သင်္ဘောဆီးဖြူပင်

Phyllanthus acidus
Fruits
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက:Plantae
Clade:Angiosperms
Clade:Eudicots
Clade:Rosids
မျိုးစဉ်:Malpighiales
မျိုးရင်း:Phyllanthaceae
မျိုးဇာတ်:Phyllantheae
မျိုးစု:Phyllanthus
မျိုးစိတ်:
P. acidus
ဒွိနာမ
Phyllanthus acidus
(L.) Skeels[၁]
Synonyms

Phyllanthus distichus Müll.Arg.
Cicca acida Merr.
Cicca disticha L.
Averrhoa acida L.

သင်္ဘောဆီးဖြူပင်သည် ဆီးဖြူမျိုးတွင်ပါဝင်၍ ယူဖော်ဗီယားစီအီး မျိုးရင်းဝင်ဖြစ်သည်။ ရုက္ခဗေဒအမည်အားဖြင့် ဖိုင်လမ်သပ်ဒစ္စတီခပ်ဟုခေါ်သည်။ မြေနိမ့်၍စိုစွတ် သောရာသီဥတုရှိသည့် ဒေသမျိုး၌ပေါက်ရောက်နိုင်သည်။ ယင်းတို့သည်အိန္ဒိယနိုင်ငံနှင့် မလ္လာယုကျွန်း ဆွယ်တို့၌မူလပေါက်ရောက်ခဲ့ရာ နောင်အခါတွင်သီဟိုဠ်ကျွန်းနှင့်မြန်မာနိုင်ငံတို့သို့ မျိုးယူစိုက်ပျိုးခဲ့သည်။ သို့သော်မြန်မာနိုင်ငံတွင် သင်္ဘောဆီးဖြူပင်တို့ကို ဆီးဖြူပင်များကဲ့သို့ပေါပေါများများမတွေ့ရချေ။ ခြံ ဥယျာဉ်များ၌ အနည်းအကျဉ်းစိုက်ပျိုးကြသည်ကိုသာတွေ့ရလေသည်။ သင်္ဘောဆီးဖြူပင်တို့သည်အပင်ငယ်များဖြစ်ကြ၍ ရွက်ကြွေပင်မျိုးတွင်ပါဝင်သည်။ ပင်စည် သည်ချောမွတ်၍ အကိုင်းအခက်များလှပဝေဆာစွာထွက်သည်။ အရွက်များသည် ရွက်လွှဲထွက်၍ အရွက် ၏ပုံသဏ္ဌာန်သည်အဖျားရှူးသော ဘဲဥပုံဆန်ဆန်ဖြစ်ပြီးလျှင်အနားညီသည်။ ပန်းပွင့်ကလေးများသည် အလွန်သေးငယ်၍နီညိုရောင်ရှိသည်။ အဖိုပွင့်အမပွင့် နှစ်မျိုးလုံးပါဝင်၍ တစ်ခါတစ်ရံလိင်စုံပါသော အပွင့်များလည်း ပါရှိတတ်ပြီးလျှင် နှစ်လက်မမှလေးလက်မအထိရှိသော ပန်းခိုင်တွင်ပြွတ်သိပ်၍ပွင့်ကြ သည်။ ရံဖန်ရံခါတွင် ပင်စည်နှင့်အကိုင်းခွကြားမှလည်း အဆုပ်လိုက် ထွက်၍ပွင့်တတ်လေသည်။

အသီးများသည် အစိမ်းနုရောင်ရှိပြီးလျှင် ပုံသဏ္ဌာန်အားဖြင့် လုံးယောင်ယောင်ဖြစ်သော်လည်း ထောင်လိုက်အမြောင်းချိုင့်ကလေးများ ခြောက်ခုမှ ရှစ်ခုအထိပါတတ်သည်။ ဆီးဖြူသီးထက်အရွယ်ငယ်သည်။ အကိုင်းများနှင့်တစ်ခါတစ်ရံပင်စည်တွင်ကပ်၍ ပြွတ်သိပ်စွာသီးတတ်သည်။ ဧပြီလတွင်တစ်ကြိမ်၊ ဩဂုတ်လတွင်တစ်ကြိမ်၊ တစ်နှစ်လျှင်နှစ်ကြိမ်သီးသည်။ အသားများသောအသီးမျိုးဖြစ်၍ အစေ့လည်းပါရှိရာ အစေ့အဆန် သည်မာကျောသည်။ အသား၏အရသာသည်ချဉ်၍ခံတွင်းရှင်းသည်များသောအားဖြင့် သင်္ဘောဆီးဖြူသီးကိုအချဉ်ထည့်၍ဖြစ်စေ၊ သနပ်လုပ်၍ဖြစ်စေ၊ စားသုံးကြသည်။ အချို့ယိုထိုး၍လည်း စားကြသည်။

မြန်မာဆေးကျမ်းများအလိုအရ သင်္ဘော ဆီးဖြူသီးခြောက်၏ဂုဏ်သည် သွေး၊ သည်းခြေနှင့် ဖြစ်သောလေ၊ သလိပ်နာကိုလည်းကောင်း၊ လျှာအာခံတွင်း သွေ့ခြောက်သော်လည်းကောင်း၊ ရေငတ်သော်လည်းကောင်း၊ သလိပ်ချွေး ငန်းခြောက်သွေ့သော်လည်းကောင်း၊ အသံပျက်သော်လည်းကောင်း၊ မျက်စိနာကိုသော်လည်းကောင်း၊ အတွင်းပူကိုသော်လည်းကောင်း ချမ်းသာစေတတ်၏ ဟုဆိုလေသည်။အိန္ဒိယဆေးကျမ်းတို့အလိုမှာမူ သင်္ဘော ဆီးဖြူအသီးသည် ချုပ်၏။ အစေ့နှင့်အမြစ်သည်ဝမ်း သက်စေတတ်၏။ အရွက်နှင့်အမြစ်တို့ကို မြွေအဆိပ်ဖြေဆေးအဖြစ်သုံးနိုင်သည်ဟုဆိုလေသည်။ သင်္ဘောဆီးဖြူပင်ကိုအစေ့ပျိုး၍စိုက်ကြရသည်။ ပျိုး၍ စိုက်သည့်အခါ တစ်ပင်နှင့်တစ်ပင်ပေ ၂ဝ ခန့်ခွာ၍ စိုက်ပျိုးသင့်ပေသည်။[၂]

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ