ဘန်းနဒ္ဒစ် ကမ့်ဘာဘတ်ချ်

အင်္ဂလိပ် သရုပ်ဆောင်

ဘန်းနဒ္ဒစ် တင်မိုသီ ကာလ်တန် ကမ့်ဘာဘတ်ချ် (အင်္ဂလိပ်: Benedict Timothy Carlton Cumberbatch) (ဇူလိုင် ၁၉၊ ၁၉၇၆ ခုဖွား)သည် အင်္ဂလိပ်လူမျိုး အမျိုးသားသရုပ်ဆောင် အနုပညာသည်တစ်ဦးဖြစ်သည်။ သူ့အား စင်တင်ဖျော်ဖြေမှုများနှင့် တီဗီဖန်သားပြင်ပေါ်မှ ဖျော်ဖြေတင်ဆက်မှုများကြောင့် လူသိများသည့်အပြင် ပရိုင်းတိုင်းမ် အမ်မီ ဆုပေးပွဲဗြိတိသျှ ရုပ်ရှင်နှင့် ရုပ်/သံ ဇာတ်လမ်း အကယ်ဒမီထူးချွန်ဆုပေးပွဲနှင့် လောရန့်စ်အိုလစ်ဗီးယား ဆုပေးပွဲများအပါအဝင် ဆုပေးပွဲအများအပြား၏ ထူးချွန်ဆုများနှင့် ဂုဏ်ပြုဆုများစွာတို့ကို ရရှိထားသည့် ထူးချွန်သော အနုပညာသည်တစ်ဦးလည်းဖြစ်သည်။ ကမ့်ဘာဘတ်ချ်သည် သူပါဝင်သရုပ်ဆောင်ခဲ့သည့် ဖရန့်ကင်စတိုင်း (၂၀၁၁ ပြဇာတ်)အတွက် လောရန့်စ်အိုလစ်ဗီးယား ဆုပေးပွဲ၏ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုရှားလော့ခ်(၂၀၁၀)ဇာတ်လမ်းတွဲအတွက် ပရိုင်းတိုင်းမ် အမ်မီ ဆုပေးပွဲဇာတ်လမ်းတွဲတို (သို့) ရုပ်ရှင် သရုပ်ဆောင်ထူးချွန်သူ အမျိုးသားဇာတ်ဆောင်ဆုတို့ကို ရရှိထားပြီးသူလည်းဖြစ်သည်။ လှည့်စားမှု ကစားပွဲ (၂၀၁၄) ရုပ်ရှင်မှ သူ၏သရုပ်ဆောင်မှုအတွက် အကယ်ဒမီ (သို့) အော်စကာဆုပေးပွဲဗြိတိသျှ ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုပေးပွဲScreen Actors Guild ဆုပေးပွဲ နှင့် ရွှေကမ္ဘာလုံးဆုပေးပွဲများ၏ အကောင်းဆုံး ရုပ်ရှင်သရုပ်ဆောင်ထူးချွန်သူ အမျိုးသားဇာတ်ဆောင်ဆုများအတွက် ဆန်ခါတင်အမည်စာရင်း၌လည်း တင်သွင်းခြင်းခံခဲ့ရသည်။ သူသည် အပိုင်း(၅)ပိုင်းပါဝင်သည့် ပက်ထရစ်မဲလ်ရို့စ်ဇာတ်လမ်းတွဲတွင် အဓိကဇာတ်ကောင်နေရာ၌ သရုပ်ဆောင်ခဲ့ရာ ဗြိတိသျှ ရုပ်ရှင်နှင့် ရုပ်/သံ ဇာတ်လမ်း အကယ်ဒမီထူးချွန်ဆုပေးပွဲ၏ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုအား ရရှိခဲ့ပြန်လေသည်။ ထို့ပြင် ၂၀၁၄ ခုနှစ်တွင် တိုင်းမ် မဂ္ဂဇင်း၏ နှစ်စဉ်ထုတ်ပြန်နေကြစာရင်းတစ်ခုဖြစ်သော ကမ္ဘာပေါ်တွင် ဩဇာတိက္ကမအရှိဆုံးလူပုဂ္ဂိုလ်အယောက် (၁၀၀) စာရင်း၌လည်း ထည့်သွင်းဖော်ပြခြင်းခံခဲ့ရလေသည်။ ၂၀၁၅ ခုနှစ်တွင် ကျင်းပခဲ့သော အဲလိဇဘက်-၂ ဘုရင်မကြီး၂၀၁၅ ခုနှစ် မွေးနေ့ဂုဏ်ပြုပွဲ အခမ်းအနား၌ သူ၏ တိုင်းပြည်နှင့် လူမျိုးအပေါ် အနုပညာဖြင့် အလုပ်အကျွေးပြုခြင်းနှင့် ပရဟိတ ဆောင်ရွက်ချက်များအတွက် ဘုရင်မကြီးမှ CBE ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်ချီးမြှင့်၍ သူကောင်းပြုခြင်းကို ခံခဲ့ရသည်။

ဘန်းနဒ္ဒစ် ကမ့်ဘာဘတ်ချ်
CBE
၂၀၁၉ ခုနှစ် စန်ဒီယေဂို ကောမစ်-ကွန်၌တွေ့ရသော ကမ်ဘာဘတ်ချ်
ဇာတိ အမည်Benedict Cumberbatch
မွေးဖွားဘန်းနဒ္ဒစ် တင်မိုသီ ကာလ်တန် ကမ့်ဘာဘတ်ချ်
(1976-07-19) ၁၉ ဇူလိုင်၊ ၁၉၇၆ (အသက် ၄၇)
ဟမ်းမားစမစ်သ်လန်ဒန်၊ အင်္ဂလန်
မိခင်ကျောင်း
အလုပ်အကိုင်သရုပ်ဆောင်
တက်ကြွလှုပ်ရှားနှစ်များ၁၉၉၉ ခုနှစ် – လက်ရှိ
ဖန်တီးမှုများစာရင်းအပြည့်အစုံ
အိမ်ထောင်ဖက်(များ)ဆိုဖီဟန်တာ (လက်ထပ် ၂၀၁၅)
သားသမီး
မိဘများ
ဆွေမျိုးသားချင်း
ရရှိသည့်ဆုများစာရင်းအပြည့်အစုံ
လက်မှတ်

ကမ့်ဘာဘတ်ချ်သည် မန်ချက်စတာ ဝိတိုရိယ တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့ပြီးသည့်နောက် လန်ဒန် ဂီတနှင့် ပြဇာတ်ဆိုင်ရာ အနုပညာအကယ်ဒမီကျောင်းသို့ ဆက်လက်တက်ရောက်သင်ကြားခဲ့ပြီး ဂန္ဒဝင်သရုပ်ဆောင်ပညာ ဘာသာရပ်ဖြင့် အနုပညာ မဟာဘွဲ့ကို ရရှိခဲ့သည်။[၂] သူ၏ ပထမဦးဆုံးသော ဖျော်ဖြေတင်ဆက်မှုများမှာ ၂၀၀၅ ခုနှစ်တွင် ရှိတ်စပီးယား ပြဇာတ်များဖြင့် ရီဂျန့်စ်ပန်းခြံ လေဟာပြင်ပြဇာတ်ရုံတွင် သရုပ်ဆောင်ခဲ့ခြင်း၊ ဝက်စ်အန့်ဒ် ပွဲဦးထွက်ဖြစ်သည့် ဟဒ္ဒါဂက်ဘလာ ထုတ်လုပ်ခဲ့သော ရစ်ချတ် အယ်ရ် ပြဇာတ်၌ ပါဝင်သရုပ်ဆောင်ခဲ့ခြင်းတို့ဖြစ်သည်။ ထိုအချိန်မှ စတင်ခဲ့ပြီး နောင်တွင် တော်ဝင် အမျိုးသားပြဇာတ်ရုံတွင် ပြုလုပ်ခဲ့သည့် ဖျော်ဖြေတင်ဆက်မှုများဖြစ်သော ကပွဲ အလွန် (၂၀၁၀ ပြဇာတ်)နှင့် ဖရန့်ကင်စတိုင်း (၂၀၁၁ ပြဇာတ်)တို့တွင် သရုပ်ဆောင်ခဲ့သည်။ ၂၀၁၅ ခုနှစ် ဘာဘီကန် ပြဇာတ်ရုံတွင် ရှိတ်စပီးယား၏ လက်ရာများထဲမှ တစ်ခုဖြစ်သော ဟမ်လတ်ပြဇာတ်ဇာတ်လိုက် နေရာတွင် သရုပ်ဆောင်ခဲ့သည်။

ကမ့်ဘာဘချ့်၏ ရုပ်/သံဇာတ်လမ်းဆိုင်ရာ အနုပညာသရုပ်ဆောင်မှုများ၌ စတီဖင်ဟော့ကင်းအဖြစ် သူပါဝင် သရုပ်ဆောင်ခဲ့သည့် ၂၀၀၄ ခုနှစ်၌ ထုတ်လွှင့်ခဲ့သော ဟော့ကင်း ရုပ်မြင်သံကြားဇာတ်လမ်းလည်း အပါအဝင်ဖြစ်သည်။ သူသည် ၂၀၁၀ မှ ၂၀၁၇ ခုနှစ်အထိ ထုတ်လွှင့်ခဲ့သော ဘီဘီစီရှားလော့ခ် ဇာတ်လမ်းတွဲမှ ရှားလော့ခ်ဟုမ်း ဇာတ်ကောင်နေရာ၌ သူ၏ သရုပ်ဆောင်မှုအား ကမ္ဘာတဝှမ်းလုံးမှ အသိအမှတ်ပြုခြင်းကို ခံခဲ့ရသည်။ ထို့ပြင် တွမ်စတော့ပတ် ဇာတ်ညွှန်းရေးသားသည့် စစ်ရေးပြ၏ အဆုံးသတ် (၂၀၁၂)၊ အခေါင်းပေါက်ပါသော သရဖူ။ နှင်းဆီစစ်ပွဲများ (၂၀၁၆) ဇာတ်လမ်းတွဲ၊ ပက်ထရစ် မဲလ်ရို့စ် (၂၀၁၈) ဇာတ်လမ်းတွဲနှင့် ဘရက်ဇစ်။ ရိုင်းစိုင်းလှသော စစ်ပွဲ (၂၀၁၉) ရုပ်မြင်သံကြားဇာတ်လမ်း စသည့်တို့၏ သရုပ်ဆောင်မှုများ၌လည်း နာမည်ကျော်ကြားခဲ့သည်။

ရုပ်ရှင်ဇာတ်ကားများအနေဖြင့် Amazing Grace (၂၀၀၆) ရုပ်ရှင်တွင် William Pitt the Younger အဖြစ်လည်းကောင်း၊ Star Trek Into Darkness (၂၀၁၃) ရုပ်ရှင်တွင် Khan အဖြစ်လည်းကောင်း၊ 12 Years a Slave (၂၀၁၃) ရုပ်ရှင်တွင် William Prince Ford အဖြစ်လည်းကောင်း၊ ပဉ္စမ မဏ္ဍိုင် (၂၀၁၃) ရုပ်ရှင်တွင် ဂျူလီယန် အက်စ်ဆန်းအဖြစ် နှင့် လှည့်စားမှု ကစားပွဲ (၂၀၁၄) ရုပ်ရှင်တွင် အလန် ကျူးရင်း အဖြစ်လည်းကောင်း သရုပ်ဆောင်ခဲ့သည်။ ၎င်းတို့အပြင် သူသည် သမိုင်းကြောင်းနောက်ခံ ရုပ်ရှင်များဖြစ်သော The Current War (၂၀၁၇)၊ 1917 (၂၀၁၉) နှင့် The Courier (၂၀၂၀) ရုပ်ရှင်တို့တွင်လည်း သရုပ်ဆောင်ခဲ့သည်။ ၂၀၁၂ မှ ၂၀၁၄ ခုနှစ်ကာလများတွင် သူသည် ဟော့ဘစ် ရုပ်ရှင်ကားကြီးများ၌လည်း Smaugနဂါး နှင့် Sauron ဇာတ်ကောင်နေရာများတွင် နောက်ခံစကားပြောနှင့် လှုပ်ရှားရုပ်ပုံဖမ်းယူမှု မှတဆင့် သရုပ်ဆောင်ခဲ့သည်။ မာဗယ်လ် ရုပ်ရှင်ဇာတ်လမ်းကမ္ဘာ၏ ဇာတ်လမ်းနောက်ခံတွဲစပ်ထားသည့် စူပါဟီးရိုး ရုပ်ရှင်ကားများဖြစ်သော ဒေါက်တာ စထရိန့်ချ် (၂၀၁၆)၊ သောရ်။။ ရဂ်နာ့ရော့ (၂၀၁၇)၊ Avengers: Infinity War (၂၀၁၈)၊ Avengers: Endgame (၂၀၁၉) စသည့် ရုပ်ရှင်ကားကြီးများတွင် ဒေါက်တာ စတက်ဖန်စထရိန့် ဇာတ်ကောင်အဖြစ် သရုပ်ဆောင်ခဲ့ပြီး၊ ပင့်ကူ-လူသား။ ။ အိမ်ပြန်လမ်းဝေး (၂၀၂၁) နှင့် ရူးသွပ်မှု၏ အနန္တစကြဝဠာမျိုးစုံအတွင်းဝယ် ဒေါက်တာ စထရိန့်ချ် (၂၀၂၂) ရုပ်ရှင်ဇာတ်ကားကြီးများတွင်လည်း ၎င်းဇာတ်ကောင်နေရာ၌ပင် ထပ်မံရိုက်ကူးရန်စီစဉ်ထားသည်။

အနုပညာ လုပ်ဆောင်မှုများ

ပြဇာတ်

၂၀၁၁ ဧပြီ၌ ဖရန့်ကင်စတိုင်း ပြဇာတ်အတွက် အစမ်း လေ့ကျင့်နေစဉ်

၂၀၀၁ ခုနှစ်ကတည်းကစ၍ ကမ့်ဘာဘချ့်သည် ရီဂျန့်စ်ဥယျာဉ် လေဟာပြင်ပြဇာတ်ရုံအယ်မေဒါ ပြဇာတ်ရုံ၊ တော်ဝင်တရားရုံး ပြဇာတ်ရုံ နှင့် တော်ဝင်အမျိုးသားပြဇာတ်ရုံများတွင် များစွာသော ပြဇာတ်များ၌ အဓိကဇာတ်ကောင်‌နေရာမှ ပါဝင်သရုပ်ဆောင်ခဲ့သည်။ Hedda Gabler တွင် George Tesman အဖြစ် ဇာတ်ပို့နေရာမှ သူ၏ အကောင်းဆုံးပံ့ပိုး သရုပ်ဆောင်ခဲ့မှုအတွက် အိုလစ်ဗီးယား ဆု ဆန်ခါတင်စာရင်း၌ ထည့်သွင်းခံခဲ့ရပြီး ၎င်းမှာ အယ်မေဒါ ပြဇာတ်ရုံတွင် ၂၀၀၅ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့၌ သရုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး၊ ၂၀၀၅ ခုနှစ်၊ မေလ ၁၉ ရက်နေ့တွင် ၎င်းပြဇာတ်သည် ဝက်စ်အန့်ဒ် ဇာတ်ရုံများဆီသို့ ပြောင်းရွေ့သွားသည်။[၃] ထိုပြောင်းရွှေ့မှုသည် သူ၏ ဝက်စ်အန့်ဒ် ပွဲဦးထွက် အမှတ်သညာ ဖြစ်သည်။[၄]

ရုပ်မြင်သံကြား ဇာတ်လမ်း

သူ၏ အစောပိုင်းကာလမှ ရုပ်/သံဇာတ်လမ်းဆိုင်ရာ သရုပ်ဆောင်မှုများအနေဖြင့် မတူညီသည့် ဇာတ်ရုပ် နှစ်ရုပ်တွင် ဧည့်သရုပ်ဆောင်အနေဖြင့် ပါဝင်ခဲ့သော Heartbeat (၂၀၀၀~၂၀၀၄)၊ Tipping the Velvet (၂၀၀၂) ရုပ်/သံ ဇာတ်လမ်းတွင် ဖရက်ဒီ အဖြစ်လည်းကောင်း၊ Cambridge Spies (၂၀၀၃) ရုပ်/သံ ဇာတ်လမ်းတွင် အက်ဒွပ် အဖြစ် နှင့် ITVလေးဆယ်ကျော် (၂၀၀၃) ဟာသ ဒရာမာ ရုပ်/သံဇာတ်လမ်းတွဲတွင် ရော်ရီ အဖြစ်လည်းကောင်း ပါဝင်သရုပ်ဆောင်ခဲ့သည်။ ထို့ပြင် Spooks ဇာတ်လမ်းတွဲ နှင့် Silent Witness ဇာတ်လမ်းတွဲတို့တွင်လည်း ပါဝင်ခဲ့သေးသည်။ ၂၀၀၄ ခုနှစ်၌ ဟော့ကင်း ဇာတ်လမ်းတွင် စတီဖင်ဟော့ကင်းအဖြစ် သရုပ်ဆောင်ခဲ့ခြင်းမှာ ရုပ်/သံဇာတ်လမ်းများတွင် သူ၏ ပထမဦးဆုံး အဓိက ဇာတ်ကောင်နေရာ၌ သရုပ်ဆောင်ရခြင်း ဖြစ်လေသည်။ သူသည် ဗြိတိသျှ ရုပ်/သံ အကယ်ဒမီထူးချွန်ဆုပေးပွဲ၏ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုအတွက် အမည်စာရင်းတင်သွင်းခြင်းခံရသည့်အပြင် မွန်တီ-ကာလို ရုပ်/သံဇာတ်လမ်းပွဲတော်တွင် အကောင်းဆုံး ရုပ်/သံ အမျိုးသားဇာတ်ဆောင် Golden Nymph ဆုကို ဆွတ်ခူးခဲ့သည်။ နောက်ပိုင်းတွင် Curiosity ရုပ်မြင်သံကြားဇာတ်လမ်းတွဲ၏ ပထမအတွဲတွင် ဟော့ကင်း အသံနေရာမှ ပံ့ပိုးပေးခဲ့သည်။ ဘီဘီစီDunkirk ရုပ်/သံဇာတ်လမ်းတွဲတွင်လည်း ဗိုလ် ဂျင်မီလန်းဂ်လေး အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သည်။[၅]

လန်ဒန်မြို့၊ တရုတ်တန်းရှားလော့ခ် ဇာတ်လမ်းတွဲအား ရိုက်ကူးနေစဉ်

၂၀၁၀ ခုနှစ်တွင် ကမ့်ဘာဘတ်ချ်သည် ဗင်ဂိုး။။ စာလုံးများဖြင့် ရေးခြယ်ခဲ့သူ (အင်္ဂလိပ်: Van Gogh: Painted with Words) ရုပ်/သံ ဇာတ်လမ်း၌ ဗင်းဆင့် ဗန်ဂိုး ဇာတ်ရုပ်အား ပုံဖော်သရုပ်ဆောင်ခဲ့သည်။ ဒေးလီး တယ်လီဂရပ်ဖ် မှ သူ၏ သရုပ်ဆောင်မှုအား ခံစားသက်ဝင်စွာဖြင့် ဗန်ဂိုးအား မျက်စိရှေ့မှောက်သို့ ဆောင်ကျဉ်းလာသော မျက်ဝန်းလဲ့ပြာပိုင်ရှင်၏ အသက်ဝင်မှု ဟူ၍ မှတ်ချက်ပြုခဲ့သည်။[၆] ၎င်းနှစ်၌ပင် သူသည် BBC / PBS တို့ ပူးပေါင်း တင်ဆက်သည့် ရှားလော့ခ် ရုပ်/သံဇာတ်လမ်းတွဲတွင် ရှားလော့ခ်ဟုမ်း ဇာတ်ကောင်နေရာ၌ စတင်သရုပ်ဆောင်ခဲ့ပြီး၊ လူအများ၏ ချီးကျူးထောပနာပြုခြင်းခံခဲ့ရသည်။[၇][၈][၉] ဇာတ်လမ်း၏ ဒုတိယအတွဲအား ယူနိုက်တက်ကင်းဒမ်းတွင် ၂၀၁၂ နှစ်သစ်ကူးနေ့၌ ထုတ်လွှင့်ခဲ့ပြီး၊[၁၀] အမေရိကန်ပြည်ထောင်စုတွင် ၂၀၁၂ ခုနှစ် မေလ၌ PBS မှ ထုတ်လွှင့်ခဲ့လေသည်။[၁၁] ဇာတ်လမ်း၏ တတိယအတွဲအား PBS မှ ၂၀၁၄ ခုနှစ် ဇန်နဝါရီလ မှ ဖေဖော်ဝါရီလ ထိ သုံးပတ်ကြာထုတ်လွှင့်ခဲ့သည်။ ကမ့်ဘာဘတ်ချ် သည် ၎င်းတတိယအတွဲ၏ အပိုင်းခွဲဇာတ်လမ်းဖြစ်သော 'သူ၏ နောက်ဆုံးကတိသစ္စာ' အမည်ရှိ ဇာတ်လမ်းအပိုင်းအတွက် အမ်မီဆုများထဲမှ ဇာတ်လမ်းတွဲတို (သို့) ရုပ်ရှင် ထူးချွန်သူ အမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့သည်။ ကမ့်ဘာဘတ်ချ်သည် SuperWhoLock ဟုခေါ်သော ဆိုရှယ်မီဒီယာ Tumblr ရှိ 'Big Three' fandoms ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။[၁၂] ၂၀၁၅ ခုနှစ် ဧပြီလတွင် ကမ့်ဘာဘတ်ချ် သည် သူ၏ ဆဌမမြောက်သော ဗြိတိသျှ ရုပ်မြင်သံကြားဆိုင်ရာ အကယ်ဒမီ ဆုပေးပွဲ၏ အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆု ဖြစ်လာစေမည့် ဆုအတွက် လျာထားအမည်စာရင်းအား သူ၏ ရှားလော့ခ် ဇာတ်လမ်း တတိယအတွဲ အတွက် စာရင်းတင်သွင်းခြင်း ခံခဲ့ရသည်။[၁၃][၁၄] ထို့ပြင် ၂၀၁၆ ခုနှစ်တွင်လည်း သူသည် ရှားလော့ခ်ဇာတ်လမ်းတွဲမှ စက်ဆုပ်ရွံရှာဖွယ်ရာ သတို့သမီး အပိုင်း ဇာတ်လမ်းအတွက် အမ်မီ၏ ဇာတ်လမ်းတွဲတို (သို့) ရုပ်ရှင် ထူးချွန်သူ အမျိုးသား ဇာတ်ဆောင်ဆုအတွက် ထပ်မံ၍ အမည်စာရင်းတင်သွင်းခြင်းခံရသည်။[၁၅]

၂၀၁၂ ခုနှစ်တွင် ကမ့်ဘာဘတ်ချ်သည် ဘီဘီစီ နှင့် HBO တို့ ပူးပေါင်း၍ ရိုက်ကူးထုတ်လုပ်သော စစ်ရေးပြ၏ အဆုံးသတ် ဇာတ်လမ်းတွဲတွင် မင်းသမီး ရေဗက္ကာဟောလ်နှင့်အတူတွဲဖက်၍ ခေါင်းဆောင်မင်းသားနေရာမှ သရုပ်ဆောင်ခဲ့သည်။ ၎င်းသည် အမည်တူ မူရင်းဝတ္ထုအား ပြန်လည်ဆန်းသစ်ထားသော Ford Madox Ford ၏ ဝတ္တုကို အခြေခံကာ တွမ်စတော့ပတ်ဒ်၏ ဇာတ်ညွှန်းဖြင့် ဒါရိုက်တာ Susanna White မှ အပိုင်း(၅)ပိုင်းပါသော ဇာတ်လမ်းတွဲအဖြစ် ရိုက်ကူးခဲ့ခြင်းဖြစ်သည်။[၁၆][၁၇] ထိုနှစ် ဧပြီလတွင် သူသည် ဗြိတိသျှနှင့် အမေရိကနှစ်ခုလုံး၌ ထုတ်လွှင့်ခဲ့သော အခေါင်းပေါက်ပါသော သရဖူ ဇာတ်လမ်းတွဲ၏ ဒုတိယအတွဲတွင် ရှိတ်စပီးယား ပြဇာတ်၏ ဇာတ်ကောင် ရစ်ချက်-၃နေရာ၌ ယင်းအမည်ဖြင့်ပင် ဇာတ်ကြောင်းအား ပုံဖော်သရုပ်ဆောင်မည်ဟု ကြေညာခဲ့သည်။[၁၈] ကမ့်ဘာဘတ်ချ် သည် ၂၀၁၄ ခုနှစ်မှစ၍ ဒန်လော့ပ် တာယာ နှင့် ဂျက်ဂွါးဇိမ်ခံကားလုပ်ငန်းများ၏ အမှတ်တံဆိပ် သံတမန်တစ်ဦးလည်း ဖြစ်လာလေသည်။[၁၉][၂၀]

ရုပ်ရှင်

၂၀၀၆ ခုနှစ်တွင် ကမ့်ဘာဘတ်ချ်သည် Amazing Grace (၂၀၀၆) ရုပ်ရှင်တွင် ၁၈ ရာစုနှောင်းနှင့် ၁၉ ရာစုအစောပိုင်းမှ ဗြိတိသျှပါလီမန်အမတ်ဖြစ်သူ William Pitt theYounger အဖြစ် သရုပ်ဆောင်ခဲ့ပြီး သူ့အား London Film Critics Circle ဆုပေးပွဲမှ "ဗြိတိန်၏ အောင်မြင်ကျော်ကြားသော သရုပ်ဆောင်ဆု" အတွက် ဆန်ခါတင်စာရင်းဝင်ခဲ့သည်။[၂၁] ၂၀၀၇ ခုနှစ်တွင် ကမ့်ဘာဘတ်ချ်သည် အပြစ်ဖြေရာ ရုပ်ရှင်၌ ပါဝင်ခဲ့ပြီး ဂါးဒီးယန်း သတင်းစာ၏ မှတ်ချက်အား ကိုးကား၍ ဖော်ပြရလျှင် ၎င်းရုပ်ရှင်သည် "အောင်မြင်ခဲ့သော ရုပ်ရှင်ဇာတ်ကားကြီးများ၏ တစိတ်တဒေသအဖြစ် သူ ပါဝင်သရုပ်ဆောင်ခဲ့မှုများ" ထဲမှ တစ်ခုဖြစ်ပြီး၊ နောင်တွင် ရှားလော့ခ် ဇာတ်လမ်းတွဲ၌ သူ့အား သရုပ်ဆောင်စေခဲ့သော ဆူးဗာတူး နှင့် စတီဖင်မော့ဖတ် တို့၏ စိတ်ဝင်စားမှုကိုလည်း ခံခဲ့ရလေသည်။[၂၂] ၂၀၀၈ ခုနှစ်တွင် သူသည် The Other Boleyn Girl ရုပ်ရှင်၌ ဇာတ်ပို့ အခန်းကဏ္ဍမှ ပါဝင် သရုပ်ဆောင်ခဲ့ပြီး၊ နောက်တစ်နှစ်တွင် ချားလ်စ် ဒါဝင်၏ အတ္ထုပ္ပတ္တိအား ရိုက်ကူးထားသော Creation (၂၀၀၉) ရုပ်ရှင်တွင် ဒါဝင်၏ သူငယ်ချင်း ဂျိုးဆက် ဟွတ်ကာ အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သည်။ သူသည် ၂၀၁၀ ခုနှစ်၏ သတင်းပေးသူ နှင့် ခြင်္သေ့လေးကောင် ရုပ်ရှင်များတွင်လည်း ထင်ရှားခဲ့သည်။ စာရေးဆရာ John le Carré၏ ဝတ္တုအား ဇာတ်ညွှန်း ပြင်ဆင်ရေးသား ရိုက်ကူးခဲ့သည့် Tinker Tailor Soldier Spy (၂၀၁၁) ရုပ်ရှင်တွင်လည်း ဂျော့ချ် စမိုင်လေ ၏ ညာလက်ရုံး Peter Guillam အဖြစ် ပုံဖော် သရုပ်ဆောင်ခဲ့လေသည်။ ၎င်းဇာတ်ကားအား သောမတ်စ် အဲဖရက်စံ မှ ဒါရိုက်တာလုပ်ပြီး ဂယ်ရီအိုးမန်း နှင့် ကော်လင်ဖတ် တို့ ပါဝင်သရုပ်ဆောင်ထားသည်။[၂၃] ကမ့်ဘာဘတ်ချ် သည် ၂၀၁၁ ခုနှစ်တွင် စတီဗင် စပီးလ်ဘတ်ခ်War Horse ရုပ်ရှင်၌လည်း ဗိုလ်မှူး ဂျမ်မီစတီးဝပ်အဖြစ် သရုပ်ဆောင်ခဲ့သေးသည်။[၂၃]

၂၀၁၄ ခုနှစ် စက်တင်ဘာလ TIFF တွင် The Imitation Game ရုပ်ရှင်၏ ပွဲဦးထွက်၌ တွေ့ရစဉ်

၂၀၁၂ ခုနှစ်တွင် ကမ့်ဘာဘတ်ချ်သည် ဟော့ဘစ် ဝတ္တုကို ရိုက်ကူးထားသော ရုပ်ရှင်ဇာတ်ကားများထဲမှ တစ်ခုဖြစ်သော ဟော့ဘစ်။ မျှော်လင့်မထားသော ခရီးစဉ် ရုပ်ရှင်တွင် စမဂ် နဂါးနှင့် ဆော်ရွန် ဇာတ်ကောင် နှစ်ခုစလုံး၏ အသံနှင့် လှုပ်ရှား-ရုပ်ပုံဖမ်းယူမှုများတွင် ပံ့ပိုးပေးခဲ့သည်။[၂၄] သူသည် ၎င်း ဟော့ဘစ် ရုပ်ရှင်၏ နောက်ဆက်တွဲရုပ်ရှင်များဖြစ်သော ဟော့ဘစ်။ စမဂ် နဂါး၏ ဖျက်ဆီးမှု (၂၀၁၃)နှင့် ဟော့ဘစ်။ တပ်တော်ငါးခု၏ စစ်ပွဲ (၂၀၁၄) ရုပ်ရှင်များတွင်လည်း စမဂ် နဂါး နှင့် Sauron ဇာတ်ကောင် နှစ်ခု၏ အခန်းကဏ္ဍများ၌ ထပ်မံပြန်လည်၍ သရုပ်ဆောင်ခဲ့သည်။[၂၅][၂၆]

၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလတွင် ခတ္တမန္ဒုမြို့ Doctor Strange ရုပ်ရှင်ဆက်တင်၌ တွေ့ရသော ကမ့်ဘာဘတ်ချ်

၂၀၁၃ ခုနှစ်တွင် ကမ့်ဘာဘတ်ချ် သည် JJ Abrams ၏ နောက်ဆက်တွဲဖြစ်သော Star Trek Into Darkness ရုပ်ရှင်တွင် ဇာတ်လမ်း၏ ရန်သူတော် Khan အဖြစ်ပါဝင်ခဲ့သည်။[၂၇][၂၈] ၂၀၁၃ ခုနှစ် ဒုတိယနှစ်ဝက်အတွင်း သူပါဝင် သရုပ်ဆောင်ခဲ့သော ရုပ်ရှင်ဇာတ်ကား(၄)ကားအနက် တိုရွန်တိုနိုင်ငံတကာရုပ်ရှင်ပွဲတော်၌ ပြသခဲ့သော ရုပ်ရှင်ဇာတ်ကား(၃)ကားမှာ - ဝီကီလိစ် တည်ထောင်သူ ဂျူလီယန် အက်စ်ဆန်းအဖြစ် သူသရုပ်ဆောင်ခဲ့သော The Fifth Estate၊ ကျွန်ပိုင်ရှင် William Prince Ford အဖြစ် သရုပ်ဆောင်ခဲ့သော 12 Years a Slave နှင့် Charles Aiken အဖြစ် သရုပ်ဆောင်ခဲ့သည့် August: Osage County ရုပ်ရှင်တို့ဖြစ်သည်။[၂၉]

ကမ့်ဘာဘတ်ချ် အသံဖြင့် ပါဝင် သရုပ်ဆောင်ခဲ့သည့် DreamWorks Animation ၏ အထူးလက်ရာ Penguins of Madagascar Animation ရုပ်ရှင်မှာ ၂၀၁၄ ခုနှစ် နိုဝင်ဘာလ၌ ရုံတင် ဖြန့်ချိခဲ့သည်။[၃၀][၃၁] ထို့နောက် သူသည် ၂၀၁၄ ခုနှစ် နိုဝင်ဘာလတွင် ဖြန့်ချိခဲ့သော သမိုင်းဝင် ဒရာမာဇာတ်လမ်းဖြစ်သော The Imitation Game ရုပ်ရှင်ကားကြီး၌ ဗြိတိသျှ လျှို့ဝှက်သင်္ကေတ ဝှက်စာဖော်သမား အလန်ကျူးရင်းအဖြစ် သရုပ်ဆောင်ခဲ့လေသည်။ ၎င်းရုပ်ရှင်၌ ပါဝင်ခဲ့သည့် သရုပ်ဆောင်မှု အခန်းကဏ္ဍသည် သူ့အား ရွှေကမ္ဘာလုံးဆု၊ BAFTA၊ SAG နှင့် အကောင်းဆုံး အမျိုးသားဇာတ်ဆောင် အကယ်ဒမီဆုများ၏ ဆန်ခါတင်စာရင်း၌ ဝင်စေခဲ့သည်။[၃၂][၃၃][၃၄] ၂၀၁၄ ခုနှစ် မေလတွင် သူသည် Warner Bros. မှ ဖြန့်ချိခဲ့သော Black Mass ရုပ်ရှင်ကားတွင် မင်းသား ဂျွန်နီဒပ် နှင့်အတူ ၎င်း၏ ဆန့်ကျင်ဘက် ဇာတ်ကောင်နေရာမှ သရုပ်ဆောင်ခဲ့သည်။[၃၅]

Doctor Strange ဇာတ်ကောင်အဖြစ် ကမ့်ဘာဘတ်ချ် သရုပ်ဆောင်ခဲ့သော ရုပ်ရှင်များမှာ ၎င်းဇာတ်ကောင်၏ အမည်ဖြင့်ပင် ၂၀၁၆ ခုနှစ် နိုဝင်ဘာလ၌ ရုံတင် ဖြန့်ချိခဲ့သော ဒေါက်တာ စထရိန့်ချ် (၂၀၁၆)၊[၃၆] ၂၀၁၈ ခုနှစ် ဧပြီလတွင် ရုံတင်ဖြန်ချိခဲ့သော en:Avengers: Infinity War (၂၀၁၈) ရုပ်ရှင်[၃၇] နှင့် ၂၀၁၉ ခုနှစ် ဧပြီလ၌ ရုံတင်ဖြန့်ချိခဲ့သည့် Avengers: Endgame (၂၀၁၉) ရုပ်ရှင်ဇာတ်ကားကြီးများ ဖြစ်လေသည်။ သူသည် ၂၀၁၇ ခုနှစ် စက်တင်ဘာလ တွင် The Current War ရုပ်ရှင်၌ Thomas Edison အဖြစ်လည်း သရုပ်ဆောင်ခဲ့သည်။[၃၈] ၂၀၁၈ ခုနှစ်၌ ကမ့်ဘာဘတ်ချ်သည် The Grinch အန်နီမေးရှင်း ရုပ်ရှင်၏ခေါင်းစဉ် ဇာတ်ကောင်အဖြစ် အသံ သရုပ်ဆောင်ခြင်း၊[၃၉] မောဂ္ဂလိ။ တောတွင်းဒဏ္ဏာရီ အန်နီမေးရှင်းရုပ်ရှင်တွင် ကျားကြီး သျှီရာခဏ် ဇာတ်ကောင်အဖြစ် အသံနှင့် လှုပ်ရှားပုံရိပ် ဖမ်းယူမှုများတွင် သရုပ်ဆောင်ခဲ့သည်။[၄၀] ၂၀၁၉ ခုနှစ်တွင် ဒါရိုက်တာ Sam Mendes ရိုက်ကူးခဲ့သည့် ပထမကမ္ဘာစစ် ဇာတ်လမ်းဖြစ်သော 1917 ရုပ်ရှင်တွင် ဗြိတိသျှ ဗိုလ်မှူးကြီး မက္ကန်ဇီ အဖြစ် သရုပ်ဆောင်ခဲ့လေသည်။[၄၁]

ဇာတ်လမ်း နောက်ခံစကားပြော

ကမ့်ဘာဘတ်ချ်သည် National Geographic နှင့် Discovery တို့၏ မှတ်တမ်းရုပ်ရှင်များစွာ၌ နောက်ခံစကားပြော၍ သရုပ်ဖော်ပေးခဲ့သည်။ သူသည် CasanovaThe Tempestတေးဂီတဖန်တီးမှုအဖြူရောင်လည်စီး၌ သေဆုံးခြင်းရာဇဝတ်မှုမှ အနုပညာရှင်များ၊ တွမ် နဲ့ ဗိဗ်၊ ရှားလော့ခ်ဟုမ်း။ ။ နောက်တဖန်စူးစမ်းရှာဖွေခဲ့ရသော ရထားသံလမ်းပေါ်မှ ဖြစ်ရပ်ဆန်းများနှင့် အခြားဇာတ်ကြောင်းများ စသည်တို့အပါအဝင် စကားသံစာအုပ်များစွာကို နောက်ခံစကားပြောအနေဖြင့် ဖတ်ပြခဲ့လေသည်။

ဂီတ

၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့တွင် ကမ့်ဘာဘတ်ချ် သည် တော်ဝင်အဲလ်ဘတ်ခန်းမ၌ ကျင်းပခဲ့သော ဂီတပညာရှင်များ၏ လန်ဒန်မှ ရှိုးပွဲများထဲမှ တစ်ခု၌ Pink Floyd အဖွဲ့ဝင် ဒေးဗစ်ဂေမော် နှင့်အတူ စင်မြင့်၌ တင်ဆက်ဖျော်ဖြေခဲ့ဖူးသည်။ သူသည် ရော်ဂျာဝေါ်တား သီဆိုခဲ့သည့် "Comfortably Numb" သီချင်းအား ပင်တိုင်သီဆိုသူနေရာမှ မူရင်းအဆိုရှင်အသံ နောက်ခံတွဲစပ်မှုဖြင့် သီဆိုခဲ့သည်။[၄၂]

ထုတ်လုပ်ရေးကုမ္ပဏီ

ကမ့်ဘာဘတ်ချ်၊ အဒမ် အက်လန်း၊ ဇာတ်ညွှန်း ဒါရိုက်တာ ပတ်ထရစ် မွန်ရို၊ ညှိနှိုင်းရေးမှူး ဘန်းဒေလွန်နှင့် ထုတ်လုပ်ရေး မန်နေဂျာ အဒမ် ဆယ်လ်ဗက်စ် တို့သည် ၂၀၁၃ ခုနှစ် နှောင်းပိုင်း၌ SunnyMarch Ltd. ထုတ်လုပ်ရေးကုမ္ပဏီ အား စတင်တည်ထောင်ခဲ့ကြသည်။[၄၃]

ကုမ္ပဏီ၏ စာတန်းခေါင်းစဉ်အောက်၌ သူတို့၏ ပထမဆုံး ပရောဂျက်သည် စုပေါင်းစပ်ပေါင်းရန်ပုံငွေ ပေါင် ၈၇၀၀၀ ဖြင့် ရိုက်ကူးထားသော Little Favor ရုပ်ရှင်ဖြစ်ပြီး၊ ၎င်းရုပ်ရှင်တွင် ကမ့်ဘာဘတ်ချ် ခေါင်းဆောင်မင်းသားနေရာမှ သရုပ်ဆောင်ခဲ့ပြီး ဇာတ်ညွှန်းနှင့် ဒါရိုက်တာ Monroe ဖြင့် ရိုက်ကူးခဲ့သည်။ ၎င်း ကြာမြင့်ချိန် မိနစ် ၃၀ စာ ရှိသော အက်ရှင်-သည်းထိတ်ရင်ဖို ဇာတ်ကားအား ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့တွင် iTunes မှတဆင့် နိုင်ငံတကာသို့ ဖြန့်ချိခဲ့သည်။[၄၃][၄၄]

လူထုကြား ပုံရိပ်

ကမ့်ဘာဘတ်ချ် သည် ၂၀၁၀ တွင် ရှားလော့ခ်ဇာတ်လမ်းတွဲ မှ ပထမဇာတ်လမ်းတွဲဖြင့် နိုင်ငံတကာမှ အသိအမှတ်ပြုမှုကို ရရှိခဲ့သည်။[၄၅][၄၆][၄၇] သူသည် ဆန့်ကျင်ဘက်လိင်အား ဆွဲဆောင်နိုင်သူများကို တင်စားခေါ်ဝေါ်လေ့ရှိသည့် "The Thinking Woman's Crumpet" ဟူ၍ စတင်သုံးနှုန်းခံရချိန်ကတည်းက အင်ပါယာ နှင့် ပီးပဲလ်မဂ္ဂဇင်းများအပါအဝင် များစွာသော "သက်ရှိထင်ရှားရှိသော လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုရှိသူ ပုရိသများ" စာရင်းများ၌ အဓိကပါဝင်သူ တစ်ယောက် ဖြစ်ခဲ့သည်။[၄၈][၄၉][၅၀][၅၁]

မဒမ်တူးဆော့ဒ် ပြတိုက်တွင် ပြသထားသော ကမ့်ဘာဘတ်ချ်၏ ပုံတူဖယောင်းရုပ်

ပရဟိတ ဆောင်ရွက်မှုများ

ကမ့်ဘာဘတ်ချ် သည် ချားစ် မင်းသားသယ်ပရင့်စ် ထရက်စ် ပရဟိတအဖွဲ့ကြီး၏ သံတမန်တစ်ဦး ဖြစ်လေသည်။[၅၂][၅၃] သူသည် Odd Arts၊ Anno's Africa နှင့် Dramatic Need အပါအဝင် အနုပညာ-ရှေ့ရှု၍ ချို့တဲ့လူငယ်များအား ကူညီသော အဖွဲ့အစည်းများ၏ နာယကဖြစ်သည်။[၅၄][၅၅][၅၆] စတီဖင်ဟော့ကင်း အဖြစ် ပုံဖော်သရုပ်ဆောင်စဉ် ၂၀၀၄ ခုနှစ်ကတည်းက သူသည် Motor Neurone ရောဂါ အသင်း၏ သံတမန်တစ်ဦး ဖြစ်ခဲ့ပြီး၊ ၂၀၁၅ ခုနှစ်တွင် နာယက ဖြစ်လာကာ[၅၇] ၂၀၀၄ ခုနှစ်၌လည်း အဖွဲ့အစည်းအတွက် Ice Bucket Challenge ကို ပြုလုပ်ခဲ့သည်။[၅၈] သူသည် Amyotrophic Lateral Sclerosis Association ၏အကျိုးအတွက် ပြန်လည် ထူထောင်ရေးရန်ပုံငွေတစ်ခုကိုလည်း မတည်ခဲ့သည်။[၅၉][၆၀][၆၁] ကမ့်ဘာဘတ်ချ်သည် ဝေလို ဖောင်ဒေးရှင်း နှင့် ကလေးများအတွက် သောမတ်စ်ကော်ရံ ဖောင်ဒေးရှင်းများအပါအဝင် အလှူအတန်းများနှင့် ရန်ပုံငွေရှာဖွေသူများအတွက် အနုပညာလက်ရာများကိုလည်း လှူဒါန်းခဲ့လေသည်။[၆၂][၆၃]

ကမ့်ဘာဘတ်ချ် (ဘယ်မှ ညာသို့ ဆဋ္ဌမမြောက်၊ ရပ်လျှက်)နှင့် The Children Monologues တို့၏ သရုပ်ဆောင်မှုအား ၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် လန်ဒန်မြို့ရှိ အိုးဗစ်ပြဇာတ်ရုံ၌ ပြုလုပ်ခဲ့ကြသည်။

၂၀၁၄ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့တွင် စိန့်ဂျိမ်းစ်နန်းတော်ကြင်ယာတော် ဖိလစ်မင်းသားနှင့်အတူ ကမ့်ဘာဘတ်ချ်သည် လူငယ် (၈၅)ဦးအား အီဒင်ဘက်ဂ်မြို့စားမှ ချီးမြှင့်သည့် ထူးချွန်ဆုကို ပေးအပ်ခဲ့သည်။[၆၄] “ ငါတို့ရဲ့ရည်မှန်းချက်က ဒီအခွင့်အရေးကို ယူကေတစ်ဝှမ်း သိန်းပေါင်းများစွာသို့ ချဲ့ထွင်ဖို့ပါ ” ဟူ၍ လူငယ်ဆုပေးပွဲအစီအစဉ်တွင် ကမ့်ဘာဘတ်ချ်က ပြောကြားခဲ့သည်။[၆၅]

သူ၏ အနုပညာဖျော်ဖြေတင်ဆက်မှုများနှင့် ပရဟိတဆိုင်ရာ လုပ်ငန်းများအတွက် ၂၀၁၅ ခုနှစ် မွေးနေ့ဂုဏ်ပြုအခမ်းအနားပွဲတွင် ဘုရင်မကြီးမှ CBE အဖြစ်ခန့်အပ်၍ ဂုဏ်ထူးဆောင်ဘွဲ့ ပေးအပ်ခြင်းကို ခံရလေသည်။[၆၆] သူသည် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်နေ့ ဘက်ကင်ဟမ်နန်းတော် တွင် ကျင်းပခဲ့သော ရင်းနှီးမြှုပ်နှံမှုအခမ်းအနား၌ ဘုရင်မကြီးထံမှ ဂုဏ်ပြုဆုကိုလည်း လက်ခံရရှိခဲ့သည်။[၆၇] ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီတွင် ကမ့်ဘာဘတ်ချ် သည် အောက်စ်ဖို့ဒ် တက္ကသိုလ်လေဒီမာဂရက် ခန်းမသို့ ဂုဏ်သရေရှိ ပုဂ္ဂိုလ်အဖြစ် လာရောက်လည်ပတ်ရန် ဖိတ်ကြားခြင်းခံရသည်။[၆၈]

ကိုယ်ပိုင်ဘဝ

၂၀၁၅ ဇူလိုင်လတွင် ကမ့်ဘာဘတ်ချ်နှင့် ဆိုဖီဟန်တာ ဇနီးမောင်နှံအား တွေ့ရစဉ်

သူသည် ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်ပြီး ဘာသာတရား၏ ဒဿနိကဗေဒ၌ စိတ်ဝင်စားကာ တရားရှုမှတ်ခြင်း နှင့် သတိပဌာန်တို့၏ အကျိုးသက်ရောက်မှုတို့ကို ယုံကြည်အလေးအနက်ထားကြောင်း ဖော်ပြခဲ့သည်။[၆၉]

ကမ့်ဘာဘတ်ချ်သည် အင်္ဂလိပ်ပြဇာတ်နှင့် အော်ပရာဒါရိုက်တာဖြစ်သူ ဆိုဖီဟန်တာ နှင့် အိမ်ထောင်ကျခဲ့သည်။ ၁၇ နှစ်တာမျှ ချစ်ကြည်ရင်းနှီးမှု တည်ဆောက်ခဲ့ကြပြီး ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့တွင် တိုင်းစ် သတင်းစာ၏ “မကြာမီကျင်းပမည့် လက်ထပ်ပွဲများ” ကဏ္ဍ၌ ကြေညာခဲ့သည်။[၇၀][၇၁] ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄ ရက်တွင် မင်္ဂလာမောင်နှံနှစ်ဦးသည် အယ်လော့ဝိုက်မောတ္တစ္စတုန်း၌ တည်ရှိသော ၁၂ ရာစု၌ ဆောက်လုပ်ခဲ့သည့် စိန့်ပီတာနှင့် စိန့်ပေါလ်ဘုရားကျောင်း၌ လက်ထပ်ခဲ့ကြပြီး ကြွရောက်ချီးမြင့်လာသည့် ဧည့်ပရိသတ်များအတွက် မောတ္တစ္စတုန်း မြို့တော်ခန်းမ၌ မင်္ဂလာဧည့်ခံပွဲကျင်းပပေးခဲ့သည်။[၇၂] သူတို့ ဇနီးမောင်နှံတွင် ခရစ္စတိုဖာ ကာလ်တန် (၂၀၁၅ ခု၊ ဇွန် ၁ ဖွား)၊[၇၃][၇၄] ဟဲလ်အော့ဒန် (၂၀၁၇ ခု၊ မတ် ၃ ဖွား)၊[၇၅][၇၆] နှင့် ဖင်န် (၂၀၁၉ ခု၊ ဇန်နဝါရီ ၁၁ ဖွား)[၇၇][၇၈] ဟူသော သားယောက်ျားလေး (၃)ဦး ထွန်းကားခဲ့သည်။

သရုပ်ဆောင်မှုများ နှင့် ဂုဏ်ပြုဆုများ

နောက်ထပ်ကြည့်ရန်

ကိုးကား

ပြင်ပလင့်များ

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ