ဒေးဗစ် ကင်မရွန်

ယူနိုက်တက်ကင်းဒမ်းနိုင်ငံ၏ ဝန်ကြီးချုပ် (၂၀၁၀–၂၀၁၆)

ဒေးဗစ် ဝီလီယမ် ဒေါ်နယ်လ် ကင်မရွန် (၁၉၆၆ အောက်တိုဘာ ၉ ရက်မွေး) သည် လက်ရှိ ယူနိုက်တက်ကင်းဒမ်း၏ ဝန်ကြီးချုပ်၊ ပြည်သူ့ဆိုင်ရာ လုပ်ငန်းဝန်ကြီးဌာန၏ ဝန်ကြီး နှင့် ကွန်ဆာဗေးတစ်ပါတီ၏ ခေါင်းဆောင်ဖြစ်သည်။ ကင်မရွန်သည် ဝစ်တနီ ပြည်နယ်၏ ကိုယ်စားပြု လွှတ်တော် အမတ်ဖြစ်သည်။

ဒေးဗစ် ကင်မရွန်

ကင်မရွန်သည် စိတ်ပညာ၊ နိုင်ငံရေး နှင့် ဘောဂဗေဒ ဘာသာရပ်ကို အောက်စဖို့ တက္ကသိုလ်တွင် သင်ကြားခဲ့ပြီး ဖတ်စ်ကလပ် အော်နာ ဒီဂရီ ဖြင့် အောင်မြင်ခဲ့သည်။ ထို့နောက် သူသည် ကွန်ဆာဗေးတစ် သုတေသန ဌာနသို့ ဝင်ရောက် အမှုထမ်းခဲ့ပြီး နော်မန် လေးမောင့် ၏ အကြံပေးပုဂ္ဂိုလ် ထိုမှ တဆင့် မိုက်ကယ် ဟောင်းဝပ်၏ အကြံပေးပုဂ္ဂိုလ် ဖြစ်လာခဲ့သည်။ သူသည် ကာလ်တန် ဆက်သွယ်ရေး၏ ကော်ပိုရေးရှင်းဆိုင်ရာ အမှုအခင်းများ ဌာန၏ ဒါရိုက်တာ အဖြစ် ၇ နှစ်ကြာမျှ အမှုထမ်းခဲ့သည်။

၁၉၉၇ ခုနှစ်တွင် စတက်ဖို့ဒ်၌ ပါလီမန် အမတ်အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ရာတွင် ရှုံးနိမ့်ခဲ့သည်။ သို့သော် ၂၀၀၁ ခုနှစ်တွင် ဝစ်တနီရှိ အောက်စဖို့ ရှိုင်းယား မဲဆန္ဒနယ်ကိုယ်စားပြု လွှတ်တော် အမတ်အဖြစ် အရွေးခံခဲ့ရသည်။ သူသည် အတိုက်အခံ၏ ရှေ့တန်း နေရာသို့ နှစ်နှစ် အကြာတွင် ရာထူးတိုးမြှင့် ပေးခံခဲ့ရပြီး ၂၀၀၅ ခုနှစ် ရွေးကောက်ပွဲတွင် ပေါ်လစီ အဖွဲ့၏ ခေါင်းဆောင် ဖြစ်လာခဲ့သည်။ အများပြည်သူ၏ အမြင်တွင် အသက်ငယ်ပြီး အစွန်းမရောက်သော အမတ်အဖြစ် ရှိခဲ့၍ လူငယ် မဲဆန္ဒရှင်များကို ဆွဲဆောင်နိုင်ခဲ့ပြီး ၂၀၀၅ ခုနှစ် ကွန်ဆာဗေးတစ်ပါတီ ခေါင်းဆောင်ပိုင်း ရွေးပွဲတွင် အနိုင်ရခဲ့သည်။

မေလ ၆ ရက် ၂၀၁၀ ခုနှစ်တွင် ကျင်းပသော ရွေးကောက်ပွဲတွင် ကွန်ဆာဗေးတစ်ပါတီမှ အမတ် ၃၀၇ ဦး နေရာ ရခဲ့သည်။ ၅ ရက်ကြာမျှ ပြင်းပြင်းထန်ထန် ဆွေးနွေးပြီးနောက် ကင်မရွန်သည် လစ်ဘရယ် ဒီမိုကရက်များနှင့် ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းခဲ့သည်။ အားအော့ဖ် လစ်ဗာပူးလ် လွန်မြောက်ပြီးနောက် ၁၉၈ နှစ် အကြာတွင် ကင်မရွန်သည် ဗြိတိန်၏ အသက်အငယ်ဆုံးသော ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။ ကင်မရွန်သည် ဒုတိယကမ္ဘာစစ် ပြီးသည့် အချိန်မှစ၍ ယူနိုက်တက်ကင်းဒမ်း၏ ပထမဆုံး ညွန့်ပေါင်း အစိုးရကို ဦးဆောင်ခဲ့သည်။

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ