နယူးယောက်မြို့

နယူးယောက်ပြည်နယ်၏ အကြီးဆုံးမြို့

နယူးယောက်စီးတီး သို့မဟုတ် နယူးယောက်ဟု ခေါ်ဆိုလေ့ ရှိကြသော နယူးယောက်မြို့သည် အမေရိကန်ပြည်ထောင်စုရှိ လူဦးရေ အများဆုံး မြို့တစ်မြို့ ဖြစ်သည်။ [၁]၂၀၁၈ ခုနှစ် ခန့်မှန်းခြေ လူဦးရေ ၈,၃၉၈,၇၄၈ ဦး ရှိပြီး[၂] ကုန်းမြေဧရိယာ ၃၀၂.၆ စတုရန်းမိုင် (၇၈၄ စတုရန်း ကီလိုမီတာ) ပေါ်တွင် နေထိုင်ကြသည်။[၃][၄] အမေရိကန်ပြည်ထောင်စုရှိ မြို့ကြီးများထဲမှ လူဦးရေ အထူထပ်ဆုံး မြို့တစ်မြို့လည်း ဖြစ်သည်။ [၅] နယူးယောက်ပြည်နယ်၏ တောင်ဘက်အစွန်ဆုံးတွင် တည်ရှိသော နယူးယောက်မြို့သည် ကမ္ဘာပေါ်တွင် မြို့ပြဧရိယာအားဖြင့် အကြီးဆုံး မက်ထရိုပိုလစ်တန်ဒေသဖြစ်သော နယူးယောက် မက်ထရိုပိုလစ်တန်ဒေသ၏ ဗဟိုအချက်အချာတွင် တည်ရှိပြီး[၆] ကမ္ဘာပေါ်တွင် လူဦးရေ အထူထပ်ဆုံး မဂ္ဂါစီးတီးမြို့တော်ကြီးများတွင် တစ်ခု အပါအဝင် ဖြစ်သည်။[၇][၈] ၂၀၁၈ ခုနှစ် မက်ထရိုပိုလစ်တန် စာရင်းအင်း ဒေသတွင် လူဦးရေ ၁၉,၉၇၉,၄၇၇ ဦး ရှိပြီး ပေါင်းစပ် မက်ထရိုပိုလစ်တန် စာရင်းအင်းဒေသတွင် လူဦးရေ ၂၂,၆၇၉,၉၄၈ ဦး ရှိသည်။[၉][၁၀] ကမ္ဘာလုံး ဆိုင်ရာ မြို့တော် တစ်ခု ဖြစ်ပြီး [၁၁] နယူးယောက်မြို့တော်အား ကမ္ဘာ၏ ယဉ်ကျေးမှုဆိုင်ရာ ၊[၁၂][၁၃][၁၄][၁၅][၁၆] ငွေကြေးဆိုင်ရာ [၁၇][၁၈] နှင့် မီဒီယာဆိုင်ရာ [၁၉][၂၀] မြို့တော် တစ်ခု အဖြစ် သတ်မှတ်ကြပြီး ကူးသန်းရောင်းဝယ်ရေး၊ [၁၈] ၊ ဖျော်ဖြေရေး၊ သုတေသန၊ နည်းပညာ၊ ပညာရေး၊ နိုင်ငံရေး၊ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း၊ အနုပညာ၊ ဖက်ရှင် နှင့် အားကစားတို့အပေါ်တွင် သိသာထင်ရှားသော ရိုက်ခတ်လွှမ်းမိုးမှု ရှိသော မြို့တစ်မြို့ ဖြစ်သည်။ မြို့တော်အတွင်း လျင်မြန်စွာ လှုပ်ရှား ပြုမှုနေကြခြင်းကြောင့် [၂၁][၂၂][၂၃] နယူးယောက်မိနစ် ဆိုသော စကား ဖြစ်ပေါ်လာခဲ့သည်။ [၂၄] ကမ္ဘာ့ ကုလသမဂ္ဂ ရုံးချုပ် တည်ရှိရာ မြို့ ဖြစ်သဖြင့် [၂၅] နယူးယောက်မြို့သည် နိုင်ငံတကာ သံတမန်ရေးရာအတွက် အရေးပါသော နေရာဌာန တစ်ခု ဖြစ်သည်။[၂၆][၂၇]

နယူးယောက်မြို့
မြို့ပြ
City of New York
ထိပ်မှစ၍ လက်ျာရစ်: မန်ဟက်တန်မြို့လယ်၊ တိုင်းမ်စကွဲယား၊ ယူနီစဖီးယား၊ဘရွတ်ကလင်တံတား ၊ မန်ဟက်တန်အောက်ပိုင်း၊ ဝမ်း ဝေါလ်ထရိတ်စင်တာ၊ စင်ထရယ်ဥယျာဉ်၊ ကုလသမဂ္ဂ ဋ္ဌာနချုပ်၊ လစ်ဘာတီ ရုပ်တု
ထိပ်မှစ၍ လက်ျာရစ်: မန်ဟက်တန်မြို့လယ်၊ တိုင်းမ်စကွဲယား၊ ယူနီစဖီးယား၊ဘရွတ်ကလင်တံတား ၊ မန်ဟက်တန်အောက်ပိုင်း၊ ဝမ်း ဝေါလ်ထရိတ်စင်တာ၊ စင်ထရယ်ဥယျာဉ်၊ ကုလသမဂ္ဂ ဋ္ဌာနချုပ်၊ လစ်ဘာတီ ရုပ်တု
နယူးယောက်မြို့၏ အလံတော်
အလံတော်
နယူးယောက်မြို့၏ တံဆိပ်တုံး
စည်းတံဆိပ်
နာမည်ပြောင်(များ):
ပန်းသီးကြီး, ဂိုသမ်,စကြဝဠာ၏ အလယ်ဗဟို, မအိပ်သောမြို့
နယူးယောက်ပြည်နယ် အတွင်း တည်နေရာ
နယူးယောက်ပြည်နယ် အတွင်း တည်နေရာ
နယူးယောက်မြို့ သည် New York တွင် တည်ရှိသည်
နယူးယောက်မြို့
နယူးယောက်မြို့
အမေရိကန်ပြည်ထောင်စု အတွင်း တည်နေရာ
ကိုဩဒိနိတ်: 40°43′N 74°0′W / 40.717°N 74.000°W / 40.717; -74.000
နိုင်ငံအမေရိကန်ပြည်ထောင်စု
ပြည်နယ်နယူးယောက်
ကောင်တီများဘရောင့်စ်
ကင်းစ်
နယူးယောက်
ကွင်းစ်
ရစ်ချ်မွန်
တည်ထောင်ခြင်း၁၆၂၄
အစိုးရ
 • အမျိုးအစားမြို့တော်ဝန် ကောင်စီ
 • မြို့တော်ဝန်အဲရစ် အေဒမ် (ဒီမိုကရက်တစ်ပါတီ)
ဧရိယာ
 • မြို့ပြ၄၆၈.၉ စတုရန်းမိုင် (၁၂၁၄.၄ စတုရန်းကီလိုမီတာ)
 • ကုန်းမြေ၃၀၄.၈ စတုရန်းမိုင် (၇၈၉.၄ စတုရန်းကီလိုမီတာ)
 • ရေထု၁၆၅.၆ စတုရန်းမိုင် (၄၂၈.၈ စတုရန်းကီလိုမီတာ)
 • မြို့ပေါ်၃၃၅၂.၆ စတုရန်းမိုင် (၈၆၈၃.၂ စတုရန်းကီလိုမီတာ)
 • မြို့ပြကြီး၆၇၂၀ စတုရန်းမိုင် (၁၇၄၀၅ စတုရန်းကီလိုမီတာ)
ပင်လယ်ရေ မျက်နှာပြင်အမြင့်၃၃ ပေ (၁၀ မီတာ)
လူဦးရေ (July 1, 2009)
 • မြို့ပြ၈၃၉၁၈၈၁
 • သိပ်သည်းမှု၂၇၅၃၂/sq mi (၁၀၆၃၀/km)
 • မြို့ပေါ်၁၈၂၂၃၅၆၇
 • မြို့ပေါ် သိပ်သည်းမှု၅၄၀၀/sq mi (၂၁၀၀/km)
 • မြို့ပြကြီး၁၉၀၀၆၇၉၈
 • မြို့ပြကြီး သိပ်သည်းမှု၂၈၀၀/sq mi (၁၁၀၀/km)
 • DemonymNew Yorker
အချိန်ဇုန်EST (UTC-5)
 • နွေရာသီ (DST)EDT (UTC-4)
ZIP codes100xx-104xx, 11004-05, 111xx-114xx, 116xx
ဧရိယာကုဒ်(များ)212, 718, 917, 347, 646
ဝက်ဘ်ဆိုဒ်www.nyc.gov

ကမ္ဘာပေါ်တွင် အကြီးဆုံးသော သဘာဝဆိပ်ကမ်း တစ်ခုပေါ်တွင် တည်ရှိသော [၂၈][၂၉] နယူးယောက်မြို့တွင် ဘားရာ ဟု ခေါ်သော ဒေသအပိုင်းအခြား ၅ ခု ပါဝင်ပြီး ထိုဒေသ ၅ ခုစလုံးသည် နယူးယောက်ပြည်နယ်၏ သီးခြား ကောင်တီတစ်ခုစီ ဖြစ်သည်။[၃၀] ထိုဘားရာ ငါးခုမှာ ဘရောင့်စ်၊ ဘရွတ်ကလင်၊ မန်ဟတ်တန်၊ ကွင်းစ် နှင့် စတေတန်အိုင်းလန်း တို့ ဖြစ်ကြပြီး ၁၈၉၈ ခုနှစ်တွင် မြို့တစ်မြို့တည်း အဖြစ် စုစည်းခဲ့သည်။[၃၁] မြို့တော် နှင့် ၎င်း၏ မက်ထရိုပိုလစ်တန် ဒေသတို့သည် အမေရိကန်ပြည်ထောင်စုသို့ တရားဝင် ဝင်ရောက်ရာ ထိပ်တန်း လူဝင်မှုကြီးကြပ်ရေးဝင်ပေါက် တစ်ခု ဖြစ်သည်။[၃၂] နယူးယောက်မြို့တွင် ဘာသာစကား ၈၀၀ ကျော်ကို ပြောဆိုလျက် ရှိကြ သဖြင့်[၃၃][၃၄][၃၅] ကမ္ဘာပေါ်တွင် ဘာသာစကားအားဖြင့် အကွဲပြားဆုံး မြို့တော်အဖြစ် တည်ရှိသည်။[၃၄][၃၆][၃၇] နယူးယောက်မြို့တော်သည် အမေရိကန်ပြည်ထောင်စု ပြင်ပတွင် မွေးဖွားသော လူ ၃.၂ သန်းကျော်တို့ နေထိုင်ရာမြို့ ဖြစ်သဖြင့်[၃၈] ကမ္ဘာပေါ်တွင် နိုင်ငံခြားတွင် မွေးဖွားသူ အများဆုံး နေထိုင်ရာ မြို့တစ်မြို့လည်း ဖြစ်သည်။[၃၉] ၂၀၁၉ ခုနှစ်တွင် နယူးယောက် မက်ထရိုပိုလစ်တန် ဒေသ၏ စုစုပေါင်း မက်ထရိုပိုလစ်တန် ဂျီဒီပီမှာ အမေရိကန် ဒေါ်လာ ၁.၉ ထရီလီယံ မျှ ရှိသည်။[၄၀] အကယ်၍ နယူးယောက်မြို့တော်သာ နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့မည် ဆိုပါက ကမ္ဘာပေါ်တွင် ဂျီဒီပီအားဖြင့် ၁၂ ခုမြောက် အမြင့်ဆုံး နိုင်ငံ တစ်ခု ဖြစ်ပေလိမ့်မည်။[၄၁] နယူးယောက်သည် ကမ္ဘာပေါ်ရှိ မြို့တော်များတွင် ဘီလီယံနာ သူဌေး အများဆုံး မြို့ဖြစ်သည်။[၄၂]

နယူးယောက်မြို့၏ မူလအစကို ခြေရာခံကြည့်မည် ဆိုပါက ၁၆၄၂တွင် ဒတ်ချ်သမ္မတနိုင်ငံမှ ကိုလိုနီသမားတို့ မန်ဟတ်တန်အောက်ပိုင်းဒေသတွင် တည်ထောင်ခဲ့သော ကုန်သွယ်ရေး စခန်းတစ်ခု ဖြစ်သည်။ ထိုနေရာအား ၁၆၂၆တွင် နယူးအမ်စတာဒမ်ဟု အမည်ပေးခဲ့သည်။ .[၄၃]၁၆၆၄ တွင် မြို့တော်နှင့် ပတ်ဝန်းကျင်ဒေသတို့ အင်္ဂလိပ်တို့၏ ထိန်းချုပ်မှု အောက်သို့ ရောက်ရှိခဲ့ပြီး[၄၃] အင်္ဂလန်ရှိ ဒုတိယမြောက် ချားလ်ဘုရင်မှ ၎င်း၏ ညီအစ်ကို တော်စပ်သူ ယောက်မြို့စားကြီး အား ပေးအပ်ရာမှ နယူးယောက်ဟု အမည် ပြောင်းလဲခဲ့သည်။[၄၄]နယူးယောက်သည် ၁၇၈၅ မှ ၁၇၉၀ အထိ အမေရိကန်ပြည်ထောင်စု၏ မြို့တော် ဖြစ်ခဲ့သည်။ [၄၅] ၁၇၉၀ ခုနှစ်မှစ၍ အမေရိကန်နိုင်ငံ၏ အကြီးဆုံးမြို့အဖြစ် တည်ရှိခဲ့သည်။[၄၆] ၁၉ ရာစုနှောင်းပိုင်း နှင့် ၂၀ ရာစု အစောပိုင်းတို့တွင် အမေရိကန်သို့ သင်္ဘောဖြင့် ရောက်ရှိလာကြသည့် သန်းပေါင်းများစွာသော ရွှေ့ပြောင်းနေထိုင်သူများအား လေဘာတီ ရုပ်တုမှ နှုတ်ခွန်းဆက်သခဲ့ပြီး။[၄၇]၎င်းသည် နိုင်ငံတကာအတွက် အမေရိကန်၏ သင်္ကေတတစ်ခု ဖြစ်ရုံသာမက လွတ်လပ်ရေးနှင့် ငြိမ်းချမ်းရေး၏ ပြယုဂ်တစ်ခုလည်း ဖြစ်သည်။ [၄၈] ၂၁ရာစုတွင် နယူးယောက်သည်တီထွင်ဆန်းသစ်မှု နှင့် စွန့်ဦးတီထွင် လုပ်ကိုင်ဆောင်ရွက်မှု၊ [၄၉]လူမှုရေးဆိုင်ရာ သည်းခံမှုနှင့် [၅၀]သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရေရှည်မျှော်ရည်ထိန်းသိမ်းနိုင်မှု[၅၁][၅၂] တကမ္ဘာလုံး၏ ဆုံချက်တစ်ခု ဖြစ်ရုံသာမက လွတ်လပ်မှု နှင့် ယဉ်ကျေးမှု ပေါင်းစုံ ကွဲပြားခြားနားနေမှု၏ ပြယုဂ်တစ်ခုလည်း ဖြစ်သည်။[၅၃]၂၀၁၉ ခုနှစ်တွင် တကမ္ဘာလုံးရှိ မြို့ကြီးပေါင်း ၄၈မြို့မှ လူပေါင်း ၃၀,၀၀၀ တို့အား စစ်တမ်းကောက်ခံရာတွင် မြို့တော်၏ ယဉ်ကျေးမှုဆိုင်ရာ ကွဲပြားခြားနားမှုများကြောင့် ကမ္ဘာပေါ်တွင် အကြီးကျယ် အခမ်းနားဆုံး မြို့အဖြစ် မဲပေး ရွေးချယ်ခြင်း ခံရသည်။[၁၂]

နယူးယောက်မြို့ရှိ ရပ်ကွက်များနှင့် အထိမ်းအမှတ်အဆောက်အဦးများကို အပြင်လူများက ကောင်းစွာ သိရှိကြကာ ၂၀၁၃ ခုနှစ် ကမ္ဘာပေါ်တွင် ကမ္ဘာလှည့်ခရီးသွား အများဆုံး သွားရောက်လည်ပတ်သော နေရာ ၁၀ ခုအနက် ၃ ခုသည် နယူးယောက်မြို့တွင် ရှိပြီး[၅၄] ၂၀၁၇ ခုနှစ်တွင် ကမ္ဘာလှည့်ခရီးသွားဦးရေ ၆၂.၈ သန်း လာရောက်လည်ပတ်ခဲ့သည်။[၅၅]အချို့သူများက နယူးယောက်အား ကမ္ဘာပေါ်တွင် ဓာတ်ပုံအများဆုံး ရိုက်ကူးရာ နေရာ အဖြစ် မှတ်တမ်းတင်ကြသည်။[၅၆] ကမ္ဘာ၏ နှလုံးသားဟု တင်စားခေါ်ဝေါ်ကြသော တိုင်းမ်စကွဲယား နှင့် [၅၇] ၎င်းနှင့် လမ်းဆုံရာတွင် ရှိသော [၅၈] မီးများ ထိန်ထိန်ညီးအောင် ထွန်းညှိထားသော ဘရော့ဒ်ဝေး ဇာတ်ရုံရပ်ကွက်[၅၉] တို့သည် ကမ္ဘာပေါ်တွင် ခြေလျင်ခရီးသွား အများပြားဆုံး လူသွားလမ်းဆုံ တစ်ခု ဖြစ်ကာ[၆၀][၆၁] ကမ္ဘာ့ဖျော်ဖြေရေး လုပ်ငန်းများ၏ အဓိက နေရာတစ်ခု ဖြစ်သည်။[၆၂] မြို့တော်၏ အထိမ်းအမှတ် အဆောက်အဦးများ၊ မိုးမျှော်တိုက်များ [၆၃] နှင့် ပန်းခြံများ၏ အမည်များကို ကမ္ဘာအနှံ့အပြားတွင် သိရှိကြသည်။ မန်ဟတ်တန်၏ အိမ်ခြံမြေဈေးသည် ကမ္ဘာပေါ်တွင် ဈေးအကြီးဆုံး ဖြစ်သည်။[၆၄][၆၅] နယူးယောက်သည် အာရှ၏ ပြင်ပတွင် တရုတ်လူမျိုးအများဆုံး နေထိုင်ရာ နေရာဖြစ်ပြီး[၆၆][၆၇] မြို့အနှံ့တွင် တရုတ်တန်းအဖြစ် နေရာအများအပြားကို ဖော်ဆောင်လျက် ရှိကြသည်။[၆၈][၆၉][၇၀] ၂၄ နာရီ ၇ ရက် ဆက်တိုက် ဝန်ဆောင်မှု ပေးနေသော[၇၁] နယူးယောက် မြေအောက်ရထားသည် ကမ္ဘာပေါ်တွင် အော်ပရေတာ တစ်ဦးတည်းမှ ဝန်ဆောင်မှု ပေးနေသော အမြန်ရထားစနစ် ဖြစ်ပြီး ဘူတာရုံပေါင်း ၄၇၂ ခု ရှိသည်။[၇၂][၇၃][၇၄]နယူးယောက်မြို့တွင် ကောလိပ်နှင့် တက္ကသိုလ်ပေါင်း ၁၂၀ ကျော် ရှိပြီး ကမ္ဘာ့တက္ကသိုလ်များ အဆင့်သတ်မှတ်ရာတွင် ထိပ်ဆုံး၌ ပါဝင်သော[၇၅][၇၆] ကိုလံဘီယာတက္ကသိုလ်၊ နယူးယောက်တက္ကသိုလ် နှင့် ရော့ခ်ဖဲလား တက္ကသိုလ်တို့ ပါဝင်သည်။ ဝေါလမ်းမှ ထိန်းချုပ်စုစည်းထားသော မန်ဟတ်တန်အောက်ပိုင်းရှိ ငွေကြေးရပ်ကွက်ကြောင့် နယူးယောက်သည် ကမ္ဘာပေါ်တွင် စီးပွားရေးအရ ဩဇာတိက္ကမ အကြီးမားဆုံး နှင့် ကမ္ဘာပေါ်ရှိ ဦးဆောင်ဦးရွက် ငွေကြေးဌာန အဖြစ် ခေါ်ဝေါ်ကြကာ[၁၈][၇၇][၇၈][၇၉] ကမ္ဘာပေါ်တွင် စုစုပေါင်း ဈေးကွက်ဝေစုအရ အကြီးဆုံးဖြစ်သော စတော့ခ်အိတ်ချိန်း နှစ်ခု ဖြစ်သည့် နယူးယောက် စတော့ခ် အိတ်ချိန်း နှင့် နတ်ဇ်ဒတ်ဇ် စတော့ခ်အိတ်ချိန်း တို့ သည်လည်း နယူးယောက်မြို့တွင် ရှိသည်။[၈၀][၈၁]

သမိုင်းကြောင်း

ပထဝီဝင်

လူဦးရေ ပျံ့နှံ့နေထိုင်မှု

==စီးပွားရေး==

ပညာရေး နှင့် ပညာရပ်ဆိုင်ရာ လုပ်ဆောင်ချက်များ

လူ့စွမ်းအား အရင်းအမြစ်

ယဉ်ကျေးမှုနှင့် ခေတ်ပြိုင် လူနေထိုင်မှုဘဝ

သယ်ယူပို့ဆောင်ရေး

သဘာဝပတ်ဝန်းကျင်

အစိုးရ နှင့် နိုင်ငံရေး

မှတ်သားလောက်စရာ ပြည်သူများ

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ