ကျားသစ်

အာဖရိကနှင့် ယူရေးရှားဇာတိ ကြောင်ကြီးမျိုး
ကျားသစ် (Leopard)
Temporal range: Pleistocene အစောပိုင်းကာလ မှ လက်ရှိ[၂]
ကင်ညာနိုင်ငံ၊ မားစိုင်မာရ အမျိုးသားဘေးမဲ့တောရှိ အာဖရိကန် ကျားသစ်အထီးတစ်ကောင်
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက:Animalia
မျိုးပေါင်းစု:Chordata
မျိုးပေါင်း:Mammalia
မျိုးစဉ်:Carnivora
Suborder:Feliformia
မျိုးရင်း:Felidae
မျိုးရင်းသေး:Pantherinae
မျိုးစု:Panthera
မျိုးစိတ်:
P. pardus[၁]
ဒွိနာမ
Panthera pardus[၁]
မျိုးစိတ် ခွဲများ

စာပိုဒ်ကို ကြည့်ပါ

လက်ရှိနှင့် ယခင်သမိုင်းကာလတလျှောက် ကျားသစ်များနေထိုင်ကျက်စားရာ နယ်မြေဒေသများ[၃]

ကျားသစ်သည် ပင်သီရာပါဒပ်စ် မျိုးစိတ်ဖြစ်ပြီး ကြောင်မျိုးရင်းဝင်ဖြစ်သည်။ ကျားသစ်ကို တွေ့ရသည့် ဒေသသည် ကျားခြင်္သေ့ စသည့် အခြားမျိုးရင်းတူ တိရစ္ဆာန်များကို တွေ့ရှိသည့် ဒေသထက် ပိုမိုကျယ်ဝန်းသည်။

ပုံပန်းသဏ္ဌာန်

ကျားသစ်များတွင် အဝါရောင် အမွှေးများနှင့် အနက်ရောင် အကွက်များ ရှိကြသည်။ ဝမ်းဗိုက်အောက်ပိုင်းမှာ အခြားနေရာများထက် အရောင်ပိုဖျော့သည်။ သို့သော်လည်း ကျားသစ်မျိုးကွဲ အမျိုးမျိုးတွင် ပုံသဏ္ဌာန်အမျိုးမျိုး ရှိကြသည်။ တစ်ကိုယ်လုံးမည်းနက်နေသော ကျားသစ်မျိုးလည်းရှိပြီး ၎င်းကို ကျားသစ်နက် (သို့) သစ်နက် ဟုခေါ်သည်။ ကျားသစ်ထီးများသည် ကျားသစ်မများထက် ၃၀ရာခိုင်နှုန်းခန့် ပို၍ ကြီးမားကြသည်။

ကျက်စားရာနေရာများ

မူလအစပိုင်းက ကျားသစ်များသည် အာဖရိက တဝှမ်းလုံး (ဆာဟာရ သဲကန္တာရ မှလွဲ၍) နှင့် အာရှတိုက် တောင်ပိုင်းတွင် နေထိုင်ကြသည်။ သို့သော်လည်း ယနေ့ခေတ်တွင် ကျားသစ်မျိုးကွဲများ အထူးသဖြင့် အာရှရှိ ကျားသစ်မျိုးကွဲများမှာ မျိုးတုန်း ပျောက်ကွယ်လုနီးပါး ဖြစ်နေကြပြီ ဖြစ်သည်။ ကျားသစ်များသည် ကြောင်မျိုးရင်းဝင် တိရစ္ဆာန်ကြီးများ နေထိုင်ရာ ဒေသတိုင်း လိုလိုတွင် နေထိုင်ကြသည်။ ထို့အတွက်ကြောင့် ကျားသစ်မျိုးကွဲ အမြောက်အမြား ရှိနေခြင်း ဖြစ်သည်။ ကျားသစ်များသည် မိုးသစ်တောများ၊ သစ်တောများ၊ တောင်ကုန်းများနှင့် ဆာဗားနားမြက်ခင်းပြင်များစသည့် ဒေသအမျိုးမျိုးတို့တွင် နေထိုင် ကျက်စားကြသည်။

နေထိုင်မှုဘဝ

ကျားသစ်များသည် အများအားဖြင့် ညဘက်တွင် ကျက်စားကြသည်။ သူတို့သည် သစ်ပင်ကောင်းစွာ တက်တတ်ကြပြီး အချိန်အများစုမှာ သစ်ပင်ထက်တွင် နေထိုင်ကြသည်။ သူတို့သည် အများအားဖြင့် နို့တိုက်သတ္တဝါ အကောင် အလတ်စားများကို များသောအားဖြင့် စားသုံးလေ့ ရှိကြသော်လည်း ငှက်များ၊ တွားသွားသတ္တဝါများနှင့် အင်းဆက်များကိုလည်း စားသုံးလေ့ ရှိကြသည်။ ကျားသစ်များသည် နေ့တစ်နေ့၏ အချိန်အပိုင်းအခြား အမျိုးမျိုးတွင် သားကောင်ရှာထွက်လေ့ ရှိကြပြီး သားကောင်ရှာဖွေရာတွင်လည်း နည်းလမ်း အမျိုးမျိုးကို အသုံးပြုလေ့ ရှိကြသည်။ များသောအားဖြင့် ကျားသစ်များသည် သူတို့၏ သားကောင်ထံသို့ တိတ်တဆိတ် ချဉ်းကပ်လေ့ ရှိကြပြီး အနီးသို့ ရောက်သောအခါတွင်မှ တိုက်ခိုက်လေ့ ရှိကြသည်။ သို့မဟုတ်လျှင် ပုန်းအောင်း စောင့်ဆိုင်းနေပြီး အနီးသို့ ရောက်မှ တိုက်ခိုက်လေ့ ရှိကြသည်။ သားကောင်ကို ဖမ်းဆီးပြီးသော အခါတွင် ကျားသစ်တို့သည် သားကောင်ကို သစ်ပင်ထက်သို့ ယူဆောင်သွားလေ့ ရှိပြီး တခါတရံတွင် ဖွက်ထားလေ့ ရှိကြသည်။ အခြား တိရစ္ဆာန်များက ခိုးယူမသွားနိုင်ရန် အတွက် ဖြစ်သည်။

ကျားသစ်များသည် အများအားဖြင့် တကောင်တည်း နေထိုင်လေ့ ရှိကြပြီး အခြားကျားသစ်များနှင့် တွေ့ဆုံလေ့ မရှိကြပေ။ မိတ်လိုက်သော အခါတွင်မှသာ တွေ့ဆုံလေ့ ရှိကြသည်။ ကျားသစ်ငယ်သည် သူ၏ အမေထံမှာ ၁၃ လ နှင့် ၁၈ လ အကြားတွင် ခွဲခွာသွားလေ့ ရှိကြသည်။

ကျားသစ်များသည် အများအားဖြင့် မျောက်များကို စားလေ့ ရှိကြသည်။ သို့သော်လည်း ရှဉ့်များ၊ တွားသွားသတ္တဝါများ၊ ကုန်းနေရေနေသတ္တဝါများ၊ အင်းဆက်များ၊ ငှက်များနှင့် ငါးများကိုလည်း စားသုံးလေ့ ရှိကြသည်။ ကျားသစ်များသည် ပုံမှန်အားဖြင့် လူများကို စားလေ့ မရှိကြပေ။ အနာတရ ဖြစ်နေ၍ သို့မဟုတ် နာမကျန်း ဖြစ်နေ၍ စားစရာ အလုံအလောက် မရှိသော အခါတွင်မှသာ လူကို စားလေ့ ရှိကြသည်။ အိန္ဒိယနိုင်ငံ ရှိ ကျားသစ်တစ်ကောင်မှာ လူ ၁၂၅ ယောက်ကို စားခဲ့ဖူးသည်ဟု ယုံကြည်ရသည်။

ဇီဝမျိုးရိုးခွဲခြားခြင်း

အောက်ပါ ဇယားကားချပ်သည် ဇီဝမျိုးခွဲပညာရှင်များမှ သိပ္ပံနည်းကျ ခွဲခြားထားသော မျိုးရိုးဇယားဖြစ်သည်။

 ကြောင်မျိုးရင်း 
 ကြောင်မျိုးရင်းခွဲ 

 (အခြားကြောင်မျိုးရင်းဝင်မျိုးစိတ်များ)

(Felinae)
 ကြောင်ကြီးမျိုးရင်းခွဲ 
 ကြောင်ကြီးမျိုးစု 

 ခြင်္သေ့

 "ကျားသစ်"

 ဂျိုက်ဂွါး

 ကျား

 နှင်းကျားသစ်

(Panthera)
 အင်းကျားမျိုးစု 

 (မျိုးစိတ် နှစ်ခု)

(Neofelis)
(Pantherinae)
(Felidae)

မျိုးစိတ်ခွဲများ

ယနေ့တွင် ကျားသစ်မျိုးစိတ်ခွဲ (၉) မျိုးရှိသည်ဟု သတ်မှတ်ထားကြသည်။ အာဖရိကတွင် တစ်မျိုးနှင့် အာရှတွင် ရှစ်မျိုးတို့ ဖြစ်ကြသည်။ ၎င်းတို့မှာ အောက်ပါအတိုင်းဖြစ်သည် -

  1. အာဖရိက ကျားသစ် (African leopard P.p pardus)
  2. အာမာ ကျားသစ် (Amur leopard P.p orientalis)
  3. အာရေဗျ ကျားသစ် (Arabian leopard P.p nimr)
  4. အိန္ဒိယ ကျားသစ် (Indian leopard P.p fusca)
  5. အင်ဒိုချိုင်းနား ကျားသစ် (Indo Chinese leopard P.p delacouri)
  6. ဂျာဗား ကျားသစ် (Javan leopard P.p melas)
  7. တရုတ်မြောက်ပိုင်း ကျားသစ် (North Chinese leopard P.p japonensis)
  8. ပါရှား ကျားသစ် ( Persian leopard P.p saxicolor)
  9. သီရိလင်္ကာ ကျားသစ် (Sri Lankan leopard P.p kotiya)


အောင်ကောင်ခန့်



🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ