ကမ္ဘာ့လူဦးရေ

ကမ္ဘာ့စုစုပေါင်းလူဦးရေ (သက်ရှိ )

ကမ္ဘာ့လူဦးရေ ဆိုသည်မှာ လက်ရှိအသက်ရှင်လျက်ရှိသော လူသား စုစုပေါင်းဦးရေဖြစ်သည်။ ၂၀၁၇ ဧပြီလ ၂၄ တွင် ကမ္ဘာ့လူဦးရေသည် ခန့်မှန်းခြေ ၇,၅၀၀,၀၀၀,၀၀၀ ရောက်ရှိခဲ့ပြီဖြစ်သည်။[၁] ကုလသမဂ္ဂမှ ကြိုတင်ခန့်မှန်းထားသည်မှာ ကမ္ဘာ့လူဦးရေသည် ၂၁၀၀ ခုနှစ်တွင် ၁၁.၂ ဘီလီယံ တိုးပွားလာမည်ဟုဆိုသည်။[၂]

World population estimates from 1800 to 2100, based on "high", "medium" and "low" United Nations projections in 2015 and UN historical estimates for pre-1950 data
Population growth graph generated with data supplied by World Bank, via Google
World population percentage by country
World population percentage by country

ကမ္ဘာ့လူဦးရေသည် ၁၃၁၅-၁၇ ငတ်မွတ်ခေါင်းပါးမှုကြီးနှင့် ၁၃၅၀ သေမင်းတမန်ကပ်ဆိုး ပြီးကတည်းက ဆက်တိုက်တိုးပွားလာခဲ့သည်။ ယင်းအချိန်က ၃၇၀ မီလီယံခန့်သာ ရှိခဲ့သည်။[၃] တစ်နှစ်လျင် ၁.၈% အထက်သို့ တိုးပွားလာသော အမြင့်ဆုံး ကမ္ဘာ့လူဦးရေ တိုးပွားနှုန်းသည် ၁၉၅၅-၁၉၇၅ ခုနှစ်တွင် ဖြစ်ပွားခဲ့သည်။ ၁၉၈၀ ခုနှစ်များနှောင်းပိုင်း၌ နှစ်စဉ်မွေးဖွားနှုန်းသည် ၁၃၉ မီလီယံခန့်ဖြင့် အမြင့်ဆုံးဖြစ်ခဲ့သည်။[၄] ယခုအခါမူ ၁၃၅ မီလီယံ ပုံသေနှုန်းထားဟု ဆိုသည်။[၅] နှစ်စဉ် သေဆုံးနှုန်းသည် ၅၆ မီလီယံရှိပြီး ၂၀၄၀ ခုနှစ်တွင် ၈၀ မီလီယံနှုန်း ရှိလိမ့်မည်ဟု မျော်လင့်ရသည်။[၆] ကုလသမဂ္ဂ လူဦးရေ ထောက်ပံ့ရေး၏အဆိုအရ ၂၀၁၁ အောက်တိုဘာ ၃၁ တွင် ၇ ဘီလီယံသို့ ရောက်ရှိခဲ့သည်။[၇][၈][၉]အမေရိကန် သန်ခေါင်စာရင်းဌာနအရမူ ၂၀၁၂ မတ်လ ၁၂ တွင် ဖြစ်သည်။[၁၀]

၂၀၁၆ ခုနှစ်အရ ကမ္ဘာ့လူဦးရေ၏ ပျမ်းမျှအသက်သည် ၃၀.၁ နှစ်ဖြစ်ပြီး အမျိုးသား ၂၉.၄ နှင့် အမျိုးသမီးမှာ ၃၀.၉ နှစ်ဖြစ်သည်။[၁၁] ၂၀၁၂ ကုလသမဂ္ဂ၏ မျော်မှန်းချက်များအရ ကမ္ဘာ့လူဦးရေသည် ပုံမှန်တိုးတက်ဖွယ်ရှိပြီး ၂၀၅၀ ခုနှစ်တွင် ၈.၃ ဘီလီယံမှ ၁၀.၉ ဘီလီယံကြား ရောက်လိမ့်မည်ဟုဆိုသည်။[၁၂][၁၃] ၂၀၀၃ UN Population Division အရမူ ကမ္ဘာ့လူဦးရေသည် ၂၁၅၀ ခုနှစ်တွင် ၂၄ ၈ ဘီလီယံရှိလာမည်ဟုဆိုပြီး[၁၄] ၂၀၁၄ ခန့်မှန်းချက်အရ ၉.၃ နှင့် ၁၂.၆ ဘီလီယံဟု ကြိုတင်ခန့်မှန်းထားသည်။[၁၅][၁၆] အချို့သော သုံးသပ်သူများက လူသားများ သဘာဝပတ်ဝန်းကျင်အပေါ် ရိုက်ခတ်မှု၊ ကမ္ဘာလုံးဆိုင်ရာ အစာပင်ရင်းနှင့် စွမ်းအင်အရင်အမြစ်များအပေါ် လွန်ကဲစွာ သုံးစွဲမှု စသည်တို့ကြောင့် ကမ္ဘာ့လူဦးရေသည် ရေရှည်တွင် ကြာရှည်ခံ/မခံ ဆိုသည်အား မေးခွန်းထုတ်ကြသည်။[၁၇][၁၈][၁၉] ခန့်မှန်းချက်အရ အသက်ရှင်ခဲ့ဖူးသမျှ လူသားဦးရေ စုစုပေါင်းသည် ၁၀၆ မှ ၁၀၈ ဘီလီယံကြား ရှိသည်ဟုဆိုသည်။[၂၀][၂၁][၂၂]

World population (millions, UN estimates)[၂၃]
#Top ten most populous countries200020152030*
1တရုတ်ပြည်သူ့သမ္မတနိုင်ငံ China*1,2701,3761,416
2အိန္ဒိယနိုင်ငံ India1,0531,3111,528
3အမေရိကန်ပြည်ထောင်စု United States283322356
4အင်ဒိုနီးရှားနိုင်ငံ Indonesia212258295
5ဘရာဇီးနိုင်ငံ Brazil176208229
6ပါကစ္စတန်နိုင်ငံ Pakistan138189245
7နိုင်ဂျီးရီးယားနိုင်ငံ Nigeria123182263
8ဘင်္ဂလားဒေ့ရှ်နိုင်ငံ Bangladesh131161186
9ရုရှားနိုင်ငံ Russia146143139
10မက္ကဆီကိုနိုင်ငံ Mexico103127148
World total6,1277,3498,501
Notes:
  • China = Mainland China only
  • 2030 = Medium variant


ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ