အမြန်ပြင် အစားအစာ

အချိန်အနည်းငယ်အတွင်း ပြင်ဆင်တည့်ခင်းသော အစားအစာ

အမြန်ပြင် အစားအစာ (အင်္ဂလိပ်: fast food) ဆိုသည်မှာ လျင်မြန်စွာ ပြင်ဆင်သုံးဆောင်နိုင်ပြီး ပမာဏအများအပြား ထုတ်လုပ်ထားသော အစားအစာ ဖြစ်သည်။ အခြားအစားအစာများနှိုင်းယှဉ်လျှင် ယင်းအစားအစာတွင် အာဟာရတန်ဖိုး နည်းပါးစွာ ပါဝင်လေ့ရှိသည်။ အချိန်အနည်းငယ်အတွင်း ပြင်ဆင်နိုင်သော မည်သည့်အစားအစာကိုမဆို အမြန်ပြင် အစားအစာဟု သတ်မှတ်ကြသော်လည်း စားသောက်ဆိုင်တစ်ခု သို့မဟုတ် စတိုးဆိုင်တစ်ခုခုမှ ကြိုတင်အပူပေးထားသော သို့မဟုတ် ကြိုတင်ချက်ပြုတ်ထားသော ပါဝင်ပစ္စည်းများဖြင့် ရောင်းချပြီး ဝယ်ယူသူမှ ထုတ်ပိုးရယူနိုင်သော အစားအစာများကိုသာ ဤအသုံးအနှုန်းဖြင့် ရည်ညွှန်းလေ့ရှိသည်။

ယူအေအီးရှိ အမြန်ပြင် အစားအစာ စားသောက်ဆိုင်များဖြစ်သော McDonald's, Kentucky Fried Chicken, နှင့် Pizza Hut ဆိုင်များ

အမြန်ပြင် အစားအစာများကို ၁၈၆၀ ဆယ်စုနှစ်များက ဗြိတိန်တွင် ငါးနှင့် အာလူးကြော်ဆိုင်များအနေဖြင့် စတင်ခဲ့သည်။ Drive-through စားသောက်ဆိုင်များသည် အမေရိကန်ပြည်ထောင်စုတွင် ၁၉၅၀ ဆယ်စုနှစ်များတွင် စတင်ကျော်ကြားလာခဲ့သည်။ "fast food" ဝေါဟာရကို ၁၉၅၁ ခုနှစ်တွင် Merriam–Webster အဘိဓာန်မှ အသိအမှတ်ပြု ဖော်ပြခဲ့သည်။[ကိုးကားချက်လိုသည်]

အမျိုးသား ကျန်းမာရေးသိပ္ပံ (National Institutes of Health) ၏ အဆိုအရ အမြန်ပြင် အစားအစာများသည် အိမ်ချက်ဟင်းလျာများနှင့်စာလျှင် အမြန်ရွေးချယ်စရာနည်းလမ်း ဖြစ်သည်။ ယင်းတို့တွင် ပြည့်ဝ အဆီ၊ သကြား၊ ဆားနှင့် ကယ်လိုရီများ မြင့်မားစွာ ပါဝင်သည်။[၁] အမြန်ပြင် အစားအစာများကို များပြားစွာ စားသုံးခြင်းသည် အူမကြီးကင်ဆာ၊ အဝလွန်ခြင်းနှင့် ကိုလက်စထရောတက်ခြင်းတို့နှင့် ဆက်စပ်နေသည်။[၂][၃][၄][၅]

ကိုးကား

ပြင်ပလင့်ခ်များ

  • ဝစ်ရှင်နရီရှိ fast food အကြောင်း အဓိပ္ပာယ်ဖွင့်ဆိုချက်
🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ