စွဲလမ်းခြင်း

တမ်းတနေခြင်း

အနက်အဓိပ္ပယ်ဖွင့်ဆိုချက်

သမိုင်းအရ စွဲလမ်းခြင်းကို သုံးစွဲလိုက်သည်နှင့် ဦးနှောက်နှင့်သွေးတို့အကြားအဆီးအတား (blood-brain barrier)ကို ကျော်ဖြတ်၍ ဦးနှောက်၏ဓာတုပစ္စည်းအခြေအနေကို ခေတ္တ ပြောင်းလဲစေသော စိတ်ဓာတ်ရေးရာတက်ကြွစေသည့် အရာဝတ္တုများ (ဥပမာအားဖြင့် အရက်၊ ဆေးရွက်ကြီး၊ ဘိန်းဖြူနှင့် အခြား မူးယစ်စေတတ်သော ဆေးဝါးများ)အပေါ်တွင် ရုပ်ပိုင်းဆိုင်ရာ စွဲလမ်းခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ စွဲလမ်းခြင်းအဖြစ် အနက်ဖွင့်ထားသည်။ အရာဝတ္တုတစ်ခုနှင့် နှီးနွယ်ဆက်စပ်ပြီး မကောင်းသောအကျိုးဆက်များ ရှိနေသော်ငြားလည်း ထိုအရာတစ်ခု သို့မဟုတ် ပြုမူလှုပ်ရှားမှုတစ်ခုအား စွဲစွဲမြဲမြဲ ပါဝင်ပတ်သက်နေခြင်းကို စွဲလမ်းခြင်ဟုလည်း သုံးသပ်ရှုမြင်ကြသည်။ သာယာမှုနှင့် ပျော်ရွှင်မှုတို့ကို ကနဦးကရှာဖွေခဲ့သော်လည်း၊ အချိန်ကာလတစ်ခုကြာလာသောအခါ ပုံမှန်အခြေအနေဟု ခံစားနိုင်ရန်အတွက် အရာဝတ္တု သို့မဟုတ် ပြုမူလှုပ်ရှားမှုနှင့် ပါဝင်ပတ်သက်ခြင်းမှာ လိုအပ်လာသည်။ ယခုအခါတွင်၊ စိတ်ပညာ ကျွမ်းကျင်သူပညာရှင် အချို့တို့နှင့် မကျွမ်းကျင်သူ ပုဂ္ဂိုလ်အများအပြားတို့က ပုံမှန်မဟုတ်သော စိတ်ပိုင်းဆိုင် ရာ စွဲလမ်းခြင်းများဖြစ်သော လောင်းကစားခြင်း၊ အစားအသောက်၊ လိင်၊ ညစ်ညမ်းစာပေ၊ ကွန်ပျူတာများ၊ အင်တာနက်၊ အလုပ်၊ လေ့ကျင့်ခန်း၊ ပုဂ္ဂိုလ်ရေးကိုးကွယ်ခြင်း၊ တီဗွီ သို့မဟုတ် ညစ်ညမ်းမှုမရှိသော ဗီဒီယိုအမျိုးအစားတစ်ခုခု ကြည့်ခြင်း၊ ဝိညာဉ်ရေးရာ စွဲလမ်းခြင်း၊ မိမိကိုယ်မိမိ နာကျင်အောင်လုပ်ခြင်းနှင့် ဈေးဝယ်ခြင်းတို့အပေါ်တွင် စွဲလမ်းခြင်းများကိုပါ ‘စွဲလမ်းခြင်း’ တွင်ထည့်ရန် ကြံရွယ်ကြသည်။[၁]

စွဲလမ်းခြင်းရောဂါအကြောင်းသိကောင်းစရာ

စွဲလမ်းခြင်းရောဂါကုသသည့်အတတ်ပညာဆိုင်ရာ အမေရိကန်အသင်း (American Society of Addiction Medicine)တွင် စွဲလမ်းခြင်းအတွက် ဤအဓိပ္ပာယ်ဖွင့်ဆိုချက် ရှိသည် - စွဲလမ်းခြင်းသည် အဓိကအားဖြင့် ဦးနှောက် အကျိုးတုံ့ပြန်ခြင်း၊ လှုံ့ဆော် ခြင်း၊ မှတ်ဉာဏ် နှင့် လှည့်ပတ်သွားလာမှုစနစ်တို့ နှင့် ဆက်စပ်လျက်ရှိသောနာတာရှည် ရောဂါဖြစ်သည်။ ဤလှည့်ပတ်သွားလာသည့် လမ်းကြောင်းများ အလုပ်ကောင်းစွာမလုပ်ခြင်းသည် ဇီဝဗေဒဆိုင်ရာ၊ စိတ်ပညာဆိုင်ရာ၊ လူမှုရေးနှင့် ဝိညာဉ်ရေးရာတို့နှင့်ဆိုင်သော ထူးခြားသည့် လက္ခဏာ များ ဖြစ်ပေါ်ရန် ဦးတည်နေပါသည်။ ယင်းသည် သီးသန့်လိုက်စား လိုသည့် အကျိုးရလဒ် တစ်ခုချင်းစီအပေါ်တွင် ထင်ဟပ်လျက် ရှိပြီး/သို့မဟုတ် အရာဝတ္တုသုံးစွဲခြင်းနှင့် အခြား ပြုမူလုပ်ဆောင်မှုများဖြင့် သက်သာရာ ရစေသည်။ အပြုအမူဆိုင်ရာ ထိန်းချုပ်မှုယုတ်လျော့ခြင်း၊ အာသာဆန္ဒပြင်းပြခြင်း၊ တသမတ်ထဲ ရှောင်ရှားရန် မတတ်နိုင်ခြင်းနှင့် တစ်ဦးတစ်ယောက်၏ အပြုအမူများနှင့် အခြားသူများနှင့်ဆက်ဆံရေးများတွင် သိသာထင်ရှားသော ပြဿနာများကို အသိအမှတ်ပြုဖို့ရာ အားနည်းခြင်း တို့ဖြင့် စွဲလမ်းခြင်းကို လက္ခဏာခွဲခြားထားသည်။ စွဲလမ်းခြင်းသည် အခြားသော နာတာရှည်ရောဂါများ ကဲ့သို့ မူလရောဂါအခြေအနေဆိုးသို့ ပြန်ရောက်ရှိ ခြင်းနှင့် ရောဂါသက်သာ ခြင်း စက်ဝန်းများ ပါဝင်နေပါသည်။ ရောဂါကုသခြင်း သို့မဟုတ် ပြန်လည်ကျန်းမာလာရန် လှုပ်ရှားမှုများ ပြုလုပ်ခြင်းတို့ မရှိပါက စွဲလမ်းခြင်းမှာ တစ်စတစ်စတိုးတက်လာပြီး ဒုက္ခိတဘဝ သို့မဟုတ် အရွယ်မတိုင်မီ သေဆုံးခြင်းတို့ ဖြစ်စေနိုင်သည်။

မူးယစ်ဆေးစွဲခြင်း

မူးယစ်ဆေးစွဲခြင်းအား “ထပ်တလဲလဲ မူးယစ်ဆေးဝါးရှာဖွေပြီး မူးယစ်ဆေးဝါး သုံးစွဲသော အပြုအမူများဟု ခွဲခြားဖော်ပြထားသော နာတာရှည် ရောဂါဟောင်းပြန်ထတတ်သောကစဉ့်ကလျားဖြစ်ခြင်း”ဟု အလွယ်တကူပင် အနက်အဓိပ္ပာယ် ဖွင့်ဆိုနိုင်သည်။

အရာဝတ္တုအပေါ်စွဲလမ်းခြင်း

အမေရိကန် စိတ်ရောဂါဆိုင်ရာ အသင်း (The American Psychiatric Association)၏ လက်ရှိ စိတ်နှင့်ဆိုင်သော ကစဉ့်ကလျားဖြင်ခြင်းဆိုင်ရာ ရောဂါဗေဒနှင့် ကိန်းဂဏန်းဆိုင်ရာ လက်စွဲ(Diagnostic and Statistical Manual of Mental Disorders (DSM-IV))က အရာဝတ္တုများအပေါ်စွဲလမ်းခြင်းအား အောက်ပါအတိုင်း အနက်အဓိပ္ပာယ်ဖွင့်ဆိုသည် -“ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်က အရက်သို့မဟုတ် အခြားမူးယစ်ဆေးဝါးများကို အသုံးပြုခြင်းကြောင့် ယင်းတို့နှင့် ဆက်စပ်လျက်ရှိသော ပြဿနာများ ဖြစ်ပွားလာသော်လည်း မဆုတ်မနစ်ဘဲဆက်လက် အသုံးပြုသောအခါတွင် အရာဝတ္တုများအပေါ် စွဲလမ်းခြင်းအဖြစ် ရောဂါရှာဖွေဖော်ပြနိုင်သည်။ အာသာဆန္ဒမထိန်းနိုင်သော၊ ထပ်တလဲလဲ ဖြစ်သော သုံးစွဲခြင်းသည် ထိုဆေးဝါး၏ သက်ရောက်မှုအပေါ် ခံနိုင်ရည်ရှိလာပြီး သုံးစွဲမှုကို လျှော့လိုက်သည့်အခါသို့မဟုတ် ရပ်တန့်လိုက်သည့်အခါ ယင်းထခြင်းခံစားရသကဲ့သို့ ဆေးပြတ်သည့်လက္ခဏာများ ဖြစ်ပေါ်လာသည်။ အရာဝတ္တုအလွဲသုံးစား ပြုလုပ်ခြင်းနှင့် အတူ ယင်းကို အရာဝတ္တအသုံးပြုမှု ကစဉ့်ကလျားဖြစ်ခြင်းများအဖြစ် မှတ်ယူရသည် …” အရာဝတ္တုအပေါ်စွဲလမ်းခြင်းကို ရုပ်ပိုင်းဆိုင်ရာ စွဲလမ်းခြင်းဖြစ်သော ခံနိုင်ရည်ရှိခြင်း သို့မဟုတ် ဆေးပြတ်သည့်လက္ခဏာများတို့ဖြင့် သော်လည်းကောင်း၊ သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ စွဲလမ်းခြင်းမပါဘဲလျက် သော်လည်းကောင်း ရောဂါအဖြစ် ဖော်ပြနိုင်သည်။

အပြုအမူဆိုင်ရာစွဲလမ်းခြင်း

စွဲလမ်းခြင်း ဟူသော အသုံးအနှုန်းမှာ တစ်ခါတစ်ရံတွင် အရာဝတ္တုပစ္စည်းများနှင့် ပတ်သက်ခြင်းမရှိသည့် အာသာဆန္ဒမထိန်းနိုင်သော ဈေးဝယ်ထွက်ခြင်း၊ လိင်မှုဆိုင်ရာ စွဲလမ်းခြင်း/အာသာဆန္ဒ မထိန်းနိုင်သော လိင်ဆက်ဆံခြင်း၊ အလွန်အကျွံ စားခြင်း၊ လောင်းကစားခြင်း ပြဿနာနှင့် ကွန်ပျူတာစွဲလမ်းခြင်းတို့ကဲ့သို့ မလုပ်မဖြစ်အောင် တွင်တွင်စေ့ဆော်မှုများနှင့်လည်း သက်ဆိုင်ပေသည်။ ဤကဲ့သို့ အများအားဖြင့် အသုံးအနှုန်းမျိုးများထဲတွင်၊ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်သည် ၎င်း၏ ကိုယ်ပိုင်ကျန်းမာရေး၊ စိတ်အခြေအနေ၊ သို့မဟုတ် လူမှုဆက်ဆံရေးဘဝတို့တွင် အသုံးပြုသူကိုယ်တိုင် အသိအမှတ်ပြုထားသကဲ့သို့ ထိခိုက်စေသည့်အန္တရာယ် အကျိုးဆက်များရှိသော်ငြားလည်း အချို့သော သတ်သတ်မှတ်မှတ်ဖြစ်သော လှုပ်ရှားမှုများကို လုပ်ဆောင်နေခြင်းဖြင့် ထပ်ပြန်တလဲလဲ မလုပ်မဖြစ်အောင် တွင်တွင်စေ့ဆော်ခြင်းကို စွဲလမ်းခြင်း ဟူသော အသုံးအနှုန်းတွင် သုံးသည်။

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ