အာရပ်နွေဦး

၂၀၁၀ ခုနှစ်များအတွင်း အာရပ်ကမ္ဘာ၌ ဖြစ်ပွားခဲ့သော ဆန္ဒပြပွဲနှင့် တော်လှန်ရေးများ

အာရပ်နွေဦး (တစ်နည်းအားဖြင့် အာရပ်လူထုနိုးကြားမှု) သည် ၂၀၁၀ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် စတင်ခဲ့ပြီး အာရပ်ကမ္ဘာတလွှား ကူးစက်ခဲ့သည့် လူထုအုံကြွမှု တော်လှန်ရေး လှိုင်းဂယက်ကြီး တစ်ခုဖြစ်သည်။ အာရပ်နွေဦးလှိုင်းဂယက်ကြောင့် တူနီးရှား[၁] နှင့် အီဂျစ်နိုင်ငံ[၂]တွင် အာဏာရှင်စနစ်ကို တွန်းလှန်နိုင်ခဲ့ပြီး လစ်ဗျားနိုင်ငံတွင် ပြည်တွင်းစစ်ဖြစ်ပွားကာ ဂဒါဖီအစိုးရ ပြိုလဲခဲ့ရသည်။[၃] ဘာရိန်း[၄]၊ ဆီးရီးယား[၅]နှင့် ယီမင်နိုင်ငံ[၆]များတွင် လူထုအုံကြွမှုများ ဖြစ်ပွားခဲ့ရာ ယီမင်နိုင်ငံတွင် ဝန်ကြီးချုပ် ရာထူးမှ ဆင်းပေးခဲ့ရသည်။

ယင်းလူထုလှုပ်ရှားမှုများတွင် ဆန္ဒပြမှုများ၊ သပိတ်မှောက်မှုများ၊ စီတန်းလှည့်လည်မှုများ၊ လူထုစုဝေးမှုများ ပါဝင်သကဲ့သို့ အခြားတူညီသည့် အချက်တစ်ချက်မှာ လူမှုကွန်ယက်ကို အသုံးချ၍ ဆက်သွယ် လှုံ့ဆော်စည်းရုံးနိုင်ခဲ့ခြင်းဖြစ်သည်။ ယင်းမီဒီယာမှတဆင့် အစိုးရက ဖိနှိပ်ရန် ကြိုးပမ်းခြင်း၊ အင်တာနက် ဆင်ဆာဖြတ်ခြင်း၊ ပိတ်ပင်ခြင်း စသည်တို့ကို လူထုက နိုးကြားသိရှိလာအောင် ဆောင်ရွက်နိုင်ခဲ့သည်။[၇]

ဆန္ဒပြမှု အများစုမှာ အာဏာပိုင်တို့၏ အကြမ်းဖက် တုံ့ပြန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။[၈][၉][၁၀] ထို့အတူ အစိုးရအား ထောက်ခံသော စစ်သွေးကြွများနှင့် ဆန္ဒပြမှုအား ဆန့်ကျင်သူတို့၏ တန်ပြန်မှုနှင့်လည်း ကြုံကြိုက်ခဲ့ရသည်။[၁၁][၁၂][၁၃] အာရပ်ကမ္ဘာတလွှား ဖြစ်ပွားသည့် ဆန္ဒပြမှုအတွင်း ထပ်ခါတလဲလဲ ကြားကြရသည့် ကြွေးကြော်သံမှာ ash-shab yurid isqat an-nizam ("အာဏာရှင်အစိုးရပြုတ်ကျရေး တို့အရေး") ပင် ဖြစ်သည်။[၁၄]

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ