ပထန်

ပထန် (ပက်ရှ်တွန်း: پښتانه‎) သည် ဗဟိုအာရှနှင့် တောင်အာရှတွင် နေထိုင်သော အီရန်နွယ်ဖွားများဖြစ်ပြီး ယနေ့ အာဖဂန်သားတို့၏ ရှေ့မျိုးဆက်တည်း။ [၁][၂][၃] သုံးစွဲသည့် ဘာသာစကားမှာ အီရန်အရှေ့ပိုင်းတွင်သုံးသော ပါရှတိုစကားဖြစ်သည်။ ထို့အပြင် ပါရှန်းစကားပြောဖြစ်သော ဒါရီ (တာလီ) စကားကိုလည်း အသုံးများသည်။ [၄][၅][၆] အိန္ဒိယတိုက်ငယ်တွင်နေသော ပထန်တို့မှာ ဟင်ဒီ-အူရဒူဘာသာစကားတို့ကို ဒုတိယအသုံးများအဖြစ် သုံးသည်။ [၇][၈] အလွန်နည်းသောမျိုးနွယ်စုတို့သာ ပါရှန်းကိုသော်လည်းကောင်း၊ ဟင်ဒီ-အူရဒူကိုသော်လည်းကောင်း အားပြုသုံးစွဲသည်။ [၉] ပထန်လူမျိုးကို ၆၃ သန်းမျှရှိမည်ဟု ခန့်မှန်းထားသည်။ သို့သော် အာဖဂန်နစ္စတန်တွင် ၁၉၇၉ ကတည်းက သန်းခေါင်စာရင်း မကောက်တော့သဖြင့် အရေအတွက်ကို အတည်မယူသာ။ [၁၀]

အာဖဂန်နစ္စတန်တောင်ပိုင်းနှင့် ပါကစ္စတန်အနောက်မြောက်ပိုင်းတို့မှာ ပထန်တို့၏ ဇာတိဖြစ်ပြီး ယခင်က ပါရှတန်နစ္စတန် ခေါ်သည်။

အာဖဂန်နစ္စတန်၌ ပထန်တို့သည် အကြီးဆုံးလူမျိုးစုဖြစ်ပြီး လူဦးရေ၏ ၄၈% မျှ ရှိသည်။ [၁၁] နိုင်ငံဟူ၍ စတည်ကတည်းကပင် ပထန်တို့ဖြင့် စတည်လာခြင်းတည်း။ ပါကစ္စတန်၌လည်း ဒုတိယအကြီးဆုံး လူမျိုးစုအဖြစ် ပါဝင်ပြီး လူဦးရေ၏ ၁၅%-၁၈% ကြား ရှိသည်။ [၁၂][၁၃] ကမ္ဘာပေါ်ရှိ လူဦးရေများသော လူမျိုးစုတို့တွင် အဆင့် ၂၆ ချိတ်ပြီး လူမျိုးစုအလိုက် စုစည်းနေထိုင်သော အကြီးဆုံးလူမျိုးစုလည်း ဖြစ်၏။ ခန့်မှန်းခြေအရ ပထန်မျိုးနွယ်အုပ်စု ၃၅၀-၄၀၀ ဝန်းကျင် ရှိသည်။ [၁၄][၁၅]

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ