ပြင်းထန်အသက်ရှုလမ်းကြောင်းရောဂါ ကိုရိုနာဗိုင်းရပ်စ် ၂

ကိုရိုနာဗိုင်းရပ်စ်ကို ဖြစ်စေတတ်သောရောဂါ

ပြင်းထန် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါလက္ခဏာ ကိုဖြစ်စေသော ကိုရိုနာဗိုင်းရပ်စ် ၂ (SARS-CoV-2)[၂][၃](ယခင်အမည် 2019-nCoV)[၄][၅][၆]သည် positive-sense single-stranded RNA virus အမျိုးအစားဖြစ်သည်။[၇][၈] ကိုရိုနာဗိုင်းရပ်စ် ရောဂါ ၂၀၁၉(COVID-19) ကို ဖြစ်စေသော ဗိုင်းရပ်စ်ပိုးတစ်မျိုးလည်းဖြစ်၏ ။ ၎င်းဗိုင်းရပ်စ်ပိုးသည် လူအချင်းချင်း ကူးစက်တတ်သည်။ ၎င်းသည် ၂၀၁၉-၂၀_ကိုရိုနာဗိုင်းရပ်စ်_ဖြစ်ပွားမှု၏ အကြောင်းတစ်ရပ်လည်းဖြစ်ပေသည်။[၉]

Severe acute respiratory syndrome coronavirus 2
Electron micrograph of SARS-CoV-2 virions with visible coronae
Colourised transmission electron micrograph of SARS-CoV-2 virions with visible coronae
Illustration of a SARS-CoV-2 virion
Atomic model of the external structure of the SARS-CoV-2 virion. Each "ball" is an atom.[၁]
Blue:envelope
Turquoise:  spike glycoprotein (S)
Red:envelope proteins (E)
Green:membrane proteins (M)
Orange:glycan
ဗိုင်းရပ်စ် ခွဲခြားခြင်း e
(unranked):ဗိုင်းရပ်စ်
Realm:Riboviria
မျိုးပေါင်းစု:incertae sedis
မျိုးစဉ်:Nidovirales
မျိုးရင်း:Coronaviridae
မျိုးစု:Betacoronavirus
Subgenus:Sarbecovirus
မျိုးစိတ်:
Severe acute respiratory syndrome–related coronavirus
Virus:
Severe acute respiratory syndrome coronavirus 2
Notable variants
  • Alpha (B.1.1.7)
  • Beta (B.1.351)
  • Gamma (P.1)
  • Delta (B.1.617.2)
  • Omicron (B.1.1.529)
  • Full list
Synonyms
  • 2019-nCoV

ယခုဗိုင်းရပ်စ်(SARS-CoV-2) သည် လင်းနို့ကိုရိုနာဗိုင်းရပ်စ်နှင့် မျိုးရိုးဗီဇ နီးကပ်စွာတူညီသဖြင့် လင်းနို့သယ်ဆောင်သော ဗိုင်းရပ်စ်မှ ပေါ်ထွက်လာခဲ့သည်ဟု ညွှန်းဆိုပြောကြားကြသည်။ [၁၀][၁၁][၁၂] သင်းခွေချပ်ကဲ့သို့သော ရောဂါသိုမှီးရာကြားတိရစ္ဆာန်က လူသို့စတင်ရောက်ရှိစေသော ပတ်သက်မှုရှိနိုင်သည်ဟုလည်း ထင်မြင်ကြသည်။ [၁၃][၁၄] မျိုးရိုးဗီဇခွဲခြားခြင်းပညာရပ်(taxonomy) ရှုထောင့်မှ SARS-CoV-2 ကို ပြင်းထန် အသက်ရှူလမ်းကြောင်းရောဂါလက္ခဏာနှင့်ဆက်နွယ်သော ကိုရိုနာဗိုင်းရပ်စ်(SARSr-CoV) မျိုးစိတ်မှ တစ်မျိုးဟု ခွဲခြားဖော်ပြကြ၏ ။ [၂]

လူ့ကိုယ်ခန္ဓာပြင်ပတွင် ဗိုင်းရပ်စ်၏ အလွတ်သဘောပုံစံ viron (free form of the virus) ကို ဆပ်ပြာက သေစေနိုင်သည်။ [၁၅]

ဤဗိုင်းရပ်စ်ကို တရုတ်နိုင်ငံ ဟူပေ့ခရိုင် ဝူဟန်မြို့၌ ပထမဆုံးစတင်ခွဲခြားသတ်မှတ်နိုင်ခဲ့၍ "ဝူဟန် ဗိုင်းရပ်စ်" သို့ "ဝူဟန်ကိုရိုနာ ဗိုင်းရပ်စ်" ဟူ၍ ရံခါ၌ ရည်ညွှန်းခဲ့သည်များလည်းရှိသည်။ [၁၆][၁၇][၁၈][၁၉] ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က နေရာဒေသများအပေါ်အခြေခံသော အမည်များကို သုံးစွဲခြင်းကို တားဆီး၍ [၁၃][၂၀][၂၁] ဆားစ် (SARS) ရောဂါနှင့် လွဲမှားမှုမရှိစေရန်[၂၂] ယခုဗိုင်းရပ်စ်ကို "COVID-19" သို့ "the COVID-19 virus" ဟု ပြည်သူ့ကျန်းမာရေးရာ ချိတ်ဆက်ဆက်သွယ်မှုများတွင် ရည်ညွှန်းသုံးစွဲကြသည်။ [၂၃] သမားရိုးကျပြည်သူလူထုက ဤ ဗိုင်းရပ်စ် နှင့် ရောဂါ ကို ကိုရိုနာဗိုင်းရပ်စ် (coronavirus) ဟူ၍ ခေါ်ဝေါ်သုံးစွဲကြ၏ ။ သိပ္ပံပညာရှင်များ နှင့် သတင်းသမားများက ပို၍တိကျသော ဝေါဟာရများဖြင့် သုံးစွဲကြသည်။ [၂၄]

ကူးစက်ရောဂါပြန့်ပွားခြင်းနှင့် ကုသခြင်း

၂၀၁၉ ဒီဇင်ဘာလအစောပိုင်းတွင် ပထမဆုံးလူ၌ကူးစက်ပြန့်ပွားခဲ့သည်။ မျိုးရိုးဗီဇပြုပြင်ပြောင်းလဲတိုးတက်မှုပုံစံ(Molecular clock)နည်းစနစ်ဖြင့်လေ့လာချဉ်းကပ်မှုများက အဆိုပါစတင်ဖြစ်ပွားသည့်အချိန်ကာလ(date of origin)ထက် အနည်းငယ်စောနိုင် (သို့) ထိုအချိန်ဝန်းကျင်လည်းဖြစ်နိုင်ဟု ညွှန်းဆိုသည်။[၂၅]

၂၀၁၉ ကိုရိုနာဗိုင်းရပ်စ်(2019-nCoV )စတင်ဖြစ်ပွားမှုကို ၂၀၁၉ ဒီဇင်ဘာလလယ်ပိုင်း၌ တရုတ်နိုင်ငံ ဝူဟန်မြို့တွင် စတင်ထောက်လှမ်းသိရှိနိုင်ခဲ့သည်။ အမေရိကန်ပြည်ထောင်စုပြင်သစ်ဩစတေးလျတောင်ကိုရီးယားထိုင်ဝမ်ဂျပန်ထိုင်းအပါအဝင် တစ်ခြားသောနိုင်ငံများနှင့် တရုတ်ပြည်မကြီး၏ အခြားခရိုင်များသို့လည်း နောက်ပိုင်း၌ ယင်းဗိုင်းရပ်စ်ကူးစက်ပြန့်နှံ့ခဲ့သည်။[၂၆][၂၇][၂၈]

၂၀၂၀ ဖေဖော်ဝါရီ ၇ ရက် (04:15 UTC) မှစ၍ အတည်ပြုထားသော ရောဂါဖြစ်ပွားမှု (၃၁,၅၀၇)ခုရှိပြီး (၃၁,၁၆၂)မှာ တရုတ်ပြည်မကြီးတွင်ဖြစ်ပေသည်။[၂၉] ယနေ့ထိ အနီးစပ်ဆုံးအားဖြင့် ရောဂါစစ်တမ်းထုတ်ထားသော ဖြစ်ပွားမှု ငါးပုံတစ်ပုံသည် အလွန်ဆိုးရွားသောအခြေအနေ၌ ရှိကြသည်။[၃၀] ယနေ့ထိ တရုတ်ပြည်ပြင်ပတွင်ဖြစ်ပွားမှုများမှာ ဝူဟန်မြို့မှ ခရီးသွားခဲ့သူများ (သို့) ထိုဒေသမှ ခရီးသွားသူတစ်ဦးဦးနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံသောသူများပင်ဖြစ်ကြသည်။[၃၁] သေဆုံးသောအရေအတွက်မှာ ယခုထိ (၁၀၇၁၃၉၉)ဦးရှိသည်။ အရေအတွက်မှာ အချိန်နှင့်အမျှ တိုးတက်ပြောင်းလဲနေပါသည်။[၂၉] လူ-မှ-လူ သို့ကူးစက်ပျံ့နှံ့မှုအား ၂၀၂၀ ဇန်နဝါရီ ၂၀တွင် တရုတ်ပြည် ကွမ်းတုံး(Guangdong)၌ ပထမဆုံးအတည်ပြုနိုင်ခဲ့၏ ။[၃၂]

၂၀၂၀ ဇန်နဝါရီ ၃၀တွင် ဝူဟန်ဗိုင်းရပ်စ် (2019-nCoV)ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး(WHO)က ကမ္ဘာလုံးဆိုင်ရာအရေးပေါ်အခြေအနေအဖြစ်ကြေညာခဲ့၏ ။[၃၃][၃၄][၃၅] ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး(WHO)က ဤဗိုင်းရပ်စ်ကဖြစ်စေသော ရောဂါကို "2019-nCoV acute respiratory disease" (၂၀၁၉-nCoV အထူးစိုးရိမ်ဖွယ်ရာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ)ဟူသော ကြားဖြတ်ဝေါဟာရကိုတီထွင်သုံးဆွဲခေါ်ဝေါ်သည်။[၃၆]

ကုသခြင်း

ယခုအချိန်ထိ တိကျသောကုသမှုမျိုး မရနိုင်သေးပါ။ ထို့ကြောင့် ရောဂါလက္ခဏာအပေါ် ထိန်းချုပ်သက်သာစေခြင်းကိုသာ အဓိကအလေးထား၍ ကုသလျက် ရှိသည်။[၃၇] ရောဂါလက္ခဏာများတွင် ဖျားခြင်း(fever)၊ အလွန်အမင်းပင်ပန်းနွမ်းနယ်ခြင်း(fatigue)၊ ချောင်းခြောက်ဆိုးခြင်းများ(dry cough)နှင့် အသက်ရှူခက်ခဲခြင်း(shortness of breath)(သို့) အဆုတ်ရောင်ရမ်းခြင်း(pneumonia)နှင့် ဆိုးဝါးသောအခြေအနေများ၌ ကျောက်ကပ်ပျက်ဆီးခြင်း(kidney failure)များပါဝင်၏ ။[၃၈][၃၉][၄၀] တရုတ်နိုင်ငံ ရောဂါထိန်းချုပ်ရေးနှင့် တားဆီးရေးဌာန (Chinese Center for Disease Control and Prevention - (CCDC))မှ ကိုရိုနာဗိုင်းရပ်စ်နှင့်ဆက်စပ် အဆုတ်ရောင်ရောဂါကို ကုသရာတွင်ထိထိရောက်ရောက်ဖြစ်စေရန် လက်ရှိကျင့်သုံးနေသော အဆုတ်ရောင်ရောဂါ(pneumonia)ကုသမှုများကို စစ်ဆေးစမ်းသပ်လျက် ရှိသည်။[၄၁]

လက်ရှိရှိနေသော ဗိုင်းရပ်စ်(ဆန့်ကျင်)ဆေးဝါးများ(antiviral drug)ကို လည်းလေ့လာနေကြ၏ ။[၃၇] ထိုဗိုင်းရပ်စ်ဆေးဝါးများမှာ indinavir, saquinavir, remdesivir, lopinavir/ritonavir နှင့် interferon beta ကဲ့သို့သော protease inhibitors ဆေးဝါးများဖြစ်ကြ၏ ။[၄၂][၄၃][၄၄] ယခင်အမျိုးအစားခွဲခြားဖော်ပြထားသော monoclonal antibodies (mAbs) ပဋိပစ္စည်းကိုလည်း စစ်ဆေးစမ်းသပ်မှုများပြုလုပ်နေကြသည်။[၄၅]

ရောဂါပိုးမွှားဗေဒ

ရောဂါကူးစက်ခြင်း

လူ မှ လူသို့ SARS-CoV-2 ဗိုင်းရပ်စ် ကူးစက်ခြင်းကို အတည်ပြုပြီးဖြစ်၏။[၃၂] ရောဂါကူးစက်မှုများသည် (၂)မီတာ (၆ပေ ၇လက်မ) အကွာအဝေးအတွင်း နှာချေခြင်း၊ ချောင်းဆိုးခြင်းမှ ထွက်ရှိလာသော အရည်စက်ကလေးများမှတစ်ဆင့် အဓိကအားဖြင့် ကူးစက်ပါသည်။ [၄၆][၄၇] သွယ်ဝိုက်၍ (ပိုးရှိသည့်)ညစ်ညမ်းသောမျက်နှာပြင်များကို ထိတွေ့ခြင်းသည် ရောဂါကူးစက်ခြင်း၏ နောက်ထပ်ဖြစ်နိုင်ခြေရှိသော အကြောင်းတရားတစ်ခုဖြစ်သည်။ [၄၈] အစောပိုင်းသုတေသနများက ဤဗိုင်းရပ်စ်ပိုးသည် ပလပ်စတစ်နှင့် သံမဏိ (စတီးလ်) များ၌ သုံးရက်အထိ ဆက်လက်ရှင်သန်နိုင်ပြီး ကတ်ထူပြား၌ တစ်ရက်ထက်မပို၊ ကြေးနီ၌ လေးနာရီထက်မပိုဟု ညွှန်ပြကြသည်။[၄၉] ဆပ်ပြာက ဗိုင်းရပ်စ်ပိုးကို လှုပ်ရှားတက်ကြွမှု မဲ့စေသည်( inactivate) တစ်နည်း ဆပ်ပြာက ၎င်း၏ အကာကွယ်အလွှာပါး (lipid bilayer)ကို အခြေအနေယိုယွင်း(destablize) သွားစေသည်။ [၅၀][၅၁] ဗိုင်းရပ်စ် RNA ကို ရောဂါကူးစက်ခံထားရသော လူနာများ၏ မစင်နမူနာများတွင်လည်း တွေ့ရှိရ၏ ။ [၅၂]

ရောဂါပျိုးချိန် (incubation period) အတွင်း ဗိုင်းရပ်စ်သည် ကူးစက်/ မကူးစက်နှင့် ပတ်သက်၍ အသေချာမသိနိုင်သေးပါ။ [၅၃] ၂၀၂၀-ဖေဖော်ဝါရီ-၁ တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ရောဂါလက္ခဏမပြသေးသောရောဂါဖြစ်ပွားမှုများမှ(asymptomatic cases) ကူးစက်ခြင်းသည် ရောဂါကူးစက်ခြင်း၏ အဓိကတွန်းအားပေးသောအချက်/အကြောင်းအရင်း မဖြစ်နိုင်ပါဟု ပြောကြားသည်။ [၅၄] သို့ရာတွင် တရုတ်နိုင်ငံ၏ အစောပိုင်းဖြစ်ပွားမှု၏ ရောဂါပြန့်နှံ့ခြင်းဆိုင်ရာ ပုံစံများ၌ ကြိုတင်ရောဂါလက္ခဏာမပြသခြင်းသည် အတည်ပြုမှတ်တမ်းတင်ထားသော ကူးစက်မှုများအကြား အဖြစ်များသည်၊ ဤရောဂါပါဟု အတည်တကျသတ်မှတ်မရသော ကူးစက်မှုများသည် ရောဂါကူးစက်မှု၏ အဓိကရင်းမြစ်ဖြစ်နိုင်ခဲ့ကြောင်း ရည်ညွှန်းပြောဆိုခဲ့သည်။ [၅၅]

ရောဂါပိုးသိုမှီးရာ

ဤ SARS-CoV-2 ရောဂါပိုး၏ သဘာဝအားဖြင့် ရောဂါသိုမှီးရာဖြစ်နိုင်ခြေအများဆုံးထဲမှ (နှာခေါင်းနေရာ)မြင်းခွာပုံသဏ္ဌာန်ရှိသော လင်းနို့(Horseshoe bat)

အစားအစာအတွက်ရောင်းချသော တိရစ္ဆာန်များသည် ဤရောဂါ၏ မူလသိုမှီးရာနေရာ (သို့) ကြားခံဖြစ်စေသောအရာဟူ၍ သံသယရှိကြသည်။ အဘယ်ကြောင့်ဆိုသော် ပထမဆုံးခွဲခြားဖော်ပြနိုင်သော ရောဂါသယ်ဆောင်သူလူနာများမှာ ဝူဟန် ဟွမ်းနန် ပင်လယ်စာဈေးကြီးမှ အလုပ်သမားများဖြစ်ကြ၏ ။ ဤဗိုင်းရပ်စ်အမျိုးအစားသည် အဆိုပါဈေးမှ စတင်နိုင်ခြေရှိခဲ့ကြောင်း ရည်ညွှန်းမှုများရှိခဲ့၏ ။[၅၆][၅၇] သို့သော် အခြားသုတေသနများက ခရီးသည်များက ထိုဈေးသို့ ဗိုင်းရပ်စတင်မိတ်ဆက်ပေးနိုင်ခြေရှိကြောင်း၊ ထို့နောက်မှ ရောဂါကူးစက်ပြန့်နှံ့မှုကို ပို၍ ဖြစ်စေခဲ့သည် ဟု ပြသကြသည်။ [၂၅][၅၈]

၂၀၀၂-၀၄ ဆားစ်ရောဂါ(SARS epidemic)ဟုအသိများသော ပြင်းထန်သည့်အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (Severe acute respiratory syndrome) ကိုဖြစ်စေသော ရောဂါပိုးသဘာဝသိုမှီးရာကို လေ့လာသုတေသနများက ဆားစ်ရောပိုးနှင့်တူသော လင်းနို့ကိုရိုနာဗိုင်းရပ်စ်များ (SARS-like bat coronaviruses)ကို ရှာဖွေတွေ့ရှိခဲ့ကြပြီး ပိုးအများစုမှာ horseshoe bats ၏ မျိုးစုဖြစ်သော Rhinolophus မှစတင်ခဲ့ကာ Rhinolophus sinicus မှယူထားသော နမူနာများတွင်တွေ့ရသည့် nucleic acid sequence နှစ်ခုသည် SARS-CoV-2 နှင့် (၈၀%) တူညီကြသည်။ [၁၂][၅၉][၆၀] RaTG13ဟုခေါ်သော ယူနန်ခရိုင်မှ စုဆောင်းယူထားသော Rhinolophus affinis မှ တတိယ nucleic acid sequence သည် SARS-CoV-2 နှင့် (၉၆%) တူညီကြသည်။ WHO မှ SARS-CoV-2 ရောဂါပိုး၏ သိုမှီးရာ ဖြစ်နိုင်ခြေအရှိဆုံးမှာ လင်းနို့ ဟုယူဆသည်။ လင်းနို့ကိုရိုနာဗိုင်းရပ်စ် နှင့် SARS-CoV-2 ကြားကကွဲပြားခြားနားမှုများက လူဆီသို့ ကြားကောင် တစ်ကောင်ကောင်မှ ရောက်လာခဲ့သည်ဟု ဆိုသည်။

၂၀၁၉ တွင်ထုတ်ဝေသော မျိုးရိုးဗီဇလေ့လာမှုတစ်ခုက ဆားစ်ရောဂါကို ဖြစ်စေသည့် ဗိုင်းရပ်စ်ပိုးမျိုး SARS-CoV သည် သင်းခွေချပ်တစ်မျိုး Sunda pangolin နမူနာများကြားအများဆုံးဖြန့်ဝေသော ရောဂါပိုးတစ်မျိုးဖြစ်သည်ဟူ၍ ထုတ်ဖော်ထား၏ ။ [၆၁] ၂၀၂၀ ဖေဖော်ဝါရီ ၇ တွင် ကွမ်ကျိုး သုတေသနပညာရှင်များက SARS-CoV-2နှင့် viral nucleic acid sequence (၉၉%)အထိတူညီသော သင်းခွေချပ်နမူနာတစ်မျိုးကို ရှာဖွေတွေ့ရှိထားကြောင်း ကြေညာခဲ့သည်။ ထုတ်ဝေသောအခါ အသစ်တွေ့ထားသော သင်းခွေချပ် Pangolin-CoV သည် 2019-nCoVနှင့် S protein ၏ receptor-binding domain တွင် တူညီ၍ အမိုင်နိုအက်ဆစ်ကွဲပြားမှု တစ်ခုရှိသည်။ [၆၂]

တက္ကဆက်ရှိ အနုဇီဝပညာရှင်များ နှင့် မျိုးရိုးဗီဇပညာရှင်များသည် SARS-CoV-2၏ ဇစ်မြစ်၌ သင်းခွေချပ်ပါဝင်မှုကို ညွှန်းဆိုနိုင်သော ကိုရိုနာဗိုင်းရပ်စ်၏ မျိုးရီုးဗီဇပြန်လည်စီစဉ်ဖြစ်ပေါ်မှု (reassortment)၏ သက်သေများကို တသီးတခြားတွေ့ရှိခဲ့သည်။[၆၃] သို့သော် ယခုထိတွေ့ရှိခဲ့ကြသော pangolin coronaviruses များသည် SARS-CoV-2 နှင့် မျိုးရိုးဗီဇအလုံးစုံအားဖြင့် (၉၂%)သာ တူညီမှုရှိကြသည်။ ထို့ကြောင့် RaTG13 ထက်စာလျှင် တူညီမှုလျော့နည်း၏ ။[၆၄] ၂၀၀၂-၀၄ ဆားစ်ရောဂါဖြစ်ပွားမှုအတွက် တရားခံဖြစ်သော SARS virus သည် တောကြောင်(civet) ကိုရိုနာဗိုင်းရပ်စ် နှင့် မျိုးရိုးဗီဇ (၉၉.၈% ) ထိတူညီကြသည်။ ထို့ကြောင့် ယခုကိစ္စတွင် သင်းခွေချပ်အား ကြားပွဲစားဖြန့်ဝေကောင်ဟု သက်သေပြရန် မလုံလောက်ပါ။[၅၇]

ဆင့်ကဲတိုးတက်ပြောင်းလဲမှုနှင့် အမျိုးအစားခွဲခြားသတ်မှတ်ခြင်း

Genomic information
Genome organisation (click to enlarge)
NCBI genome IDMN908947
Genome size29,903 bases
Year of completion2020

SARS-CoV-2 သည် ကိုရိုနာဗိုင်းရပ်စ်များ(coronaviruses)ဟု သိကြသော ကျယ်ပြန့်သည့် ဗိုင်းရပ်စ်မိသားစု၏ အဖွဲ့ဝင်ဖြစ်သည်။ ၎င်းသည် positive-sense single-stranded RNA (+ssRNA) ဗိုင်းရပ်စ်မျိုးဖြစ်၏ ။ အခြားသော ကိုရိုနာဗိုင်းရပ်စ်များသည် အအေးမိရောဂါ (common cold) မှသည် ပို၍ပြင်းထန်ဆိုးရွားသော မားစ် (Middle East respiratory syndrome -MERS) ရောဂါ၊ ဆားစ် (severe acute respiratory syndrome - SARS)ရောဂါစသော ရောဂါများကိုဖြစ်စေတတ်သည်။ 229ENL63OC43HKU1MERS-CoV နှင့် မူလ SARS-CoV စသောရောဂါဖြစ်စေသော ဗိုင်းရပ်စ်များပြီးနောက် သတ္တမမြောက် သိရှိလာသော ဗိုင်းရပ်တစ်မျိုးဖြစ်သည်။[၆၅]

လူသားများကိုကူးစက်တတ်သော တစ်ခြား ကိုရိုနာဗိုင်းရပ်စ်နှင့် မျိုးရိုးဗီဇအားဖြင့် ကွာဝေးသော်လည်း မျိုးစုနှင့် မျိုးစိတ်ကြားရှိ subgenus တစ်ခုဖြစ်သော Sarbecovirus (Beta-CoV lineage B)၏ အဖွဲ့ဝင် SARS-CoV ကဲ့သို့ ဖြစ်သည်။[၆၆][၃၉][၆၇] ၎င်း၏ RNA sequence သည် အရှည်အားဖြင့် အနီးစပ်ဆုံး 30 kb (Base pair)ဖြစ်၏ ။[၈] သိရှိပြီးဖြစ်သော ဘီတာကိုရိုနာဗိုင်းရပ်စ် (betacoronaviruses) များကြား SARS-CoV-2 သည် အြခားဗိုင်းရပ်စ်များနှင့်မတူ ရောဂါဖြစ်စေသည့်ဂုဏ်သတ္တိ၊ ရောဂါပျံ့နှံ့စေသည်အစွမ်းသတ္တိ၌ ထူးခြားကွဲပြားသည်။ [၅၆][၆၈][၆၉]

ဇန်နဝါရီ ၁၂လောက်တွင် ကိုရိုနာဗိုင်းရက်စ်ဆန်း၏ မျိုးရိုးဗီဇ ငါးခု(five genomes) ကို ဝူဟန်မှ သီးသန့်ဖယ်ထုတ်ခဲ့ကြပြီး (isolated) တရုတ်ရောဂါထိန်းချုပ်ရေးနှင့် တားဆီးရေးဌာနနှင့် တစ်ခြားအဖွဲ့အစည်းများက သတင်းထုတ်ပြန်ခဲ့ကြသည်။[၈][၇၀][၇၁] ဇန်နဝါရီ ၂၆တွင် မျိုးရိုးဗီဇအရေအတွက် ၂၈ခုထိတိုးလာခဲ့သည်။ အစောဆုံး ဒေတာအချက်အလက်သိုမှီးရာနေရာ GenBank genomeမှလွဲပြီး genomeများမှာ GISAIDအစီစဉ်တွင် ပိတ်ပင်ထားသည်။ နမူနာများအတွက် မျိုးရိုးဗီဇပိုင်းဆိုင်ရာ ဆင့်ကဲဖြစ်ပေါ်တိုးတက်လာမှုနှင့် ၎င်းတို့အချင်းချင်းကြားပတ်သက်ဆက်နွှယ်သော လေ့လာစိစစ်ချက်များကို Nextstrainမှတဆင့်ရရှိနိုင်သည်။[၇၂]

Structural biology

SARSr-CoV ဗိုင်းရပ်စ်ပိုး၏ အလွတ်ပုံစံ (viron)

SARS-CoV-2 ဗိုင်းရပ်စ်ပိုး၏ အလွတ်ပုံစံ(viron)သည် အချင်းအားဖြင့် ၅၀-၂၀၀ နာနိုမီတာ အနီးစပ်ဆုံးရှိသည်။[၇၃] အခြား ကိုရိုနုဗိုင်းရပ်စ်များကဲ့သို့ ယခု SARS-CoV-2 သည်လည်း တည်ဆောက်ထားသော ပရိုတိန်း (၄)ခုရှိ၏ ။ S ( spike - ဆူး) ၊ E ( envelope - ) ၊ M (membrane) ၊ N (nucleocapsid) စသည့် proteins များဖြစ်သည်။ N ပရိုတိန်းတွင် RNA genome ကိုအတွင်း၌ရှိစေ၍ S ၊ E ၊ M ပရိုတိန်းများက အတူတကွပေါင်း၍ ဗိုင်းရပ်၏ အပေါ်အလွှာပါး (viral envelope) ကိုဖွဲ့စည်းထား၏ ။[၇၄] cryogenic electron microscopy အနုကြည့်မှန်ပြောင်းဖြင့် ပုံရိပ်ဖော်ထားသော ဆူးတောင် (spike) ပရိုတိန်း[၇၅][၇၆] သည် လက်ခံဆဲလ်၏ အလွှာပါးကို ဗိုင်းရပ်စ်အား ကပ်ငြိတွယ်စေရန် တာဝန်ယူသော ပရိုတိန်း ဖြစ်၏ ။[၇၄]

SARS-CoV-2 spike en:homotrimer with one en:protein subunit highlighted; ACE2 binding domain in magenta

အဆိုပါဗိုင်းရပ်စ်၏ spike အပေါ်တွင်ပြုလုပ်ထားသော ပရိုတိန်းမောဒယ်တည်ဆောက်ပုံ စမ်းသပ်မှုများက မကြာသေးမီက ပြောဆိုသည်မှာ SARS-CoV-2 သည် လူ့ဆဲလ်၏ receptor angiotensin converting enzyme 2 (ACE2) နှင့် လုံလောက်စွာ တူညီပေါင်းစပ်နိုင်မှုရှိကာ ၎င်းတို့ကို ဆဲလ်ဝင်ပေါက်၏ ယန္တယားအဖြစ်အသုံးချကြသည်။[၇၇] ၂၀၂၀ ဇန်နဝါရီ ၂၂ တွင် ဗိုင်းရပ်၏ မျိုးရိုးဗီဇစဉ်တစ်ခုလုံးကို လေ့လာလုပ်ကိုင်နေသော တရုတ်နိုင်ငံက အဖွဲ့တစ်ဖွဲ့နှင့် reverse genetics နည်းလမ်းများသုံးစွဲလုပ်ကိုင်သော အမေရိကန်ပြည်ထောင်စုရှိ အဖွဲ့တို့သည် လူ့ဆဲလ်၏ အပိုင်း ACE2 သည် SARS-CoV-2 အတွက် ကြိုဆိုလက်ခံရာဝင်ပေါက်အဖြစ် (receptor) ဆောင်ရွက်မှုရှိကြောင်း သရုပ်ပြသခဲ့ကြသည်။[၁၀][၇၈][၇၉][၈၀][၈၁][၈၂] လေ့လာမှုများက ပြသသည်မှာ မူလဆားဗိုင်းရပ်စ်မျိုးထက် SARS-CoV-2 သည် လူ၏ ACE2 နှင့် ပို၍ မြင့်မားစွာပေါင်းစည်းနိုင်စွမ်းရှိသည်။[၇၅] SARS-CoV-2 သည် ဆဲလ်အထဲသို့ ဝင်ခွင့်ရရန် basigin ကို သုံးကောင်းသုံးနိုင်သည်။[၈၃]

ဓာတ်ခွဲခန်းတွင် မွေးမြူထားသော လူ့ဆဲလ်များမှ ပေါ်ထွက်လာသော SARS-CoV-2(အဝါရောင်) ၏ electron မိုက်ခရိုစကုပ်ပုံ၊ နည်းပညာဖြင့် အရောင်သွင်းထားခြင်း။

ကာကွယ်ဆေး သုသေသန

၂၀၂၀ ဇန်နဝါရီတွင် ဖော်ပြထားသော မျိုးရိုးဗီဇပေါ်အခြေခံ၍ 2019 n-CoVအတွက် ကာကွယ်ဆေးထုတ်လုပ်ခြင်း လုပ်ငန်းကို အဖွဲ့အစည်းတချို့စတင် လုပ်ဆောင်နေခဲ့သည်။[၈၄][၈၅]

တရုတ်ပြည်တွင် တရုတ်နိုင်ငံ ရောဂါထိန်းချုပ်ခြင်းနှင့် တားဆီးခြင်းဌာနသည် ကိုရိုနာဗိုင်းရပ်စ်ဆန်းကာကွယ်ဆေး လေ့လာပြုစုနေသည်။[၄၁][၈၆] ယခင် ၂၀၀၃ ဆားစ်ရောဂါဗိုင်းရပ်စ်ပိုးမွှား ပြန့်ပွားမှုတွင် ပါဝင်လုပ်ကိုင်ဖူးသော ဟောင်ကောင်တက္ကသိုလ် Yuen Kwok-yung၏ အဖွဲ့မှ ကာကွယ်ဆေးကို ယခုစမ်းသပ်ထုတ်လုပ်နေသော်လည်း တိရစ္ဆာန်များနှင့် စမ်းသပ်ခြင်းရှေ့ဆက်မလုပ်ဆောင်ရသေးပေ။[၈၇]

တစ်ခြားသောနေရာများ၌ ကာကွယ်ဆေးသုံးမျိုးလုပ်ငန်းကို Coalition for Epidemic Preparedness Innovations (CEPI)အဖွဲ့မှ ထောက်ပံ့ပေးထားပြီး လုပ်ငန်းတစ်ခုကို ဇီဝနည်းပညာကုမ္ပဏီ Moderna နှင့် Inovio Pharmaceuticals မှ လုပ်ကိုင်၍ နောက်လုပ်ငန်းတစ်ခုကို University of Queenslandမှ လုပ်ကိုင်လျက် ရှိသည်။ [၈၈] အမေရိကန်ပြည်ထောင်စု အမျိုးသားကျန်းမာရေးတက္ကသိုလ်(National Institutes of Health)သည် Modernaနှင့်ပူးပေါင်းလုပ်ကိုင်နေ၊ ကိုရိုနာဗိုင်းရပ်စ်မျက်နှာပြင်ရှိဆူးချွန်(spike of the coronavirus surface)နှင့် ကိုက်ညီသော RNAကာကွယ်ဆေးကို ၂၀၂၀ မေလတွင်ထုတ်ရန်ကြိုးစားနေကြသည်။[၈၄] ဩစတေးလျ၌ ကွင်းစလန်တက္ကသိုလ်မှ ကိုယ်ခံအားတုံ့ပြန်မှုကို နှိုးဆွရန်နှင့် ကိုရိုနာဗိုင်းရပ်စ်ကိုအတုခိုးစေရန်အတွက် viral proteinsများအားမျိုးရိုးဗီဇပြုပြင်တိုးတက်စေမည့် molecular clamp vaccineတစ်ခု၏ အလားအလာရှိမှုကို စစ်ဆေးစမ်းသပ်နေကြသည်။[၈၈]

လွတ်လပ်၍ အမှီခိုကင်းလုပ်ငန်းတစ်ခုတွင် ကနေဒါနိုင်ငံပြည်သူ့ကျန်းမာရေးအေဂျင်စီက University of Saskatchewan ၌ နိုင်ငံတကာကာကွယ်ဆေးဌာန(International Vaccine Centre - VIDO-InterVac )ကို ကာကွယ်ဆေးတစ်မျိုးစတင်ဖော်စပ်ရန် ခွင့်ပြုချက်ပေးထားသည်။[၈၉] VIDO-InterVacက ထုတ်လုပ်မှုများ စတင်နေပြီး ၂၀၂၀ မတ်လတွင် တိရစ္ဆာန်စမ်းသပ်မှုများစတင်၍ ၂၀၂၁တွင် လူသားစမ်းသပ်မှုများ ပြုလုပ်မည်ဟုရည်ရွယ်ထားသည်။[၈၅]

လန်ဒန်တော်ဝင်ကောလိပ်(Imperial College London)ရှိ ဆေးပညာဌာနမှ ကာကွယ်ဆေးတစ်ခုထုတ်လုပ်ရန်နှင့် တိရစ္ဆာန်စမ်းသပ်မှုများပြုလုပ်ရန်ငွေစိုက်ထုတ်ထားပြီးဖြစ်၏ ။ ထိုစမ်းသပ်မှုအဆင့်သည် ၂၀၂၀ ဖေဖော်ဝါရီလလယ်၌ ပြီးဆီးနိုင်မည်ဟုလည်းမျှော်လင့်ကြသည်။ သို့သော် လူများ၌လေ့လာစမ်းသပ်မှုဆက်လက်လုပ်ကိုင်ရန် ပိုမိုသောငွေစိုက်ထုတ်မှုလိုအပ်လျက် ရှိသည်။[၉၀]

ကိုးကား

ပြင်ပလင့်ခ်များ

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ