၂၀၁၉

ပြက္ခဒိန်နှစ်

တမ်းပလိတ်:လများ(၂၀၁၉)

ထောင်စုနှစ်:၃ ထောင်စုနှစ်
ရာစုနှစ်များ:
ဆယ်စုနှစ်များ:
ခုနှစ်များ:

၂၀၁၉ (MMXIX) သည် ဂရီဂေါရီးယန်း ပြက္ခဒိန်တွင် အင်္ဂါနေ့မှ စတင်သော ပုံမှန်ခုနှစ်ဖြစ်ပြီး၊ ယနေ့ခေတ် (Common Era) နှင့် အေဒီ (Anno Domini) ၏ ၂၀၁၉ ကြိမ်မြောက် ခုနှစ်ဖြစ်ကာ၊ ၃ ထောင်စုနှစ်၏ ၁၉ ကြိမ်မြောက် ခုနှစ်၊ ၂၁ ရာစုနှစ်၏ ၁၉ ကြိမ်မြောက် ခုနှစ်ဖြစ်ပြီး ၂၀၁၀ ဆယ်စုနှစ်၏ ၁၀ ကြိမ်မြောက် နှင့် နောက်ဆုံးခုနှစ် ဖြစ်သည်။

ဇန်နဝါရီလ

(၅)ရက်

  • လူကြမ်းသရုပ်ဆောင် မင်းစိန် ကွယ်လွန်ခဲ့သည်။

(၂၂)ရက်

  • ပုပ္ပါးဒေသတွင် ဇာတ်လမ်းတွဲသွားရောက်ရိုက်ကူးနေသော ဟာသသရုပ်ဆောင် ကင်းကောင် သည် ဇန်နဝါရီလ (၂၂) ရက်နေ့ မနက်ပိုင်း၌ ရုတ်တရက် ချွဲကျပ်ကာ ကွယ်လွန်ခဲ့သည်။

(၃၁)ရက်

  • မြန်မာဂန္ထဝင်အဆိုတော်ကြီး ဦးမင်းနောင် သည် ၂၀၁၉ ဇန်နဝါရီ ၃၁ ရက် ညနေ ၄ နာရီ ၄၅ မိနစ်အချိန်တွင် အာရှတော်ဝင်ဆေးရုံ၌ ကွယ်လွန်သွားပြီဖြစ်သည်။ ကွယ်လွန်ချိန်တွင် အသက်(၈၉)နှစ်ရှိပြီဖြစ်သည်။

ဖေဖော်ဝါရီလ

(၁၂)ရက်(ပြည်ထောင်စုနေ့)

  • ကယားပြည်နယ်လွိုင်ကော်မြို့တွင် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တု ဖယ်ရှားပေးရေး ကရင်နီလူငယ်များမှ တောင်းဆိုဆန္ဒပြမှုပြုလုပ်နေစဉ် ရဲတပ်ဖွဲ့မှ ရာဘာကျည်များဖြင့် ပစ်ခတ်မှုကြောင့် လူ ၂၁ ဦး ဒဏ်ရာရရှိခဲ့သည်။ ဗိုလ်ချုပ်ကြေးရုပ်ထားရှိရာ လွိုင်ကော်မြို့ ကန္ဒဟေဝန်ပန်းခြံသို့ ဆန္ဒပြကရင်နီလူငယ်များချီတက်လာစဉ် ရဲတပ်ဖွဲ့မှ အတားအဆီးများချထားကာ ရာဘာကျည်များဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ ကရင်နီလူငယ်များကလည်း ရဲများ၊ရာဘာကျည်များနှင့်အတားအဆီးများကို မရမကဖယ်ရှားကာ ချီတက်ဆန္ဒပြခဲ့ကြသည်။ ဗိုလ်ချုပ်၏ ကတိကဝတ်များကို အကောင်အထည်မဖော်ဘဲ ရုပ်တုကိုသာအတင်းစိုက်ထူခဲ့၍ဟုဆိုကာ ယခုကဲ့သို့ကန့်ကွက်ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။
  • ထိုနေ့ ညနေပိုင်းတွင် လွိုင်ကော်မြို့ ဆန္ဒပြမှုဖြစ်စဉ်၌ ရဲတပ်ဖွဲ့၏လုပ်ဆောင်မှုများကို ကန့်ကွက်ရှုတ်ချသည့်အနေဖြင့် ရန်ကုန်မြို့ကျောက်တံတားမြို့နယ်ဆူးလေဘုရားလမ်းရှိ မဟာဗန္ဓုလပန်းခြံတွင် ဆန္ဒဖော်ထုတ်မှုပြုလုပ်ခဲ့ကြသည်။
🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ