အိုလံပတ်တောင်

အင်္ဂါဂြိုဟ်ရှိ မီးတောင်ကြီး

အိုလံပတ်တောင် သည် အင်္ဂါဂြိုဟ်ရှိ အလွန်ကြီးမားသော မီးတောင်ဖြစ်သည်။ တစ်ခါတိုင်းတာချက်အရ ယင်း၏အမြင့်သည် ၂၅ ကီလိုမီတာ (၁၃.၆ မိုင်) ရှိခဲ့သည်။[၄] အိုလံပတ်တောင်သည် ဧဝရတ်တောင်၏ ပင်လယ်ရေမျက်နှာပြင်အမြင့် ၂ ဆခွဲရှိလေသည်။ ယင်းသည် နေအဖွဲ့အစည်းတွင် အကြီးဆုံး မီးတောင်နှင့် အရှည်ဆုံးတောင်တစ်ခုလည်း ဖြစ်သည်။ အင်္ဂါဂြိုဟ်ပေါ်ရှိ မီးတောင်ကြီးများထဲတွင် သက်တမ်းအနုဆုံးဖြစ်ပြီး ၁၉ ရာစုနှောင်းပိုင်း နက္ခတ္တပညာရှင်များကြားတွင် သိရှိခဲ့သည်။ အာကာသယာဉ်များမှ အတည်ပြုချက် မရရှိသေးခင်ကတည်းက ယင်းအား တောင်တစ်ခုဟု သံသယဝင်ခြင်း ခံခဲ့ရသည်။[၅] မီးတောင်သည် အင်္ဂါဂြိုဟ်၏ အနောက်ဘက်ခြမ်း 18°39′N 226°12′E / 18.65°N 226.2°E / 18.65; 226.2 အနီးတွင် တည်ရှိပြီး Karzok crater နှင့် Pangboche crater ဟူ၍ မီးတောင်ပေါက်ဝ ၂ ခု တည်ရှိသည်။[၆] မီးတောင်ပေါက်ဝများသည် အင်္ဂါဂြိုဟ်၏ ဥက္ကာခဲများ ပေါကြွယ်ဝသည့် ရင်းမြစ်များ ဖြစ်ကြသည်။[၇]

Olympus Mons
အိုလံပတ်တောင်အား ဗိုက်ကင်း ၁ အာကာသယာဉ်မှ မြင်ရပုံ
ကိုဩဒိနိတ်18°39′N 226°12′E / 18.65°N 226.2°E / 18.65; 226.2 226°12′E / 18.65°N 226.2°E / 18.65; 226.2[၁]
ဒိုင်မင်းရှင်းများနေအဖွဲ့အစည်းရှိ အရှည်ဆုံးတောင်
အမြင့်ဆုံး၂၁,၂၈၇.၄ m (၆၉,၈၄၁ ft) above datum[၂]
၂၆ km (၈၅,၀၀၀ ft) local relief
၂၆ km (၈၅,၀၀၀ ft) above plains[၃]
ရှာဖွေတွေ့ရှိသူမရီနာ ၉
EponymLatin – Mount Olympus

ဖော်ပြချက်

ပြင်သစ်နိုင်ငံနှင့် အိုလံပတ်တောင်အား ဒေါင်လိုက်နှိုင်းယှဉ်ထားပုံ
Vertical comparison of Olympus Mons with Mount Everest (shown sea-level-to-peak) and Mauna Kea on Earth (measurement is sea-level to peak, not base to peak).

မီးတောင်တစ်ခုအနေဖြင့် အိုလံပတ်တောင်သည် ဟာဝိုင်အီကျွန်းပုံစံကဲ့သို့ တည်ရှိသည်။ အကျယ်အားဖြင့် ၆၀၀ ကီလိုမီတာခန့်ရှိပြီး[၈] ဧရိယာသည် စတုရန်းကီလိုမီတာ ၃၀၀,၀၀၀ ခန့်ရှိလေသည်။[၉] ယင်းသည် အီတလီနိုင်ငံ အရွယ်အစားနီးပါးခန့်ဖြစ်သည်။ ကမ္ဘာမြေနှင့်မတူဘဲ အင်္ဂါဂြိုဟ်၏ ကျောက်လွှာများသည် တည်ငြိမ်နေသောကြောင့် မီးတောင်မှထွက်လာသော ချော်ရည်များသည် အင်မတန်မြင့်မားလာသည်အထိ ထွက်လာနိုင်ပေသည်။[၁၀] အိုလံပတ်တောင်၏ အရွယ်အစားနှင့် တိမ်သော ကုန်းစောင်းများကြောင့် လေ့လာသူတစ်ဦးသည် အဝေးတစ်နေရာမှပင် မီးတောင်တစ်ခုလုံးကို ခြုံငုံကြည့်နိုင်မည်မဟုတ်ပေ။ ဂြိုဟ်၏ ကွေးကောက်မှုနှင့် မီးတောင်ကိုယ်တိုင်က ယင်းကဲ့သို့သော မြင်ကွင်းကို တားဆီးမည်ဖြစ်သည်။[၁၁] အလားတူစွာ လေ့လာသူတစ်ဦးသည် တောင်ထိပ်သို့ မတ်တပ်ရပ်နေသော်လည်း သတိပြုနိုင်မည် မဟုတ်ပေ။ မီးတောင်၏ ကုန်းစောင်းများက မိုးကုတ်စက်ဝိုင်းအလွန်သို့ (၃ ကီလိုမီတာ အကွာခန့်) ရောက်ရှိနေပေလိမ့်မည်။[၁၂] အိုလံပတ်တောင်ထိပ်ရှိ ပျမ်းမျှလေထုဖိအားမှာ ၇၂ pascal ရှိပြီး အင်္ဂါဂြိုဟ်မျက်နှာပြင်တစ်ခုလုံး ပျမ်းမျှလေထုဖိအားဖြစ်သော ၆၀၀ pascal ၏ ၁၂ ရာခိုင်နှုန်းဖြစ်သည်။[၁၃][၁၄] နှိုင်းယှဉ်ရသော် ဧဝရတ်တောင်ထိပ်ရှိ လေထုဖိအားသည် ပင်လယ်ရေမျက်နှာပြင်ရှိ လေထုဖိအား၏ ၃၂ ရာခိုင်နှုန်းဖြစ်သော ၃၂၀၀၀ pascal ရှိသည်။[၁၅] ဤသို့ပင်ဖြစ်လင့်ကစား အလွန်မြင့်မားသော အိုလံပတ်တောင်ထိပ်တွင် မကြာခဏ တိုက်ခတ်လေ့ရှိသော ဖုန်မှုန်များမှာ တည်ရှိလျက်ရှိသည်။[၁၆] အင်္ဂါဂြိုဟ်၏ ပျမ်းမျှလေထုဖိအားသည် ကမ္ဘာ့လေထုဖိအား၏ ၁ ရာခိုင်နှုန်းအောက် နည်းပါးသော်လည်း ကမ္ဘာ့လေထုဖိအားကဲ့သို့ အမြင့်ကိုရောက်လေလေ ပိုမိုနည်းပါးသွားလေ မဖြစ်ပေ။ အိုလံပတ်တောင်တွင် ဆီလီကိတ် ၄၄%၊ အိုင်းယွန်းအောက်ဆိုဒ် ၁၇.၅%၊ အလူမီနီယမ် ၇%၊ ကယ်လစီယမ် ၆%၊ ဆာလာဖာအောက်ဆိုဒ် ၇% အသီးသီး ပါဝင်သည်။ အနာဂတ်တွင် စေလွှတ်မည့် အာကာသယာဉ်များသည် အိုလံပတ်တောင်ပေါ်သို့ဆင်းသက်စေမည်မဟုတ်ပေ။ အကြောင်းမှာ မြင့်မားသော ကုန်းစောင်းတွင် အာကာသယာဉ်ကို အရှိန်လျှော့ရန် လုံလောက်သော လေထုသိပ်သည်းမှု နည်းပါးသောကြောင့်ဖြစ်သည်။ ထို့အပြင် အိုလံပတ်တောင်သည်အင်္ဂါဂြိုဟ်ရှိ ဖုန်ထူမှုအများဆုံးနယ်မြေများထဲမှ တစ်ခုအပါဝင်ဖြစ်လေသည်။ ယင်းဖုန်မှုန်များသည် ကျောက်ခဲနမူနာများကို စစ်ဆေးရန် အခက်တွေ့စေမည်ဖြစ်ပြီး ရိုဗာများအတွက် အတားအဆီးဖြစ်စေပေလိမ့်မည်။

ကိုးကား

ပြင်ပလင့်ခ်များ

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ