မာတိကာသို့ ခုန်သွားရန်

ပလေးစတေရှင် ၄

ဝီကီပီးဒီးယား မှ
ပလေးစတေရှင် ၄
PlayStation 4
ပလေးစတေရှင် ၄ ဂိမ်းစက်နှင့် DualShock 4 အမျိုးအစား လက်ကိုင်ခလုတ်
အခြားအမည်ပီအက်စ်ဖိုး၊ ပီဖိုး
ဖန်တီးသူဆိုနီ ကွန်ပျူတာ ဖျော်ဖြေရေး (Sony Computer Entertainment)
ထုတ်လုပ်သူဆိုနီ,[၁] Foxconn[၂]
ပစ္စည်းအုပ်စုပလေးစတေရှင်
ပစ္စည်းအမျိုးအစားအိမ်သုံးဗီဒီယိုဂိမ်းစက်
မျိုးဆက်အဋ္ဌမမြောက် ဂိမ်းစက်မျိုးဆက်
ဖြန့်ချီသည့်နေ့NA 15 November 2013[၃]

EU 29 November 2013[၃]

JPN 22 February 2014[၄]
စတင်ရောင်းချသည့်စျေးနှုန်းအမေရိကန်ဒေါ်လာ ၃၉၉.၉၉၊ ယူရို ၃၉၉.၉၉၊ ပေါင် ၃၉၉.၉၉
ရောင်းရသောအရေအတွက်၁၃.၅ သန်း (၃၀ စက်တင်ဘာ ၂၀၁၄ အထိ)[၅][၆][၇][၈]
မီဒီယာBlu-ray Disc, Blu-ray Disc Dual Layer DVD
စက်မောင်းစနစ်PlayStation 4 system software
စီပီယူSemi-custom 8-core AMD x86-64 Jaguar CPU (integrated into APU)[၉]
Secondary low power processor (for background tasks)[၁၀]
မှတ်ဉာဏ်8 GB GDDR5 (unified)
256 MB DDR3 RAM (for background tasks)[၁၀]
သိုလှောင်နိုင်မှုစွမ်းအား500GB hard drive(အသုံးပြုသူမှ အဆင့်မြှင့်နိုင်၊ SSD အားထောက်ပံ့ပေးသည်)
ပြသပေးနိုင်မှုHDMI (480p, 720p, 1080i, 1080p, and 4K for pictures and videos only)[၁၁][၁၂]
ဂရပ်ဖစ်အမျိုးအစားSemi-custom AMD GCN Radeon (integrated into APU)
Controller inputDualShock 4, PlayStation Move, PlayStation Vita
ကင်မရာပလေးစတေရှင် ကင်မရာ
ဆက်သွယ်နိုင်မှု802.11 b/g/n Wireless, Bluetooth 2.1, USB 3.0, Ethernet 10/100/1000
အွန်လိုင်းဝန်ဆောင်မှုPlayStation Network
အရောင်းရဆုံးဗွီဒီယိုဂိမ်းKillzone Shadow Fall: ၂.၁ သန်းကျော် ရောင်းချရပြီး(၂၉ ဇန်နဝါရီ ၂၀၁၄ အထိ)[၁၃]
နောက်ကြောင်းပြန်
လိုက်လျောညီထွေဖြစ်မှု
No native support
PlayStation Now cloud support planned
ယခင်အမျိုးအစားပလေးစတေရှင် ၃
ဝက်ဘ်ဆိုဒ်playstation.com/ps4/

ပလေးစတေရှင် ၄ (PlayStation 4, တရားဝင်အတိုကောက် PS4) သည် ဆိုနီ ကွန်ပျူတာ ဖျော်ဖြေရေး (Sony Computer Entertainment)မှ ထုတ်လုပ်ဖြန့်ချိသော အိမ်သုံးဗီဒီယိုဂိမ်းစက် အမျိုးအစား ဂိမ်းစက်တစ်ခုဖြစ်သည်။ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပလေးစတေရှင် ၃၏ နောက်ထွက်မျိုးဆက် အဖြစ် ကြေညာခဲ့ပြီး ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၁၅ ရက်နေ့တွင် မြောက်အမေရိကဈေးကွက်တွင် လည်းကောင်း၊ ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၂၉ ရက်နေ့တွင် ဥရောပနှင့် ဩစတြေးလျ ဈေးကွက်တွင်လည်းကောင်း စတင်ရောင်းချခဲ့သည်။[၁၄][၁၅] အဋ္ဌမမြောက် ဂိမ်းစက်မျိုးဆက်ဝင်အဖြစ် နစ်တန်းဒိုး၏ ဒဗလျူတူး ယူ (Wii U)နှင့် မိုက်ခရိုဆော့ဖ်၏ အိပ်စ်ဘောက်စ် ဝမ်း (Xbox One)တို့နှင့် ခေတ်ပြိုင်ဖြစ်ခဲ့သည်။

ပလေးစတေရှင် ၄ ဂိမ်းစက်သည် AMD x86-64 Accelerated Processing Unit ကိုအသုံးပြုထားကာ ဂိမ်းရေးဆွဲဖန်တီးသူများအား ဆွဲဆောင်ထားသည်။ ဆိုနီမှ ပလေးစတေရှင် ၄ ဂိမ်းစက်အား "ကမ္ဘာ့စွမ်းအားအမြင့်ဆုံးဂိမ်းစက်" အဖြစ် တင်စားခေါ်ဝေါ်ခဲ့သည်။[၁၆] များစွာသော ဂိမ်းဖန်တီးသူတို့က အိပ်စ်ဘောက်စ်ဝမ်းနှင့် ပီအက်စ်ဖိုး တို့၏စွမ်းဆောင်မှုသည် သိသိသာသာကွာခြားသည်ဟု ဆိုကြောင်း ဆိုနီမှ Edge မဂ္ဂဇင်းသို့ ပြောကြားခဲ့သည်။[၁၇]

၂၀၁၄ ဘဏ္ဍာရေးနှစ်အတွင်း ပလေးစတေရှင် ၄ ဂိမ်းစက်ရောင်းချရမှုက ဆိုနီကုမ္ပဏီကို ထိပ်တန်းစာရင်းဝင်ဖြစ်စေခဲ့သည်။[၁၈]

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ