ရနေး ဒေးကာ့

ရနေး ဒေးကာ့ (အင်္ဂလိပ်: René Descartes /ˈdˌkɑːrt/[၄] ပြင်သစ်: [ʁəne dekaʁt](1596-03-31)မတ် ၃၁၊ ၁၅၉၆ - ဖေဖော်ဝါရီ ၁၁၊ ၁၆၅၀(1650-02-11)) သည် ပြင်သစ်လူမျိုး အတွေးအခေါ် နှင့် သင်္ချာပညာရှင် တစ်ဦးဖြစ်သည်။ ဒေးကားဟာ ခေတ်သစ်အတွေးအခေါ်ပညာများနဲ့ algebraic geometry တို့ရဲ့ founder အဖြစ်အများက သတ်မှတ်ခြင်းခံရသူလည်း ဖြစ်ပါတယ်။ ဒေးကားအသက် (၁၃) နှစ်အရွယ်မှာ ကျန်းမားရေးမကောင်းမွန်မှုကြောင့် ပြင်သစ်စစ်တပ်မှကွပ်ကဲတဲ့ စစ်ဘက်ကျောင်းမှာ တက်ရောက်ခဲ့ရပြီး သင်္ချာနဲ့ ရူပဗေဒ ဘာသာရပ်တို့ကို စိတ်ဝင် စားလာခဲ့ပါတယ်။ ဒေးကားဟာ (၂၃) နှစ်အရွယ်မှာ “Rule for the Direction of the Mind” ဆိုတဲ့ စာစောင်ကို ရေးသားနိူင်ခဲ့ပါတယ်။ ၎င်းဟာ သိပ္ပံပညာပိုင်းနဲ့ အတွေးအခေါ်ပိုင်းအတွက် သင့်တော်တဲ့နည်လမ်းအဖြစ် သတ်မှတ် ခြင်းလည်း ခံရပါတယ်။ ၁၆၃၇ ခုနှစ်မှာတော့ သူ့ရဲ့ထင်ရှားလှတဲ့ “Discourse on the Method” ဆိုတဲ့ စာစောင်ကို ရေးသားခဲ့ပြန်ပါတယ်။ ၎င်းစာစောင်ဟာ ဆင်ခြင်တုံတရားကို မှန်ကန်စွာ စီမံခန့်ခွဲခြင်းနှင့် သိပ္ပံဘာသာရပ်များတွင် အမှန်တရားရှာဖွေခြင်းဆိုင်ရာ နည်းလမ်းအပေါ် အကျယ်တဝင့်ဆွေးနွေးဖော်ပြချက်များပဲ ဖြစ်ပါတယ်။ ၎င်း စာစောင်ထဲမှ အထင်ရှားဆုံးသော စကားလုံးကတော့ “Cogito ergo sum – I think therefore I am” ဆိုတဲ့ စကား စုလေးပဲ ဖြစ်ပါတယ်။ ဒီစကားစုလေးရဲ့မြန်မာလိုအဓိပ္ပါယ်ကတော့ လူတစ်ယောက်ယောက်ကတွေးနေတယ်ဆိုရင် အဲ့လူတစ်ယောက်ယောက်ဟာ တစ်နေရာရာတည်ရှိကို တည်ရှိနေရမှာဖြစ်ပါတယ်။ ဒါကြောင့် “ ငါတွေးတယ် ဒါ့ကြောင့် ငါရှိတယ်” ဆိုတာ ပြောနိူင်တာပဲ ဖြစ်ပါတယ်။ Principles of Philosophy ၊ Meditations on First Philosophy ဆိုတဲ့ စာအုပ်တွေပဲဖြစ်ပြီး သဘာဝတရားရဲ့နိယာမများ နဲ့ ရူပဗေဒနိယာမများအကြောင်း ရှုမြင်ချက် များပဲ ဖြစ်ပါတယ်။ ရနေး ဒေးကားဟာ Philosophy ရဲ့ ဖခင်ကြီလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ လက်ရှိတိုင် အသုံးပြုနေရတဲ့ ဒေးကားရဲ့ လုပ်ဆောင်ချက်တစ်ခုကတော့ rectangular coordinate လို့ခေါ်တဲ့ Cartesian coordinate လည်း ဖြစ်ပါတယ်။ သူ့ရဲ့အမည် Descartes ကို ဂုဏ်ပြုပြီးမှည့်ခေါ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ ဒေးကားဟာ အမြဲတွေးခေါ်နေတတ်သူတစ်ဦးဖြစ်ပြီး အိပ်ယာပေါ်လှဲရင်း တွေးခေါ်နေရာမှ နံရံပေါ်လျောက်သွားနေတဲ့ ယင်ကောင်တစ်ကောင်ကိုမြင်ပြီး ယင်ကောင်ရဲ့တည်နေရာအတိအကျကို အခြားသူအားပြန်ပြောနိူင်ရန် ကြိုးစားရာမှ Cartesian coordinate ကို ဖော်ထုတ်နိူင်ခဲ့တာလည်း ဖြစ်ပါတယ်။ Cartesian coordinate ပေါ်လာ တဲ့အခါမှာ တသီးတခြားစီရှိနေတဲ့ geometry နဲ့ algebra ကို ပေါင်းကူးတံတားထိုးနိူင်ခဲ့တော့တာပဲ ဖြစ်ပါတယ်။

ရနေး ဒေးကား
ဖရန် ဟော (Frans Hals)ဟန် ပုံတူ၊ ၁၆၄၈[၁]
မွေးဖွား(1596-03-31)မတ် ၃၁၊ ၁၅၉၆
လဟေးယွန်တုရိန် (La Haye en Touraine)ပြင်သစ်ဘုရင့်နိုင်ငံတော်
ကွယ်လွန်ဖေဖော်ဝါရီ ၁၁၊ ၁၆၅၀(1650-02-11) (အသက် ၅၃)
စတော့ဟုမ်း (Stockholm) ဆွီဒင်အင်ပိုင်ယာ
နိုင်ငံလူမျိုးပြင်သစ်
ခေတ်၁၇ ရာစု ဒဿနိကဗေဒ
ဒေသအနောက်တိုင်း ဒဿနိကဗေဒ
ဖီလိုဆိုဖီဂိုဏ်း/ကျောင်း (school)ကာတေးရှန်းဝါဒ (Cartesianism) (စတင်ထူထောင်သူ)၊ ရာရှင်နယ်ဝါဒ (rationalism)ပန္နက်ခိုင်ဝါဒ (foundationalism)
အဓိက စိတ်ဝင်စားရာ
တက္ကိကဗေဒ (metaphysics)အက်ပီစတမ်မိုလော်ဂျီ (epistemology)သင်္ချာ
မှတ်သားလောက်သည့် အတွေးအကြံ
Cogito ergo sum [မှတ်စု ၁]စနစ်တကျ သံသယ (methodic doubt)ထောင့်မှန်ကျလိုင်းများ ရှာနည်း (method of normals)ကာတေးရှန်း ကိုဩဒိနိတ်စနစ် (Cartesian coordinate system)ကာတေးရှန်း ရုပ်နာမ်နှစ်ဖြာဝါဒ (Cartesian dualism)၊ ဘုရား (God) ရှိကြောင်း ဖြစ်တည်မှုဆိုင်ရာ အဆို (ontological argument)mathesis universalis [မှတ်စု ၂]ဒေးကာ့၏ ပန်းထုံး (folium of Descartes)
လက်မှတ်

မှတ်စု

အညွှန်း

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ