ဂယ်ဂဒေါ့

အစ္စရေး ရုပ်ရှင်မင်းသမီးနှင့် မော်ဒယ်

ဂယ်ဂဒေါ့ (အင်္ဂလိပ်: Gal Gadot-Varsano)[၂] (/ɡəˈdɒt/;[၃] ဟီဘရူး: גל גדות[ˈɡal ɡaˈdot];[၄] (၃၀ ဧပြီ ၁၉၈၅ မွေးဖွား)[၅] သည် အစ္စရေးနိုင်ငံ မှ အလှမယ်နှင့် ရုပ်ရှင်မင်းသမီးဖြစ်သည်။ အစ္စရေးနိုင်ငံတွင် မွေးဖွားကြီးပြင်းခဲ့ပြီး အသက် ၁၈ နှစ်အရွယ်၌ Miss Israel (၂၀၀၄) ကို ဆွတ်ခူးခဲ့သည်။ သူမသည် အစ္စရေးနိုင်ငံ၏ ကာကွယ်ရေးတွင် တိုက်ခိုက်ရေးနည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ယင်းနောက် IDC Herzliya ကောလိပ်၌ မော်ဒယ်နှင့် သရုပ်ဆောင်ပညာရပ်များကို လေ့လာဆည်းပူးခဲ့သည်။[၆] ဂယ်ဂဒေါ့သည် The Fast and the Furious ရုပ်ရှင်ဇာတ်လမ်းတွဲတွင် Gisele Yashar အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သည်။ သူမသည် Wonder Woman ရုပ်ရှင်ဇာတ်လမ်းဖြင့် လူသိများလာခဲ့သည်။ ဂဒေါ့သည် Batman v Superman: Dawn of Justice, Justice League စသည့်ရုပ်ရှင်များ၌လည်း Wonder Woman အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သည်။[၇][၈]

Gal Gadot
Gadot in 2019
မွေးဖွား (1985-04-30) ၃၀ ဧပြီ၊ ၁၉၈၅ (အသက် ၃၈)
Petah Tikva, Israel
နိုင်ငံသားအစ္စရေး
မိခင်ကျောင်းIDC Herzliya
အလုပ်အကိုင်
  • Actress
  • model
တက်ကြွလှုပ်ရှားနှစ်များ၂၀၀၄–လက်ရှိ
အရပ်၁၇၈ cm (၅ ft ၁၀ in)[၁]
အိမ်ထောင်ဖက်(များ)Yaron Varsano (လက်ထပ် 2008)
သားသမီး
ရရှိသည့်ဆုများMiss Israel 2004
ဝက်ဘ်ဆိုဒ်galgadot.com

ငယ်ဘဝ

ဂဲ ဂဒေါ့အား ပီတာ့တိတ်ဗာမြို့တွင် မွေးပြီး အဆိုပါမြို့အနီးရှိ ရာ့ဟာရင်မြို့ ၌ ကြီးပြင်းသည်။ ဟီဘရူးဘာသာစကားဖြင့် ဂဲ ဆိုသည်မှာ လှိုင်းဟု ဆိုလိုပြီး ဂဒေါ့မှာ မြစ်ကမ်းဟူ၍ ဖြစ်သည်။ ဖခင် မိုက်ကယ် ဂဒေါ့မှ အင်ဂျင်နီယာတစ်ဦးဖြစ်ပြီး မိခင်ဖြစ်သူ အိုင်ရစ် (Irit) မှာ ဆရာမတစ်ဦး ဖြစ်သည်။ မိဘနှစ်ဦးစလုံးမှာ အစ္စရေးဖွားများ ဖြစ်သည်။ ဂဒေါ့၌ ဒါနာအမည်ရှိ ညီမတစ်ဦး ရှိသည်။[၉]

အထက်တန်းကျောင်းသူဘဝက ဇီဝဗေဒအား အဓိကဘာသာအဖြစ် ယူသည်။ သူမ၏အရပ်မြင့်မှုကြောင့် ဘက်စကတ်ဘောအား ကောင်းစွာကစားနိုင်ခဲ့သည်ဟု ဆိုသည်။ [၁၀] ဆယ်ကျော်သက်ဘဝ၏ ပထမဆုံးအလုပ်အကိုင်မှာ ဘာဂါကင်း၌ ကလေးထိန်းခြင်း ဖြစ်သည်။ အရွယ်ရောက်သော် ဟာဇယ်လီယာရှိ အိုင်ဒီစီကျောင်းတွင် ဥပဒေနှင့် နိုင်ငံတကာဆက်ဆံရေး ဘာသာရပ်များကို ဆည်းပူးသည်။

စစ်မှုထမ်း ဘဝ

အစ္စရေးကာကွယ်ရေးတပ်မတော်တွင် တိုက်ခိုက်ရေးနည်းပြအဖြစ် နှစ်နှစ်ကြာ အမှုထမ်းသည်။ ဤအတွေ့အကြုံများက Fast & Furious ဇာတ်ကားအား သရုပ်ဆောင်ရာတွင် အရေးပါကြောင်း ဖွင့်ဟဖူးသည်။[၁၁]

မော်ဒယ်နှင့် အလှမယ် ဘဝ

၂၀၁၄ ခုနှစ်၊ အစ္စရေးအလှမယ် အဖြစ် သရဖူဆောင်းသည်။ အီကွေဒေါသို့ သွားရောက်ကာ စကြာဝဋ္ဌာအလှမယ် အဖြစ် သွားရောက်ယှဉ်ပြိုင်သော်လည်း ဆုရခြင်း မရှိပေ။

၂၀၀၇ ခုနှစ်တွင် Maxim မဂ္ဂဇင်းမှ "အစ္စရေးတပ်မှ စစ်သမီးများ" ​ခေါင်းစီးဖြင့် ဓာတ်ပုံရိုက်ကူးရာတွင် ပါဝင်ခဲ့သည်။[၁၂] ဂဒေါ့၏ပုံကို အဆိုပါအထူးထုတ်မဂ္ဂဇင်းအတွက်ပြုလုပ်သော ပါတီသို့ဖိတ်ကြားစာတွင် ထည့်သွင်းထားသည်။ ၎င်းပုံကို နယူးယောက်ပို့စ် သတင်းစာ၏ မျက်နှာဖုံးအဖြစ်လည်း ဖော်ပြခံရသည်။

၂၀၀၈ ခုနှစ်တွင် အစ္စရေး၏ နာမည်အကြီးဆုံးအဝတ်အထည်တံဆိပ် ကတ်စထရိုအတွက် ရှေ့ထွက်မော်ဒယ်အဖြစ် ရွေးချယ်ခံရသည်။

သရုပ်ဆောင် ဘဝ

၂၀၀၈ ခုနှစ်တွင် အစ္စရေးအချစ်ဇာတ်ကား Bubot (မြန်မာလို အရုပ်များ) တွင် ပါဝင်ကာ သရုပ်ဆောင် ဘဝ စတင်သည်။

၂၀၀၉ ခုနှစ်တွင် ဗန် ဒီဇယ် နှင့် ပေါလ် ဝေါကာ တို့ အဓိကပါဝင်သည့် Fast & Furious ဇာတ်ကားတွင် ဂီစလီ ယာရှာ အဖြစ် သရုပ်ဆောင်သည်။

တွမ် ခရုစ် နှင့် ကင်မရွန်း ဒီရက် တို့ အဓိကသရုပ်ဆောင်သည့် ၂၀၁၀ ထုတ် Knight and Day ဇာတ်ကားတွင် တွမ် ခရုစ်၏ ရန်သူ့လက်ထောက် နာအိုမီ နေရာမှ ပါဝင်သည်။ Date Night ဇာတ်ကား၌လည်း မာ့ခ် ဝဲလ်ဘာ့ ၏ အစ္စရေး ရည်းစား နာတာညာ နေရာ၌ သရုပ်ဆောင်သည်။

၂၀၁၁ ခုနှစ်တွင် Fast & Furious ဇာတ်ကားတွဲမှ Fast Five ဇာတ်ကားတွင် ပြန်လည် ပါဝင်ခဲ့သည်။

၂၀၁၃ ခုနှစ်တွင် အဆိုပါဇာတ်ကားတွဲမှ Fast Fix ဇာတ်ကား၌ ပါဝင်ခွင့် ရပြန်သည်။

၂၀၁၆ ခုနှစ်တွင် စူပါဟီးရိုးဇာတ်ကားတစ်ကားဖြစ်သည့် Batman v Superman: Dawn of Justice ၌ Wonder Woman အဖြစ် ပါဝင်သည်။ အဆိုပါဇာတ်ရုပ်အတွက် ဓားခုတ်နည်း၊ ကန်ကျောက်နည်းများအပြင် ဂျူဂျစ်ဆု၊ ကွန်ဖူးကဲ့သို့ ကိုယ်ခံပညာများကိုပါ လေ့လာခဲ့ရသည်။ ကိတ် ဝင်းစလက် နှင့် အာရွန် ပေါလ် တို့ ပါဝင်ထားသည့် Triple 9 အမည်ရှိ အသတ်အပုတ်ဇာတ်ကားတွင် ဇာတ်ရန် အယ်လီနာနေရာမှ သရုပ်ဆောင်ခဲ့သေးသည်။[၁၃] Criminal အမည်ရှိ ဇာတ်ကားတွင်လည်း ရိုင်ယန် ရေးနော့ ၏ ဇနီးနေရာမှ ပါဝင်ခဲ့သေးသည်။

၂၀၁၇ ခုနှစ်တွင် လူကြိုက်များသည့် သူမ၏ဇာတ်ရုပ် Wonder Woman အား ဇာတ်ကားအဖြစ် ဇာတ်ကြောင်းပြန် သရုပ်ဖော်သည်။[၁၄] Justice League ဇာတ်ကားတွင် ထည့်သွင်းထားသည့် Wonder Woman နေရာမှလည်း ပါဝင်သည်။

ရုပ်ရှင်အနုပညာအတတ်ပညာအကယ်ဒမီ၏ အဖွဲ့ဝင်တစ်ဦးအဖြစ်လည်း ၂၀၁၇ ခုနှစ်တွင် ကမ်းလှမ်းခံရသည်။[၁၅]

ကိုယ်ပိုင် ဘဝ

၂၀၀၈ ခုနှစ်တွင် အစ္စရေး အိမ်ခြံမြေအကျိုးဆောင် ယာရွန် ဗာဆာနိုနှင့် လက်ထပ်သည်။ အယ်မာ (၂၀၁၁) နှင့် မာယာ (၂၀၁၇) ဟူသော သမီးနှစ်ဦ: ရှိသည်။[၁၆] တဲလ် အာဗစ်မြို့တွင် ဟိုတယ်တစ်လုံး ပိုင်ဆိုင်သော်လည်း ၂၀၁၅ ခုနှစ်တွင် ရိုမန် အေဗရာမိုဗစ် အား ဒေါ်လာ ၂၆ သန်းဖြင့် ရောင်းချထားသည်။

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ