အင်းကျား

နို့တိုက်သတ္တဝါ မျိုးစိတ် (ကြောင်မျိုးရင်းဝင်)
အင်းကျား (Clouded Leopard)
Closeup of clouded leopard
နတ်ချ်ဗီလီ တိရစ္ဆာန်ဥယျာဉ်၌ရှိသော အင်းကျားတစ်ကောင်၏ ပုံ
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက:Animalia
မျိုးပေါင်းစု:Chordata
မျိုးပေါင်း:Mammalia
မျိုးစဉ်:Carnivora
Suborder:Feliformia
မျိုးရင်း:Felidae
မျိုးရင်းသေး:Pantherinae
မျိုးစု:Neofelis
မျိုးစိတ်:
N. nebulosa[၁]
ဒွိနာမ
Neofelis nebulosa[၁]
(Griffith, 1821)
၂၀၁၆ ခုနှစ်က အင်းကျားများ နေထိုင်ကျက်စားခဲ့ရာ ဒေသများ[၂]

အင်းကျားသည် ကြောင်မျိုးရင်းဝင် တိရစ္ဆာန်များအနက် အလယ်အလတ် အရွယ်အစားရှိသော တောရိုင်းတိရစ္ဆာန်ဖြစ်ပြီး ဟိမဝန္တာတောင်ခြေဒေသများမှနေ၍ ဗဟိုအရှေ့တောင်အာရှဒေသများအပြင် တရုတ်ပြည်တောင်ပိုင်းအထိပါ ဖြန့်ကျက်တွေ့ရှိရသည်။ ၂၀၀၈ ခုနှစ်မှစ၍ IUCN အနီရောင်စာရင်းတွင် ၎င်းတို့အား မျိုးသုဉ်းရန်အန္တရာယ်ကျရောက်နိုင်သော မျိုးစိတ်အဖြစ် သတ်မှတ်ခဲ့သည်။ အင်းကျား အကောင်ရေစုစုပေါင်းအနေဖြင့် အရွယ်ရောက်ပြီးအကောင်ရေ ၁၀၀၀၀ အောက်သာရှိပြီး ဒေသတစ်ခုစီ၌ အရွယ်ရောက်စအကောင်ရေ ၁၀၀၀ ကျော်ရှိသော ဒေသဟူ၍မရှိဟုခန့်မှန်းထားသည်။

အင်းကျား၏ ပါဏဗေဒအမည်မှာ ‘နီရိုဖဲလစ် နီဘူလိုစာ (Neofelis nebulosa)’ ဖြစ်သည်။ အင်္ဂလိပ်ဘာသာဖြင့် အင်းကျားကို Mainland Clouded Leopard ဟုခေါ်ဆိုပြီး တရားဝင်သတ်မှတ်မထားသည့် ၎င်း၏မျိုးစိတ်ကွဲ "စူမတြားအင်းကျား (N. diardi)" ၏ အမည် (Sunda Clouded Leopard) နှင့် ကွဲပြားစေရန်လည်းဖြစ်သည်။[၃] ၎င်းသည် အိန္ဒိယနိုင်ငံ၊ Meghalaya ပြည်နယ်၏ အထိမ်းအမှတ်တိရစ္ဆာန်လည်း ဖြစ်သည်။[၄]

ဇီဝမျိုးရိုးခွဲခြားခြင်း

၁၈၂၁ ခုနှစ်တွင် Edward Griffith ဆိုသူမှ တရုတ်နိုင်ငံမှရရှိသည့် အင်းကျား သားရေဖြင့် ဖော်ထုတ်ပြသ၍ Felis nebulosa ဟူသော အမည်ကို အဆိုပြုခဲ့သည်။[၅] ၁၈၄၁ ခုနှစ်တွင် Brian Houghton Hodgson ဆိုသူမှလည်း နီပေါနိုင်ငံမှရရှိသည့် အင်းကျားနမူနာဖြင့် Felis macrosceloides ဟူသော အမည်အား အဆိုပြုခဲ့ဖြစ်သည်။[၆] [၇] ၁၈၆၂ ခုနှစ်တွင် Robert Swinhoe ဆိုသူကလည်း ထိုင်ဝမ်မှရရှိသော အင်းကျား သားရေဖြင့် Felis brachyura ဟူသော အမည်အား အဆိုပြုခဲ့သည်။[၈] ၁၈၆၇ ခုနှစ် တွင် John Edward Greyဆိုသူမှ Neofelis ဟူသော မျိုးစုအမည်အား အဆိုပြုတင်သွင်းခဲ့ပြီး မျိုးစိတ် သုံးမျိုးစလုံးအား ထိုမျိုးစု၏အောက်သို့ ထည့်သွင်းခဲ့သည်။[၉] လက်ရှိတွင် မျိုးစိတ်ကွဲအဖြစ် သတ်မှတ်ရန် လုံလောက်သည့် သက်သေအထောက်အထားမရှိခြင်းကြောင့် တစ်ခုတည်းသော မျိုးစိတ် (Neofelis nebulosa) အဖြစ် သတ်မှတ်ထားသည်။[၃]

မျိုးရိုးဆင်းသက်ပုံ ဇယားကားချပ်
 ကြောင်မျိုးရင်း 
 ကြောင်မျိုးရင်းခွဲ 

 (အခြားမျိုးရင်းဝင် မျိုးစုများ)

 (Felinae) 
 ကြောင်ကြီးမျိုးရင်းခွဲ 
 အင်းကျားမျိုးစု 

 "အင်းကျား" (N. nebulosa)

 စူမတြားအင်းကျား (N. diardi)

 (Neofelis) 
 ကြောင်ကြီးမျိုးစု 

 (မျိုးစိတ် ၅ ခု)

 (Panthera) 
 (Pantherinae) 
 (Felidae) 

ကိုးကား




🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ