ကလေးသူငယ်အပေါ် လိင်ပိုင်းဆိုင်ရာ မတော်မတရားပြုမူခြင်း

ကလေးသူငယ် အပေါ် လိင်ပိုင်းဆိုင်ရာ မတော်မတရား ပြုမူခြင်း၊ သို့တည်းမဟုတ် ကလေးသူငယ် ကာဣန္ဒြေ ပျက်ပြားစေမှုသည် ကလေးသူငယ် အပေါ် မတော်မတရား ပြုမူခြင်းမျိုး အနက် တစ်မျိုးပင် ဖြစ်သည့် အရွယ်ရောက်ပြီးသူ တစ်ဦး (သို့မဟုတ်) ပို၍ အသက်ပိုကြီးမြင့်သည့် ဆယ်ကျော်သက် တစ်ဦးမှ ကလေး တစ်ဦးအပေါ် လိင်ကိစ္စဆိုင်ရာ စိတ်ဆန္ဒ ထကြွမှု အရေး အတွက် အသုံးချခြင်းဖြစ်သည်။[၁][၂] ကလေးသူငယ် အပေါ် လိင်ပိုင်းဆိုင်ရာ မတော်တရား ပြုသည့် ပုံစံမျိုးတွင် ကလေးတစ်ဦးနှင့် လိင်မှုကိစ္စတွင် ပြုမူသည့် အပြုအမူများ ပြုလုပ်ခြင်း (မေးမြန်းရယူခြင်း သို့မဟုတ် ဖိအားပေးခြင်း သို့တည်းမဟုတ် အခြားသောနည်းလမ်းများအပါအဝင် မည်သည့်နည်းလမ်းနှင့်ပင် ဖြစ်ပါစေ)၊ မသင့်လျော်သည့် အရာကို ဖွင့်ဟပြသမှုမျိုး (လိင် အင်္ဂါများ၊ အမျိုးသမီး၏ နို့သီးခေါင်းများ အစရှိသည့်)၊ ကလေးအပေါ် အယုံသွင်းလှည့်စားခြင်း ၊ ကလေးအပေါ်တွင် လိင်ကိစ္စအတွက် အမြတ်ထုတ်ခြင်း[၃][၄][၅](သို့မဟုတ်) ကလေးသူငယ်တစ်ဦးကို ကလေးသူငယ် ညစ်ညမ်းရုပ်ရှင်၊စာပေ ထုတ်လုပ်မှုတွင် အသုံးချခြင်း ဖြစ်သည်။ [၁][၆][၇]

ကလေးသူငယ် အပေါ် လိင်ပိုင်းဆိုင်ရာ မတော်မတရား ပြုမူခြင်းသည် နေအိမ်၊ကျောင်း၊ သို့မဟုတ် အလုပ်ခွင်(ကလေးသူငယ်ကို အလုပ်သမား အဖြစ် ခိုင်းစေမှုများ ရှိသည့် နေရာမျိုး) စသည်ဖြင့် နေရာဒေသမရွေး ဖြစ်နိုင်သည်။ ကလေးသူငယ် လက်ထပ်ထိမ်းမြားမှုသည်လည်း ကလေးသူငယ် အပေါ် လိင်ပိုင်းဆိုင်ရာ မတော်မတရား ပြုမူသည့် အဓိက ပုံစံတစ်မျိုးပင်ဖြစ်သည်။ ယူနီဆက်ဖ်(UNICEF)မှ ဖော်ပြသည်မှာ ကလေးသူငယ် လက်ထပ်ထိမ်းမြားပေးခြင်းသည် "လိင်ပိုင်းဆိုင်ရာ မတော်မတရား ပြုမူခြင်းနှင့် မိန်းကလေးများအပေါ် အမြတ်ထုတ်မှုတွင် အပြန့်ပွားဆုံးပင် ဖြစ်ကောင်းဖြစ်နိုင်သည်" ဟု ဆိုသည်။ [၈] ကလေးသူငယ် အပေါ် လိင်ပိုင်းဆိုင်ရာ မတော်မတရား ပြုမူခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးများတွင် စိတ်ဓာတ်ကျခြင်း(depression)[၉]၊နောက်ပိုင်းကာလ စိတ်ကစဥ့်ကလျား ဖြစ်ပေါ်ခြင်း (post-traumatic stress disorder)[၁၀]၊ စိတ်သောက ဖိစီးမှု(anxiety)[၁၁]၊ ပိုမိုရှုပ်ထွေးသည့် နောက်ပိုင်းကာလ စိတ်ကစဉ့်ကလျား ဖြစ်ပေါ်ခြင်း(post-traumatic stress disorder)[၁၂]၊ ကြီးပြင်းလာသည့်အခါတွင် ထပ်မံ၍ သားကောင်အဖြစ် ပစ်မှတ်ထားခံရရန် အလားအလာ တိုးပွားလာခြင်း[၁၃]၊ နှင့် ကာယပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာရမှုသည်လည်း အခြားသော ပြဿနာတို့တွင် ပါဝင်သည်။[၁၄] မိသားစုဝင်တစ်ဦး၏ လိင်ပိုင်းဆိုင်ရာ မတော်မတရားပြုမူခံရခြင်းသည် သွေးသားအချင်းချင်း စပ်ယှက်မှု ပုံစံတစ်မျိုးပင် ဖြစ်၍ ပို၍ ဆိုးရွားပြီး ကာလကြာရှည်သည့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု (အထူးသဖြင့် မိဘနှင့် သွေးသားစပ်ယှက်မှု ကိစ္စမျိုးတွင်) ဝေဒနာကို ခံစားရနိုင်သည်။ [၁၅]

ကမ္ဘာလုံးဆိုင်ရာ ကလေးသူငယ် အပေါ် လိင်ကိစ္စ မတော်မတရား ပြုမှုနိုင်ချေရှိသည့် အလားအလာသည် အမျိုးသမီး များအတွက် ၁၉.၇ ရာခိုင်နှုန်း နှင့် အမျိုးသားများတွင် ၇.၉ရာခိုင်နှုန်း ရှိသည်။[၁၆]အများစုသော လိင်မှု ကျူးလွန်သူများသည် သူတို့၏ သားကောင်များနှင့် ရင်းနှီး ကျွမ်းဝင်သူများ ဖြစ်နေခဲ့ကြသည်။ ခန့်မှန်းခြေအားဖြင့် ၃၀ ရာခိုင်နှုန်းသည် ကလေးသူငယ် ၏ ဆွေမျိုးများဖြစ်ပြီး ၎င်းတို့သည် ကလေးသူငယ်၏ အစ်ကိုများ၊ ဖခင်များ၊ ဦးလေးများ (သို့မဟုတ်) တစ်ဝမ်းကွဲတော်စပ်သူများ ဖြစ်လေ့ရှိကြသည်။[၁၇]၆၀ ရာခိုင်နှုန်းဝန်းကျင်သည် အခြားသော အပေါင်းအဖော်များ(မိသားစု နှင့် "မိတ်ဆွေ"တော်စပ်သူများ၊ ကလေးထိန်းများ၊ (သို့မဟုတ်) အိမ်နီးချင်းများ) ဖြစ်သည်။ ၁၀ ရာခိုင်နှုန်းသော သူများသည်သာ ရာဇဝတ်မှုတွင် ကလေးသူငယ်နှင့် လားလားမျှ မတော်စပ်သည့် သူစိမ်းများ ဖြစ်ကြသည်။[၁၈]အများစုသော ကလေးသူငယ်အပေါ် လိင်မှုဆိုင်ရာ မတရားပြုမှုများသည် အမျိုးသားများမှ ကျူးလွန်ကြသည်။ အမျိုးသမီး လိင်မှု ကျူးလွန်သူများတွင်မူ လေ့လာချက်များအရ ၁၄ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းသော ပြစ်မှုများသည် ယောက်ျားကလေးများအပေါ်တွင် ကျူးလွန်ကြပြီး ၆ ရာခိုင်နှုန်းကို မိန်းကလေးများတွင် ကျူးလွန်ကြသည် ဟုဆိုသည်။[၁၈][၁၉][၂၀]

အရွယ်မရောက်သေးသည့် ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ စွဲမက်ခြင်း(pedophile) ဆိုသည့် စကားလုံးသည် ကလေးတစ်ဦးအပေါ် လိင်ပိုင်းဆိုင်ရာ မတော်မတရား ပြုမူသည့် လူတိုင်းကို ညွှန်းဆိုရာတွင် အလွယ်တကူ သုံးလေ့ရှိသည့် စကားလုံးဖြစ်သည်။ သို့သော် ကလေးသူငယ်အပေါ် လိင်ပြစ်မှု ကျူးလွန်သူတိုင်းသည် အကယ်၍သာ အရွယ်မရောက်သေးသည့် ကလေးသူငယ်များကို ပြင်းပြသည့် လိင်စိတ် စွဲလန်းမှုမျိုး မရှိသရွေ့ pedophile ဟု မဆိုနိုင်ပါ။[၂၁][၂၂]ဥပဒေအရ ကလေးသူငယ်အပေါ် လိင်ပိုင်းဆိုင်ရာ မတော်မတရား ပြုကျင့်မှုသည် အရွယ်ရောက်ပြီးသူ တစ်ဦးမှ အရွယ်မရောက်သေးသူတစ်ဦးနှင့် လိင်ကိစ္စ ဆင်နွှဲခြင်း (သို့မဟုတ်) အရွယ်မရောက်သေးသူတစ်ဦးအပေါ် လိင်ပိုင်းဆိုင်ရာကိစ္စများတွင် အသုံးချရန်အတွက် အားထုတ်ရာတွင် ရာဇဝတ်သင့်၍ အကြမ်းဖက်မှုမြောက်သည့် အချက်များကို ဖော်ပြထားသည့် ကျယ်ပြန့်သော စကားရပ် တစ်ခုအနေဖြင့် မကြာခဏ အသုံးပြုကြသည်။[၇][၂၃]အမေရိကန် အမျိုးသား စိတ်ပညာ အစည်းအရုံးမှ "ကလေးသူငယ်များသည် အရွယ်ရောက်သူများနှင့် လိင်မှုကိစ္စပြုခြင်းကို ခွင့်မပြုစေရ"ဟု ထုတ်ပြန်ပြီး ထိုကဲ့သို့ ကျူးလွန်သည့် အရွယ်ရောက်ပြီးသူ ပုဂ္ဂိုလ်ကိုလည်း ရှုတ်ချမှုပြုသည်။ "ကလေးသူငယ် နှင့် ဤသို့လျှင် လိင်ကိစ္စပြုသည့် အရွယ်ရောက်ပြီးသူတစ်ဦးသည် ရာဇဝတ်သင့်ပြီး စာရိတ္တရှုထောင့်အရ မည်သည့်အခါ လျော်ကန်ခြင်း မရှိခြင်း၊သို့မဟုတ် လူ့အသိုင်းအဝန်းမှ လက်ခံခြင်းမပြုနိုင်သည့် အပြုအမူကို ကျူးလွန်နေခြင်းဖြစ်သည်"[၂၄]

အကျိုးဆက်များ

စိတ်ပိုင်းဆိုင်ရာ အကျိုးသက်ရောက်မှုများ

ကလေးသူငယ်အပေါ် လိင်ပိုင်းဆိုင်ရာ မတော်မတရား ကျူးလွန်မှုသည် အချိန်တိုကာလတွင် ထိခိုက်သည် သာမက ရေရှည်တွင်လည်း နောက်ပိုင်းနှစ်များတွင် စိတ်ဖောက်ပြန်ခြင်း အပါအဝင် ဆိုးကျိုးများကို ခံစားရစေနိုင်သည်။ [၁၄][၂၅]သက်ရောက်မှုများတွင် စိတ်ဓာတ်ကျဆင်းခြင်း၊[၉][၂၆][၂၇] စိတ်ပူပင်သောကဖိစီးခြင်း၊[၁၁] အစားအသောက်စားသုံးသည့် ပုံစံမမှန်ခြင်း,[၂၈]မိမိကိုယ်ကို ယုံကြည်မှု အားနည်းခြင်း၊[၂၈]စိတ် နှင့် ကိုယ် မကပ်ခြင်း၊[၂၇] အိပ်စက်ရာတွင် အနှောင့်အယှက်ကြုံခြင်း၊[၂၉][၃၀]နှင့် ပုံမှန် ဝေဖန် ပိုင်းခြားနိုင်မှု မရှိခြင်း (dissociative identity disorder)နှင့် စိတ်ဖိစီးမှု (anxiety disorder) တို့ ပါဝင်သည်။ [၁၀][၃၁]ကလေးသူငယ်များ အနေဖြင့် ၎င်းတို့ အရွယ်တွင် မပြုတော့သည့် အပြုအမူများဖြစ်သော လက်မစုပ်ခြင်း သို့မဟုတ် အိပ်ယာတွင် သေးပါခြင်း တို့ကို ပြုလုပ်နေမိမည် ဖြစ်သော်လည်း လိင်မှု ဆိုင်ရာ မတော်မတရားပြုမှု၏ အသိသာဆုံး နိမိတ်မှာ လိင်မှုဆိုင်ရာ ပြန်လည်သရုပ်ဖော်ကြည့်ခြင်း နှင့် မလျော်ကန်သည့် လိင်ပိုင်းဆိုင်ရာ ဗဟုသုတနှင့် စိတ်ဝင်စားမှု ရှိလာခြင်း တို့ဖြစ်လေသည်။[၃၂][၃၃] သူ/သူမသည် ကျောင်းနှင့် လူမှုအသိုင်းအဝန်း လှုပ်ရှားမှု များမှ စွန့်ခွါခြင်း ပြုကောင်းပြုပေလိမ့်မည်။[၃၂] ထို့ပြင် များပြားသော သင်ကြားရေးနှင့် အပြုအမူဆိုင်ရာ ပြဿနာများ ( တိရစ္ဆာန်များ အပေါ် ကြမ်းကြုတ်စွာ ပြုမူခြင်း၊[၃၄][၃၅][၃၆][၃၇]၊ အာရုံစူးစိုက်နိုင်မှု လျော့ကျခြင်း(Attention deficit hyperactivity disorder,ADHD)၊ကိုယ်တိုင်ကိုယ်ကျ ပြုမူနိုင်မှု မရှိတော့ခြင်း (conduct disorder) နှင့် တစ်ပါးသူ အပေါ် ရန်လိုခြင်း(oppositional defiant disorder,ODD)) စသော ပြဿနာများကို ကြုံတွေ့လာနိုင်လေသည်။[၂၈] ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်ခြင်းနှင့် အခြားသော အန္တရာယ်ရှိသည့် လိင်မှုဆိုင်ရာ အပြုအမူများသည်လည်း အရွယ်ရောက်သောအခါ ပေါ်ပေါက်လာနိုင်သည်။[၃၈] ကလေးသူငယ်အပေါ် လိင်ပိုင်းဆိုင်ရာ မတော်မတရား ကျူးလွန်ခံရသည့် ကိစ္စတိုင်းတွင် တင်ပြချက်အရ ၎င်းတို့အပေါ် ရာဇဝတ်ကျူးလွန်မှုသည် မိမိကိုယ်ကို အနာတရဖြစ်စေသည့် ထိခိုက်မှု အဖြစ်များထက် ၄ဆနီးနီး ရှိသည်။[၃၉]

အမေရိကန် အမျိုးသား ဆေးဝါးအလွဲသုံးမှုဆိုင်ရာ တက္ကသိုလ်မှ ထောက်ပံ့ပေးထားသည့် လေ့လာချက်တစ်ခုတွင် တွေ့ရှိရသည်မှာ "၁,၄၀၀ ထက်ပိုမိုသော အမျိုးသမီး အရွယ်ရောက်ပြီးသူတို့တွင် ကလေးသူငယ်ဘဝ၌ လိင်ပိုင်းဆိုင်ရာ မတော်မတရား ပြုမူခံရခြင်းသည် ဆေးဝါးအပေါ် အားထားလာမှု၊ အရက်သေစာသောက်စားလာမှု၊ နှင့် စိတ်ဖောက်ပြန်ခြင်း တို့ ဖြစ်လာနိုင်ချေဖြင့် ယှဉ်တွဲဖော်ပြထားသည်။ ထိုသို့ တွဲဖက်ဖော်ပြထားရာတွင် မညီမျှသည့် အချိုးကိန်းများဖြင့် ဖော်ပြထားသည်။ ဥပမာအဖြစ် လိင်အင်္ဂါဖြင့် လိင်ကိစ္စ မတော်မတရားပြုမူခြင်း မခံရသည့် အမျိုးသမီးများသည် ဆေးဝါးအပေါ် မှီခိုအားထားမှုကို ခံစားရရန် ၎င်းတို့ကဲ့သို့ မတော်မတရားပြုခြင်း မခံရသည့် အမျိုးသမီးများထက် စာလျှင် ၂.၈၃ ဆမျှ ဖြစ်နိုင်ချေရှိသည်။[၄၀]

သေချာစွာ ရေးသားပြုစုထားပြီးဖြစ်သော ကာလကြာရှည် ဆိုးကျိုးများသည်လည်း ထပ်မံဖြစ်ပွားနိုင်ရုံသာမက သားကောင်အဖြစ် ပစ်မှတ်ထားတိုက်ခိုက်ခံရမှုသည်လည်း ဆယ်ကျော်သက် နှင့် လူငယ်အရွယ်တွင် ထပ်မံဖြစ်ပွားနိုင်သည်။[၁၃][၄၁] ကလေးသူငယ်ဘဝတွင် လိင်ပိုင်းဆိုင်ရာ မတော်မတရားပြုခြင်း ခံရမှု နှင့် အမျိုးမျိုးသော လူငယ် စိတ်ဝေဒနာရောဂါများ ဖြစ်သည့် ရာဇဝတ်မှုကျူးလွန်ခြင်း နှင့် မိမိကိုယ်ကို သတ်သေခြင်းတို့ အပြင်[၁၈][၄၂][၄၃][၄၄][၄၅][၄၆]အရက်သေစာသောက်စားခြင်း နှင့် ဆေးဝါး အလွဲသုံးမှုတို့နှင့်လည်း အမှတ်မထင် ဆက်နွှယ်နေသည်ကို တွေ့ရသည်။[၄၀][၄၁][၄၇] ကလေးဘဝတွင် လိင်ပိုင်းဆိုင်ရာ မတော်မတရားပြုခံခဲ့ရသူများသည် စိတ်ရောဂါ ဆေးကုသမှုစနစ်များထက်စာလျှင် ရာဇဝတ်မှုဆိုင်ရာ တရားရေး စနစ်များတွင်သာ မကြာခဏလိုလို ပြန်လည် ပေါ်ပေါက်လာကြသည်။[၃၂] အမျိုးသမီးများအပေါ် လေ့လာချက်တစ်ခုအရလည်း သက်လတ်ပိုင်းအရွယ် အမျိုးသမီးများတွင် ကလေးဘဝက ထိုကဲ့သို့ လိင်ပိုင်းဆိုင်ရာ မတော်မတရားပြုခြင်းခံရသူများသည် ၎င်းတို့နှင့် ဆန့်ကျင်ဖက် အမျိုးသမီးများထက်စာလျှင် ဆေးဝါးကုသမှု စရိတ် သိသိသာသာ ပိုမိုမြင့်မားသည်ကို တွေ့ရသည်။[၂၇][၄၈]မျိုးရိုးလိုက်သည့် ဆိုးကျိုးများကိုလည်း ထိုကဲ့သို့ ခံစားရသည့် ပုဂ္ဂိုလ်၏ သားသမီးများအနေဖြင့် ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ရာတွင် ပြဿနာများ ကြုံတွေ့ခြင်း၊ ပေါင်းသင်းဆက်ဆံရေး ပြဿနာများ နှင့် စိတ်ခံစားချက်ဆိုင်ရာ ပြဿနာများ ကြုံတွေ့ရခြင်း တို့ကို သူတို့နှင့် သက်တူရွယ်တူများထက် စာလျှင် ပိုမိုကြုံတွေ့ရသည်ကို ထောက်၍ မှတ်သားသိရှိရသည်။[၄၉]

ထိုသို့ လက္ခဏာရပ်များ ဖြစ်လေ့ရှိသည့် ပုံစံတစ်ခုကိုမူ တိကျစွာ မသတ်မှတ်နိင်သေးပါ။[၅၀] ထို့ပြင် ထိုသို့ ဝေဒနာလက္ခဏာရပ်များအကြား ဆက်စပ်နေပုံများနှင့် စပ်လျဉ်း၍လည်း အဆိုပြုချက်များစွာ ရှိနေသည်။[၉][၅၁][၅၂]

လေ့လာချက်များအရ ထိုကဲ့သို့ လိင်ပိုင်းဆိုင်ရာ မတော်မတရားပြုကျင့်ခံရသည့် ကလေးသူငယ်များတွင် ၅၁ ရာခိုင်နှုန်းမှ ၇၉ ရာခိုင်နှုန်းသည် စိတ်ဝေဒနာ လက္ခဏာများ ပေါ်ပေါက်သည်ကို တွေ့ရှိရသည်။[၄၄][၅၃][၅၄][၅၅][၅၆]အကယ်၍ ထိုသို့ ပြစ်မှုကျူးလွန်သူသည် ဆွေမျိုးတစ်ယောက်ဖြစ်နေခဲ့လျှင်၊ မတော်မတရားပြုကျင့်မှုတွင် လိင်ဆက်ဆံမှု ပြုလျှင် (သို့မဟုတ်) လိင်ဆက်ဆံရန် အားထုတ်မှုပြုလျှင်၊ (သို့မဟုတ်) ခြိမ်းချောက်မှုများ (သို့မဟုတ်) လက်ရောက်မှုပြုခဲ့လျှင် ကလေးသူငယ်အပေါ် ထိခိုက်နိုင်မှုသည် ပိုမိုမြင့်မားသည်။[၅၇]ထိခိုက်မှုအဆင့်သည်လည်း ထိုးသွင်းဆက်ဆံမှု ပြုသည် မပြုသည်၊ လိင်ပိုင်းဆိုင်ရာ မတော်မတရားပြုသည့် ကြာချိန်နှင့် ပြုလုပ်သည့် အကြိမ်ရေ၊ လက်ရောက်မှုပြုခြင်း စသည့် အချက်များပေါ် မူတည်၍ သက်ရောက်မှုရှိသည်။[၁၄][၂၅][၅၈][၅၉][၅၉][၆၀]သို့ရာတွင် မိသားစုပတ်ဝန်းကျင်သည် ကလေးအပေါ် စိတ်ပိုင်းဆိုင်ရာအရ လုံခြုံမှု၊ အားပေးမှုများကိုစွမ်းနိုင်သည့် ပတ်ဝန်းကျင်မျိုး ဖြစ်လျှင် ဆန့်ကျင်ဖက် ဆိုးကျိုးများသည် ပိုမိုလျော့နည်းရန် ဖြစ်ကောင်းဖြစ်နိုင်သည်။[၆၁][၆၂]

ကိုးကားချက်များ

ပိုမိုဖတ်ရှုလိုလျှင်

ပြင်ပလင့်ခ်များ

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ