အိုမီဂါ စင်တောရိ



အိုမီဂါ စင်တောရိ
The globular cluster Omega Centauri. Credit ESO
လေ့လာမှု ဒေတာ (J2000 epoch)
အဆင့်တန်းVIII[၁]
ကြယ်စုတန်းစင်တောရပ်
ညာဘက် တိမ်းစောင်းမှု13° 26′ 47.28″[၂]
နိမ့်ဆင်းမှု−47° 28′ 46.1″[၂]
အကွာအဝေး၁၅.၈ ± ၁.၁ kly (၄.၈၄ ± ၀.၃၄ kpc)[၃]
ပကတိ အရွယ်အစား (V)၃.၉[၄]
ပကတိ ဒိုင်မင်းရှင်း (V)36′.3[၅]
ရုပ်ပိုင်းဆိုင်ရာ လက္ခဏာများ
ထုထည်(4.05±0.1)×106[၆] M
အချင်းဝက်၈၆ ± ၆ ly[၇]
သတ္တုပါဝင်မှု–၁.၃၅[၈] dex
ခန့်မှန်းခြေ သက်တမ်း၁၁.၅၂ Gyr[၈]
အခြားဂုဏ်သတ္တိများNGC 5139,[၉] GCl 24,[၉] ω Centauri,[၃] Caldwell 80
အခြားကြည့်ရန် Globular cluster၊ globular clusters စာရင်း

အိုမီဂါ စင်တောရိ (ω Cen), သို့မဟုတ် NGC 5139 သည် globular cluster ဖြစ်ပြီး ကြယ်စုတန်း စင်တောရပ်တွင် တည်ရှိကာ ယင်းအား ၁၆၇၇ ခုနှစ်တွင် အက်ဒ်မော ဟာလီမှ စတီလာမဟုတ်သော အရာဝတ္ထုဟု ပထမဆုံးအကြိမ် ခွဲခြားခဲ့သည်။ အလင်းနှစ် ၁၅၈၀၀ (၄,၈၅၀ pc) ကွာဝေးပြီး နဂါးငွေ့တန်း ဂယ်လက်ဆီထဲတွင် အကြီးမားဆုံး globular cluster ဖြစ်ကာ အကျယ်အားဖြင့် အလင်းနှစ် ၁၅၀ ခန့်ရှိသည်။[၁၀] ယင်းအား ကြယ်တာရာပေါင်း ၁ဝ မီလီယံနီးပါးခန့် တည်ရှိပြီး နေထုထည်ပေါင်း ၄ မီလီယံခန့် ရှိမည်ဟု ခန့်မှန်းတွက်ချက်ထားသည်။[၁၁]

လေ့လာမှုသမိုင်း

အေဒီ ၁၅၀ တွင် ရိုမန် နက္ခတ္တပညာရှင် တော်လမီက သူ၏ Almagest စာအုပ်တွင် မြင်းနှီးကုန်းကြယ်ဟု စာရင်းပြုစုခဲ့သည်။ဆွိစ် နက္ခတ္တပညာရှင် Jean-Philippe de Cheseaux က ၁၇၄၆ ခုနှစ်တွင် အိုမီဂါ စင်တောရိအား ၂၁ ခုမြောက် နက်ဗျူလာအဖြစ်စာရင်းသွင်းခဲ့သည်။[၁၂]

ဂုဏ်သတ္တိများ

ကမ္ဘာမှ အလင်းနှစ် ၁၅၈၀၀ ကွာဝေးသော အိုမီဂါ စင်တောရိသည် သာမန်မျက်စိဖြင့်မြင်ရသော အနည်းစု globular cluster များထဲမှတစ်ခုဖြစ်သည်။ ကျေးလက်ဒေသ မှောင်နေသောနေရာမှ ကြည့်လျင် ယင်းအား လပြည့်ဝန်းကဲ့သို့ မြင်ရသည်။ ယင်းသည် ကြယ်ပေါင်း ၄ မီလီယံ ပါဝင်သော အတောက်ပဆုံး၊ အကြီးမားဆုံးနှင့်[၆] နဂါးငွေ့တန်းနှင့်ဆက်နွယ်သော အင်အားအကြီးဆုံး globular cluster ဖြစ်သည်။ နဂါးငွေ့တန်းအား လှည့်ပတ်လျက် အိုမီဂါ စင်တောရိသည် Population II ကြယ်ပေါင်း မီလီယံများစွာ တည်ရှိပြီး သက်တမ်းမှာ ၁၂ ဘီလီယံ ရှိကြလေသည်။[၁၃] အိုမီဂါ စင်တောရိ၏ အလယ်ဗဟိုတွင် ကြယ်များသည် ထူထပ်စွာတည်ရှိနေပြီး ကြယ်တစ်ခုမှတစ်ခုသို့ အလင်းနှစ် ၀.၁ စီသာလျင် ဝေးကွာကြသည်။[၁၃]


တွင်းနက်တည်ရှိမှု အထောက်အထား

အိုမီဂါ စင်တောရိ၏ အလယ်ဗဟိုနေရာ၊ အောက်ဘက်ကျသောဇယားမှ အဖြူရောင်ဖြင့်ပြထားသည်မှာ နောင်နှစ်ပေါင်း ၆၀၀ အတွင်း ကြယ်ရွေ့လျားမှုအား ကြိုတင်ခန့်မှန်းချက်ဖြစ်ပြီး အစက်ကလေးများသည် နောင်နှစ်ပေါင်း ၃၀ အတွင်းဖြစ်သည်

၂၀၀၈ ခုနှစ် လေ့လာမှုတစ်ရပ်အရ အလယ်အလတ်တန်းစား တွင်းနက်တစ်ခုသည် အိုမီဂါ စင်တောရိတွင် တည်ရှိသည်ဟု ဟာဘယ် အာကာသ တယ်လီစကုပ်၏ အချက်အလက်များအရ သိရသည်။[၁၄][၁၅][၁၆] ယင်းသည် နေထုထည်ပေါင်း ၄.၀ x ၁၀ ရှိသည်ဟုတွက်ချက်ထားသည်။[၁၄]


ကိုးကား

ပြင်ပလင့်များ

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ