သမိုင်းမတင်မီခေတ်

သမိုင်းမတင်မီခေတ် ဆိုသည်မှာ သမိုင်းမှတ်တမ်းများ မရေးသား ရသေးခင် အချိန်ကာလကို ဆိုလိုသည်။ ကမ္ဘာမြေပေါ်တွင် လူသားတို့ နေထိုင်သွားလာ နေကြပြီး ဖြစ်သော်လည်း ထိုအချိန်ကာလများ အတွက် သမိုင်းမှတ်တမ်းများ မရရှိနိုင်သည့် အချိန်ကာလကို ရည်ညွှန်းခြင်း ဖြစ်သည်။ စာရေးသားခြင်း တီထွင်မှု မပြုရသေးခင် အချိန်ကာလဟုလည်း ဆိုနိုင်သည်။ ပိုမိုကျယ်ပြန့်စွာ ပြောရမည်ဆိုလျှင် လူသားများ မပေါ်ပေါက်မီ အချိန်ကာလ ကိုပါ ထည့်သွင်း ပြောဆိုရမည် ဖြစ်သည်။ ရှေးဟောင်း သုတေသနပညာရှင် ပေါလ်တိုးနယ် က ပြင်သစ်နိုင်ငံ တောင်ပိုင်းရှိ ဂူများ အတွင်း သူရှာဖွေတွေ့ရှိခဲ့သော အရာများကို ရေးသား ဖော်ပြရာတွင် ဤ အသုံးအနှုန်းကို စတင် သုံးနှုန်းခဲ့သည်။ ထို့ကြောင့် ပြင်သစ်ဘာသာ တွင် ၁၈၃၀ ခုနှစ်များမှစ၍ စာရေးသားခြင်း မပေါ်ပေါက်မီ အချိန်ကာလကို သမိုင်းမတင်မီခေတ်ဟု သုံးနှုန်းခဲ့ကြသည်။ အင်္ဂလိပ်တို့ အတွက်မူ သမိုင်းမတင်မီ ကာလ ဆိုသည့် အသုံးအနှုန်းကို ၁၈၅၁ ခုနှစ်တွင် ရှေးဟောင်းသုတေသန ပညာရှင် ဒင်နီယယ် ဝီလ်ဆင်က စတင် သုံးနှုန်းခဲ့သည်။

အင်္ဂလန်နိုင်ငံရှိ စတုန်းဟင်းချ် ကို ကျောက်ခေတ်သစ် လူသားများက လွန်ခဲ့သော နှစ်ပေါင်း ၄၅၀၀ မှ ၄၀၀၀ အတွင်း တည်ဆောက်ခဲ့ကြသည်။

သမိုင်းမတင်မီခေတ် ဆိုသည်မှာ စကြဝဠာ အစပြုသော အချိန်က စ၍ ရည်ညွှန်းခြင်း ပြုနိုင်သော်လည်း အများအားဖြင့် ကမ္ဘာပေါ်တွင် သက်ရှိများ စတင်ဖြစ်ထွန်းလာသည့် အချိန်မှစ၍ ရည်ညွှန်းလေ့ ရှိသည်။ ပို၍ တိတိကျကျ ဆိုရလျှင် လူနှင့် သဏ္ဌာန်တူသော သက်ရှိများ ပေါ်ပေါက်လာသည့် အချိန်က စ၍ ရည်ညွှန်းလေ့ရှိသည်။ လူတို့၏ သမိုင်းမတင်မီခေတ်ကို ရည်ညွှန်းရာတွင် သမိုင်းမတင်မီခေတ်နှင့် ဆိုင်သော သမိုင်းပညာရှင်များ အနေနှင့် ခေတ် ၃ ခေတ် ခွဲခြားသော စနစ်ကို အသုံးပြုလေ့ ရှိသော်လည်း လူသားမပေါ်ပေါက်မီ အချိန်ကာလ ကို လေ့လာသော ပညာရှင်များ အနေနှင့်မူ ပိုမို တိကျစွာ ခွဲခြားနိုင်သော ဘူမိဆိုင်ရာ ကျောက်လွှာများပေါ် မူတည်၍ ပြောဆိုလေ့ ရှိကြသည်။

လူတို့၏ သမိုင်းမတင်မီ ကာလကို ခေတ် ၃ ခေတ် အနေနှင့် ခွဲခြားသော အခါတွင် လက်နက်ကိရိယာ များကို ပြုလုပ်သော နည်းပညာ ပေါ်မူတည်၍ ကျောက်ခေတ်ကြေးခေတ် နှင့် သံခေတ် ဟူ၍ ခွဲခြားခေါ်ဆိုတတ်ကြသည်။

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ