ယေဘုယျ
ကဏ္ဍမျက်ရွဲ မျိုးကွဲ
ဖော်မျူလာ
(repeating unit)
Be3Al2(SiO3)6
ပုံဆောင်ခဲ စနစ်Hexagonal (6/m 2/m 2/m) Space group: P6/mсc
Space group(6/m 2/m 2/m) – dihexagonal dipyramidal
Unit cella = 9.21 Å, c = 9.19 Å; Z = 2
ခွဲခြားသတ်မှတ်ခြင်း
ဖော်မျူလာ ဒြပ်ထု537.50
အရောင်Bluish green to green
Crystal habitMassive to well Crystalline
CleavageImperfect on the [0001]
FractureConchoidal
Mohs scale hardness7.5–8
LusterVitreous
StreakWhite
DiaphaneityTransparent to opaque
Specific gravityAverage 2.76
Optical propertiesUniaxial (−)
Refractive indexnω = 1.564–1.595,
nε = 1.568–1.602
Birefringenceδ = 0.0040–0.0070
ခရမ်းလွန်ရောင်ခြည် fluorescenceNone (some fracture-filling materials used to improve emerald's clarity do fluoresce, but the stone itself does not)
ကိုးကား[၁]

ကျောက်သားအနေအထား

မြ ၊ မျက်ရွှဲ အုပ်စုဝင်များ၏ ထူးခြားသော ကျောက်သားအနေအထားမှာ မာဆင့်မြင့်မားသော်လည်း အလွန်ကြွတ်ဆတ်သောကြောင့် အလွန်ပင် ကျိုးပဲ့လွယ်လွန်းခြင်းဖြစ်သည်။ ထို့အပြင် ကျောက်သားအတွင်းတွင် အခြားသော အောင်းဝင်များ များပြားစွာ ပါဝင်လေ့ရှိတတ်သောကြောင့် ကြည်လင်သော ကျောက်မျက်ရတနာတန်းဝင်သည့် ကျောက်ကောင်းများ ရှားပါးတတ်သည်။

ထွက်ရှိရာ ဒေသများ

ရတနာတန်းဝင် မြကျောက်ထွက်ရှိရာ နိုင်ငံများမှာ ကိုလံဘီယာနိုင်ငံဘရာဇီးနိုင်ငံဇင်ဘာဘွေနိုင်ငံဇမ်ဘီယာနိုင်ငံ ၊ တန်ဇင်းနီးယားနိုင်ငံ ၊ ပါကစ္စတန်နိုင်ငံရုရှားနိုင်ငံ နှင့် အိန္ဒိယနိုင်ငံ တို့ဖြစ်ကြသည်။ မြန်မာ့ ကျောက်မျက်ရတနာဈေးကွက် အတွင်းတွင် နာမည်ကျော်လူကြိုက်များသော သီတာမြ (ခေါ်) အရည်အသွေးအကောင်းဆုံးသောမြ များမှာ ကိုလံဘီယာနှင့် ဘရာဇီးနိုင်ငံများမှ အဓိက ထွက်ရှိခြင်းဖြစ်သည်။


  • မြန်မာနိုင်ငံသည် တန်ဖိုးကြီးကျောက်မျက်ရတနာများ ထွက်ရှိရာတွင် နာမည်ကျော်ကြားသောလည်း မျက်ရွှဲအုပ်စုဝင်ကျောက်များအနက် အပြာရောင် မြပြာ(ခေါ်)အကွာမရင်း သာ အများဆုံး ထွက်ရှိသည်ကို တွေ့ရပြီး အခြားသော အရောင်ရှိသည့် မျက်ရွှဲအုပ်စုဝင်ကျောက်များ လည်းအနည်းငယ်စီ ထွက်ရှိလေ့ရှိသည့်တိုင် အစိမ်းရောင် မြ မှာမူ ထွက်ရှိခြင်းမရှိကြောင်း သိရှိရသည်။

ကျမ်းကိုး

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ