ဂျပ်စတင် ဘီဘာ

ဂျပ်စတင် ဒရူး ဘီဘာ (Justin Drew Bieber) [၄] (၁၉၉၄ မတ်လ ၁ ရက်နေ့ဖွား)[၅] သည် ကနေဒါနိုင်ငံသား ခေတ်ပေါ် pop နှင့် R&B တေးသံရှင်ဖြစ်သည်။[၁][၂][၆] ဘီဘာ၏ ယူကျု(ဘ်) (YouTube) ပေါ်ရှိ ဗွီဒီယိုအား ၂၀၀၈ ခုနှစ်တွင် စကူတာ ဘရောင်း (Scooter Braun) [၇] က တွေ့ရှိခဲ့ပြီး နောက်တွင် ဘီဘာ၏ မန်နေဂျာ ဖြစ်လာသည်။ ဘရောင်းက ဘီဘာအား နာမည်ကျော် တေးသံရှင် အပ်ရှာ (Usher) နှင့် တွေ့ဆုံရန် စီစဉ်ပေးခဲ့ပြီး မကြာမီတွင် အပ်ရှာနှင့် ဘရောင်းတို့ ပူးတွဲတီထောင်ထားသည့် Raymond Braun Media Group (RBMG) နှင့် လက်မှတ်ရေးထိုး လိုက်သည်။[၈] ထိုနောက်တွင် Island Records နှင့် တေးအယ်လ်ဘမ် ထုတ်ရန်စာချုပ်ချုပ်ဆိုလိုက်သည်။[၉]

ဂျပ်စတင် ဘီဘာ
Justin Bieber
ကိုယ်ရေး အချက်အလက်များ
အမည်ရင်းJustin Drew Bieber
မူလတိုင်းပြည်Stratford, Ontario, Canada
ဂီတဟန်Pop, R&B[၁][၂]
အလုပ်အကိုင်တေးသံရှင်၊ တေးရေးဆရာ၊ သရုပ်ဆောင်
တူရိယာအဆို၊ ဂီတာ၊ စန္ဒရား၊ ထရမ်းပက်[၃]
တက်ကြွသည့်နှစ်များ2009–present
တေးသံသွင်း ကုမ္ပဏီIsland, RBMG
ပူးတွဲ ပါဝင်မှုUsher
ဝက်ဘ်ဆိုက်justinbiebermusic.com

ဂျပ်စတင် ဘီဘာ၏ ပွဲထွက် single ‘One Time’ ကို ၂၀၀၉ ခုနှစ်တွင် ကမ္ဘာတလွှား၌ ဖြန့်ချိခဲ့သည်။ ယင်းသီချင်းသည် ကနေဒါနိုင်ငံ၏ အရောင်းရဆုံး ၁၀ စာရင်းတွင် ထိပ်မှလည်းကောင်း နိုင်ငံတကာ ဈေးကွက်တွင် အရောင်းရဆုံး ၃၀ စာရင်းဝင်ခဲ့သည်။ ၂၀၀၉ ခုနှစ် နိုဝင်ဘာ ၁၇ ရက်နေ့တွင် ပထမဦးဆုံးသော အယ်လ်ဘမ် ‘My World’ ကို ထုတ်ဝေရာ အမေရိကန်တွင် ပလက်တီနမ် ဓာတ်ပြား စာရင်းဝင်ခဲ့သည်။ ဂျပ်စတင် ဘီဘာသည်လည်း ဗွေဆော်အယ်လ်ဘမ်မှ သီချင်း ၇ ပုဒ် ‘ဘီလ်ဘော့ဒ် ရေပန်းစားသီချင်း (၁၀၀)’ စာရင်းဝင်ခဲ့သည့် ပထမဦးဆုံးသော တေးသံရှင်ဖြစ်သည်။[၁၀]

ထွက်ရှိပြီးတေးစီးရီးအယ်လ်ဘမ်များ

  • My World (၂၀၁၀)
  • My World 2.0 (၂၀၁၀)
  • My Worlds Acoustic
  • Never Say Never – The Remixes (၂၀၁၁)
  • Under the Mistletoe (၂၀၁၁)
  • Believe (၂၀၁၂)
  • Journals (၂၀၁၃)
  • Purpose (၂၀၁၅)
  • Changes (၂၀၂၀)

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ