စနေဂြိုဟ်၏ ဂြိုဟ်ရံလများ
စနေဂြိုဟ်၏ ဂြိုဟ်ရံလများ များသည် များပြား ကွဲပြားကြပြီး[၁] ၁ ကီလိုမီတာအောက် ငယ်သော လကလေး (moonlet) မှသည် မာကျူရီဂြိုဟ်ထက် ပိုကြီးသည့် တိုက်တန်အထိ ရှိကြသည်။ စနေဂြိုဟ်၌ အတည်ပြုပြီး ဂြိုဟ်ပတ်လမ်းကြောင်းရှိ ဂြိုဟ်ရံလပေါင်း ၈၃ စင်းရှိပြီး[၂] ကျန်သော ၅၃ စင်းမှာမူ အမည်သတ်မှတ်ထားသော်လည်း ၁၃ စင်းမှာ ၅၀ ကီလိုမီတာကျော်ခန့်သာ ကြီးမားကြသည်။ ယင်းတို့၏ ပတ်လမ်းကြောင်းများသည် ရှုပ်ထွေးလှသည်။[၃][၄] စနေဂြိုဟ်၏ သိသာထင်ရှားသော ဂြိုဟ်ရံလများမှာ တိုက်တန်ဖြစ်ပြီး ဂျူပီတာဂြိုဟ်၏ ဂျန်နမိတ်ပြီးလျင် နေအဖွဲ့အစည်း၌ ဒုတိယအကြီးဆုံး လတစ်စင်းဖြစ်သည်။ ယင်းဂြိုဟ်ရံလတွင် နိုက်ထရိုဂျင်ကြွယ်ဝသည့် ကမ္ဘာမြေကဲ့သို့ လေထုတည်ရှိပြီး မြစ်ချောင်းများကဲ့သို့ မြေမျက်နှာသွင် တည်ရှိကာ ဟိုက်ဒရိုကာဗွန် အင်းအိုင် တည်ရှိသည်။ ဤကဲ့သို့သော သွင်ပြင်လက္ခဏာများကို နေအဖွဲ့အစည်း၏ မည်သည့်နေရာတွင်မှ မတွေ့ရပေ။[၅] အန်ဆဲလ်ဒပ်စ် ၏ ဓာတုဖွဲ့စည်းပုံမှာ ကြယ်တံခွန်များ၏ ဓာတုဖွဲ့စည်းပုံနှင့် ဆင်တူသည်။[၆] အန်ဆဲလ်ဒပ်စ်သည် ဓာတ်ငွေ့နှင့် ဖုန်မှုန်များကို ပန်းထုတ်နေသောကြောင့် တောင်ဝင်ရိုးစွန်းဒေသ၏ အောက်ခြေ၌ ရေတည်ရှိသည်ဆိုသည်အား ညွန်ပြနေသည်။ ယင်းအချက်သည် မြေမျက်နှာပြင်အောက်ခြေ၌ သမုဒ္ဒရာ တည်ရှိနိုင်ကောင်း၏။[၇]
စနေဂြိုဟ်၏ ဂြိုဟ်ရံလ ၂၄ စင်းသည် ပုံမှန် ဂြိုဟ်ရံလများဖြစ်ပြီး[၈] ကျန်သော ၅၈ စင်းမှာ ပုံမှန်မဟုတ်သော ဂြိုဟ်ရံလများ ဖြစ်ကြသည်။