ဂျိန်းစ်ဝဘ် အာကာသ တယ်လီစကုပ်

၂၀၂၁ ခုနှစ်တွင် လွှင့်တင်ခဲ့သော အာကာသ တယ်လီစကုပ်

ဂျိန်းစ်ဝဘ် အာကာသ တယ်လီစကုပ် (James Webb Space Telescope) သည် နာဆာ၏ စီမံကိန်းတစ်ခုဖြစ်သည်။ ဂျိန်းစ်ဝဘ် အာကာသ တယ်လီစကုပ်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် လွှင့်တင်ခဲ့သည်။[၇] ဟာဘယ် အာကာသ တယ်လီစကုပ်၏ မှန်ထက် ပိုကြီးပြီး ကမ္ဘာ-နေ ကြားမှ ဆုံမှတ် L2 နေရာ၌ ထားမည်ဖြစ်သည်။ ကြီးမားသော နေရောင်ကွယ်အကာသည် သိပ္ပံဆိုင်ရာကိရိယာများအား အပူချိန် ၅၀ ကေလ်ဘင်သို့ အအေးပေးထားမည်ဖြစ်သည်။ တယ်လီစကုပ်သည် စကြဝဠာဗေဒနက္ခတ္တဗေဒနယ်ပယ်များ၏ စူးစမ်းလေ့လာရေးအတွက် များစွာ အထောက်အကူပေးမည်ဖြစ်သည်။[၈] ရည်မှန်းချက် နောက်တစ်ခုမှာ စကြဝဠာ၏ အဝေးဆုံးနေရာမှ အရာဝတ္ထုများကို လေ့လာရန်ဖြစ်သည်။ ယင်းကဲ့သို့သော ပစ်မှတ်များသည် မြေပြင်အခြေစိုက် ယနေ့ခေတ်တယ်လီစကုပ်များဖြင့် လက်လှမ်းမမှီပေ။ အခြားသော ရည်မှန်းချက်မှာ ကြယ်တာရာ တည်ဆောက်ပုံ၊ ဂြိုဟ်များ တည်ဆောက်ပုံတို့အား နားလည်ရန် ဖြစ်သည်။ ၁၉၉၆ ခုနှစ်ကတည်းက [၉] နာဆာ၏ အဖွဲ့ဝင်များဖြစ်သော ဥရောပ အာကာသ အေဂျင်စီ၊ ကနေဒါ အာကာသ အေဂျင်စီတို့ဖြင့် ပူးပေါင်းခဲ့သည်။[၁၀] ယင်းအား နာဆာ၏ အပိုလိုစီမံကိန်းတွင် အဓိကနေရာ၌ ပါဝင်ခဲ့သူ James E. Webb အားဂုဏ်ပြုသောအားဖြင့် အမည်ပေးခဲ့သည်။[၁၁] နာဆာသည် ဂျိန်းစ် အာကာသ တယ်လီစကုပ်အား ဟာဘယ် အာကာသ တယ်လီစကုပ်၏ ဆက်ခံသူအဖြစ် ဖော်ပြခဲ့သည်။ သို့သော် စွမ်းဆောင်ရည်ချင်း မတူညီပေ။ [၁၂] တယ်လီစကုပ်တွင် ယခင်ကထက် ပိုဝေးသောနေရာမှ အရာဝတ္ထုများကို မြင်နိုင်စွမ်းရှိသည့် ကိရိယာများ ပါဝင်သည်။[၁၃] ၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် နာဆာက တယ်လီစကုပ်၏ ပင်မမှန်များကို ပြီးစီးကြောင်းနှင့် ပြင်းထန်သည့် တုန်ခါမှုကို ခံနိုင်ရန် စမ်းသပ်နေကြောင်း ကြေညာခဲ့သည်။[၁၄][၁၅]

ဂျိန်းစ်ဝဘ် အာကာသ တယ်လီစကုပ်
James Webb Space Telescope model
Six out of 18 mirrors of the James Webb Space Telescope being subjected to temperature dipping test
နာမည်Next Generation Space Telescope
James Webb Space Telescope
မက်ရှင်အမျိုးအစားနက္ခတ္တဗေဒ
အော်ပရေတာNASA / ESA / CSA / STScI[၁]
COSPAR အိုင်ဒီ2021-130A
ဂြိုလ်တု ကတ်သလောက်နံပါတ်50463[၂]
ဝဒ်ဆိုဒ်jwst.nasa.gov
sci.esa.int/jwst
asc-csa.gc.ca
stsci.edu/jwst
မက်ရှင်ကြာမြင့်ချိန်
  • ၂၀ နှစ် (မျော်မှန်း)[၃]
  • ၁၀ နှစ် (စီမံကိန်း)
  • ၅နှစ်ခွဲ (ပင်မစီမံကိန်း)[၄]
  • 2 years, 3 months, 14 days (elapsed)
အာကာသယာဉ် ဂုဏ်သတ္တိများ
ထုတ်လုပ်သူNorthrop Grumman
Ball Aerospace & Technologies
ပစ်လွှတ် ထုထည်၆,၅၀၀ kg (၁၄,၃၀၀ lb)[၅]
ဒိုင်မင်းရှင်း၂၀.၁၉၇ m × ၁၄.၁၆၂ m (၆၆.၂၆ ft × ၄၆.၄၆ ft) (sunshield)
ပါဝါ2,000 watts
မက်ရှင် စတင်ခြင်း
ပစ်လွှတ်နေ့၂၅ ဒီဇင်ဘာ ၂၀၂၁ (၂၀၂၁-၁၂-၂၅), 12:20 UTC
ဒုံးပျံAriane 5
ပစ်လွှတ်နေရာGuiana Space Centre
ကွန်ထရစ်တာArianespace
အလုပ်ဝင်June 2022
ပတ်လမ်း ပါရာမီတာများ
ရည်ညွန်းစနစ်Sun–Earth L2
အုပ်စုHalo orbit
Periapsis၂၅၀,၀၀၀ km (၁၆၀,၀၀၀ mi)[၆]
Apoapsis၈၃၂,၀၀၀ km (၅၁၇,၀၀၀ mi)[၆]
ကာလ၆ လ
Epochplanned
ပင်မ
အမျိုးအစားKorsch telescope
အချင်း၆.၅ m (၂၁ ft)
ဖိုကယ် အလျား၁၃၁.၄ m (၄၃၁ ft)
စုဆောင်း ဧရိယာ၂၅ m2 (၂၇၀ sq ft)
လှိုင်းအလျားfrom 0.6 µm (orange)
to 28.5 µm (mid-infrared)
ဆက်သွယ်ရေးများ
BandS-band (TT&C support)
Ka band (data acquisition)
BandwidthS-band up: 16 kbit/s
S-band down: 40 kbit/s
Ka band down: up to 28 Mbit/s
JWST logo
James Webb Space Telescope insignia


ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ