အက်ဒ်ဝါ့ဒ် ဆနိုဒန်

အမေရိကန် သတင်းပေးနှင့် အမျိုးသားလုံခြုံရေးအေဂျင်စီ ကန်ထရိုက်တာဟောင်း

အက်ဒ်ဝါ့ဒ် ဂျိုးဇက် ဆနိုဒန် (အင်္ဂလိပ်: Edward Joseph Snowden) (၁၉၈၃ ဇွန် ၂၁ ဖွား) သည် အမေရိကန်လူမျိုး ကြေးစား ကွန်ပျူတာပညာရှင်၊ စီအိုင်အေ ဝန်ထမ်းဟောင်းတစ်ယောက်ဖြစ်ပြီး အမေရိကန်အစိုးရ၏ အမျိုးသား လုံခြုံရေး အေဂျင်စီ (NSA) မှ ကန့်သတ်သတင်းအချက်အလက်များကို ၂၀၁၃ ခုနှစ်တွင် ခွင့်ပြုချက်မရှိဘဲ ဖော်ထုတ်ခဲ့သူဖြစ်သည်။ ၂၀၁၃ ခုနှစ်တွင် ဆနိုဒန်အား NSA မှ အလုပ်ခန့်ခဲ့သည်။ ယင်းမတိုင်ခင်က သူသည် Dell နှင့် CIA တွင် အလုပ်ဝင်ရောက်နေသူဖြစ်သည်။[၁] ၂၀၁၃ မေလ ၃၀ တွင် ဆနိုဒန်သည် ဟာဝိုင်အီရှိ NSA ရုံးခန်းမှ စွန့်ခွာလာခဲ့ပြီး ဟောင်ကောင်သို့ ပြေးခဲ့သည်။ ဇွန်လအစောပိုင်းတွင် ထောင်ချီသော ကန့်သတ်စာရွက်စာတမ်းများကို ဂျာနယ်လစ်များဆီသို့ ပေးအပ်ခဲ့သည်။ ဆနိုဒန်အကြောင်း ရေးသားသည့် ဝါရှင်တန်ပို့စ်၊ ဂါဒီယန်း၊ နယူးယောက်တိုင်းမ်တို့တွင် ပေါ်လာသောအခါ နိုင်ငံတကာ၏ အာရုံပြုခြင်းခံခဲ့ရလေသည်။ ဇွန်လ ၂၁၊ ၂၀၁၃ ခုနှစ်တွင် အမေရိကန် တရားစီရင်ရေးဌာနမှ ၁၉၁၇ သူလျှိုမှု အက်ဥပဒေနှင့် အစိုးရပိုင်ပစ္စည်းကို ခိုးယူမှုဖြင့် တရားစွဲဆိုခဲ့သည်။[၂] ထို့နောက် အမေရိကန်နိုင်ငံမှ စနိုဒန်၏ နိုင်ငံကူးလက်မှတ်ကို ရုပ်သိမ်းခဲ့သည်။[၃] ၂ ရက်ကြာသော် သူသည် ရုရှားနိုင်ငံ၊ မော်စကိုမြို့ Sheremetyevo နိုင်ငံတကာလေဆိပ်သို့ ပြေးလာခဲ့သည်။ သို့သော် ရုရှားအာဏာပိုင်များက အမေရိကန်မှ ဆနိုဒန်အား လေဆိပ်သို့ဆိပ်ရောက်ခြင်းကို တစ်လကျော်ကြာပိတ်ပင်ထားသည်ကို တွေ့ရှိခဲ့သည်။ ရုရှားဘက်ကမှ ဆနိုဒန်အား နိုင်ငံခိုလှုံခွင့် ၁ နှစ်တိတိ ပေးအပ်ခဲ့ပြီး ၂၀၂၀ ခုနှစ်ထိ သက်တမ်း ထပ်တိုးပေးခဲ့သည်။ ၂၀၁၆ အစောပိုင်းတွင် သူသည် အစိုးရ၏ စောင့်ကြည့်ရေးစနစ်ကို ဟတ်ကင်းလုပ်ဆောင်သည့် ဂျာနယ်လစ်များအား ကာကွယ်ပေးသောအဖွဲ့အစည်း Freedom of the Press Foundation ၏ ဥက္ကဋ္ဌဖြစ်လာခဲ့သည်။[၄] ၂၀၁၇ ခုနှစ်အရ သူသည် မော်စကိုမြို့ရှိ ထုတ်ဖော်မပြသောအရပ်တွင် နေထိုင်လျက်ရှိခဲ့သည်။[၅] အငြင်းအခုံဖြစ်မှုတစ်ခုမှာ ဆနိုဒန်အား သူရဲကောင်း၊ သစ္စာဖောက်၊ မျိုးချစ်အစရှိသည်ဖြင့် ခေါ်ဝေါ်ကြလျက်ရှိသည်။ သူ၏ဖော်ထုတ်မှုသည် အမျိုးသား လုံခြုံရေးနှင့် သတင်းအချက်အလက် လုံခြုံရေးတို့ကြား အငြင်းအခုံကို မီးလောင်ရာလေပင့် ဖြစ်စေခဲ့သည်။

Edward Snowden
၂၀၁၃ ခုနှစ်ရှိ ဆနိုဒန်
မွေးဖွားEdward Joseph Snowden
(1983-06-21) ဇွန် ၂၁၊ ၁၉၈၃ (အသက် ၄၀)
Elizabeth City, North Carolina, U.S.
ဌာနေမော်စကိုမြို့၊ ရုရှား။ (ယာယီ ခိုလှုံခွင့်)
နိုင်ငံလူမျိုးအမေရိကန်
အလုပ်အကိုင်ကွန်ပျူတာ လုံခြုံရေးအကြံပေး
အလုပ်ရှင်Booz Allen Hamilton
Kunia Camp, Hawaii, U.S.
(until June 10, 2013)
ကျော်ကြားမှုအရင်းခံအမေရိကန်အစိုးရ၏ လေ့လာစောင့်ကြည့်ရေးအစီစဉ်အား အသေးစိတ် ဖော်ထုတ်မှု
လက်မှတ်

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ