ဘင်ရောင်း ရမ်ဂျီ အမ်ဘီကယ်

ဘင်ရောင်း ရမ်ဂျီ အမ်ဘီကယ် (အင်္ဂလိပ်: Bhimrao Ramji Ambedkar) (၁၈၉၁ ဧပြီ ၁၄ - ၁၉၅၆ ဒီဇင်ဘာ ၆ ) ကို Dr. Babasaheb Ambedkar ဟုလည်း လူသိများသည်။ အိန္ဒိယနိုင်ငံရေးသမား၊ ဥပဒေပညာရှင်၊ စီးပွားရေးပညာရှင်၊ နိုင်ငံရေးသမား တစ်ဦးဖြစ်ပြီး သူသည် "ဒလစ် ဗုဒ္ဓဘာသာလှုပ်ရှားမှု" ကို စေ့ဆော်လှုံ့ဆော်ပေးခဲ့၍ ဒလစ် (Dalits) ဟုခေါ်သော အိန္ဒိယတွင် ဇာတ်အနိမ့်ဆုံး (အမျိုးဇာတ်လေးခုထဲ၌မပါဝင်ဘဲ ခေတ်သစ်သဘော ပဉ္စမမြောက်ဇာတ်နိမ့်) သူများကို ခွဲခြားဆက်ဆံခြင်းကို ဆန့်ကျင်သည့်လှုပ်ရှားမှု လုပ်ဆောင်ခဲ့သူတစ်ဦးဖြစ်သည်။ အမျိုးသမီးများနှင့်အလုပ်သမားများ၏ အခွင့်အရေးများကို ထောက်ပံ့ပေးခဲ့သည်။ သူသည်လွတ်လပ်သောအိန္ဒိယ၏ ပထမဆုံး ဥပဒေနှင့် တရားစီရင်ရေး ဝန်ကြီး၊ အိန္ဒိယဖွဲ့စည်းပုံအခြေခံဥပဒေ၏ အဓိက ဗိသုကာပုဂ္ဂိုလ် တစ်ဦးလည်း ဖြစ်သည်။[၁][၂][၃][၄][၅][၆][၇]

စီးပွားရေးဘာသာရပ်ဖြင့် ပါရဂူဘွဲ့များကို ကိုလံဘီယာတက္ကသိုလ်နှင့် လန်ဒန်တက္ကသိုလ်တို့မှ ရှိခဲ့သည်။ ၁၉၅၆ တွင် ဗုဒ္ဓဘာသာသို့ ကူးပြောင်းလာကာ ဒလစ်ဟုခေါ်သောသူများစွာကိုလည်း ဘာသာကူးပြောင်းစေရန် စတင်ဆောင်ရွက်ခဲ့သည်။[၈]

"ဗုဒ္ဓနှင့် သူ၏ဓမ္မ" စာအုပ်သည် ဗုဒ္ဓ၏ ဘဝနှင့် ဗုဒ္ဓဘာသာအကြောင်း ရေးသားထားသည့် ကျမ်စာတစ်ခု ဖြစ်သည်။ အိန္ဒိယနိုင်ငံ၏ နိုင်ငံရေးသမားနှင့် ပညာရှင် B. R. Ambedkar ၏ နောက်ဆုံးလက်ရာတစ်ခု ဖြစ်၏ ။

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ