ဘစ်ကွိုင်

၂၀၀၉ တွင် စတင် ထုတ်လုပ်သော ဒီဂျစ်တယ်ငွေကြေးတမျိုး

ဘစ်ကွိုင် (Bitcoin) ဆိုသည်မှာ Satoshi Nakamoto ဆိုသူမှ ၂ဝဝ၈ ခုနှစ်တွင် တီထွင်ပြီး[၈] ၂ဝဝ၉ ခုနှစ်တွင် open-source အဖြစ် ထုတ်ပေးခဲ့သောဒယ်ဂျစ်တယ် ငွေကြေးပေးချေစနစ်တစ်ခုဖြစ်သည်။[၉] စနစ်သည် peer-to-peer ဖြစ်သောကြောင့် အသုံးပြုသူများအနေဖြင့် တိုက်ရိုက်အလွှဲအပြောင်းလုပ်နိုင်သည်။ ငွေကြေးအလွှဲအပြောင်းများအား block chain ဟုခေါ်သည့် နက်ဝက်အစွန်းများဖြင့် အတည်ပြုသည်။စနစ်သည် ဗဟိုထိန်းချုပ်မှုမရှိဘဲ လုပ်ဆောင်သည်။ ယခင် စနစ်များရှိသော်လည်း ဘစ်ကွိုင်အား တခါတရံတွင် ခရိုက်တိုငွေကြေးဟု ခေါ်ကြသည်။[၁၀][၁၁][၁၂] ဘစ်ကွိုင်အား ဗဟိုထိန်းချုပ်မှုကင်းသော virtual ငွေကြေးဟု ပိုမိုမှန်ကန်စွာ ဖော်ပြကြသည်။[၁၃][၁၄] ယင်းသည် ဈေးကွက်တန်ဖိုးအားဖြင့် အမြင့်ဆုံးအမျိုးအစားလည်း ဖြစ်သည်။[၁၅]

ဘစ်ကွိုင်
ဘစ်ကွိုင်ဖောက်သည်၏ လိုဂို
ယူနစ် ပိုင်းခြားသတ်မှတ်ပုံ
ယူနစ်ခွဲ
10−3millibitcoin
10−6microbitcoin, bit[၅]
10−8satoshi[၆]
ငွေကြေးသင်္ကေတBTC,[၁] [၂] CNNMoney,[၃] and xe.com.[၄]
 millibitcoinmBTC
 microbitcoin, bit[၅]μBTC
လူမှုပထဝီ
စတင် မိတ်ဆက်သည့်နေ့၃ ဇန်နဝါရီ ၂၀၀၉; ၁၅ နှစ် အကြာက (၂၀၀၉-၀၁-03)
အသုံးပြုသူ(များ)ကမ္ဘာတစ်ဝန်း
ထုတ်ဝေခြင်း
စီမံခန့်ခွဲမှုဗဟိုမဲ့
တန်ဖိုး
ငွေကြေးကြီးထွားမှု၂၀၁၉ နှစ်လယ်အထိ ဆယ်မိနစ်တိုင်း block တစ်ခုလျင် ဘစ်ကွိုင် ၁၂.၅ ခုနှုန်း[၇]

ဘစ်ကွိုင်များအား ကွန်ပျူတာ၏ လုပ်ဆောင်နိုင်စွမ်းများအား အသုံးချကာ တန်ကြေးအနေဖြင့် ဖန်တီးယူကြသည်။ ယင်းဖြစ်ရပ်အား မိုင်းတူးခြင်း (mining) ဟုခေါ်ပြီးလွှဲပြောင်းခနှင့် ဘစ်ကွိုင် အသစ်များအား ရရှိကြသည်။[၁၃] မိုင်းတူးခြင်းဖြင့် ရရှိသော်လည်း ဘစ်ကွိုင်များအား အခြားငွေကြေး၊[၁၆] ပစ္စည်း၊ ဝန်ဆောင်မှုများဖြင့် ကုန်သွယ်ဖလှယ်နိုင်သည်။[၁၇] အသုံးပြုသူများသည် အလွှဲအပြောင်း လုပ်ဆောင်နိုင်သည်။[၁၈]

ဘစ်ကွိုင်အား ပေးချေမှုစနစ်အဖြစ် အသုံးပြုလာသည်မှာ တိုးပွားလာခဲ့သည်။ ကုန်သည်များသည်လည်း လက်ခံကုန်သွယ်ရန် လိုလားကြသည်။ အဘယ်ကြောင့်ဆိုသော်ခရစ်ဒစ်ကဒ်ဖြင့် အသုံးပြုမှုထက် ဝန်ဆောင်ခမှာ ၂-၃ ရာခိုင်နှုန်း လျော့နည်းသောကြောင့်ဖြစ်သည်။[၁၉] ခရစ်ဒစ်ကဒ်နှင့် မတူသည်မှာ ဝန်ဆောင်ခသည်ပေးချေသူများမှပေးရပြီး ရောင်းဝယ်သူများမှ မပေးရပေ။ ဘစ်ကွိုင်အား ပြစ်မှုဆိုင်ရာတွင် အသုံးပြုခြင်းသည် မီဒီယာများ၊ အာဏာပိုင်များအား သတိထားမိစေသည်။ဘစ်ကွိုင်အား အမေရိကန် အမတ် Rand Paul ကဲ့သို့သော နိုင်ငံရေးသမားအချို့က ထောက်ခံသည်။ သူသည် ဘစ်ကွိုင်ဖြင့် လှူဒါန်းခြင်းကို လက်ခံသူဖြစ်သည်။[၂၀]

ယူနစ်

ဘစ်ကွိုင်စနစ်၏ ယူနစ်မှာ bitcoin ဖြစ်သည်။ ငွေကြေးအဖြစ် အင်္ဂလိပ်အက္ခရာ အသေး bitcoin ဟုသုံးပြီး ကွန်ပျူတာနှင့်ဆိုင်သော ဝေါဟာရအတွက် အက္ခရာအကြီး Bitcoin ကိုသုံးသည်။ ၂၀၁၄ ခုနှစ်အရ သင်္ကေတမှာ BTC၊ XBT၊ [၂၁] ဖြစ်ကြသည်။ ပမာဏနည်းသော ဘစ်ကွိုင်အတွက် millibitcoin (mBTC) microbitcoin (µBTC) အစရှိသည်ဖြင့် အသုံးပြုသည်။ ဘစ်ကွိုင်ငွေကြေးတွင် ၁ satoshi သည် အနည်းဆုံးပမာဏဖြစ်ပြီး ၁ BTC ၏ ၀.၀၀၀၀၀၀၀၁ ဖြစ်သည်။[၆] millibitcoin သည် ၀.၀၀၁ bitcoin နှင့်ညီမျှပြီး ၁ BTC ၏ တစ်ထောင်ပုံတစ်ပုံ ဖြစ်သည်။[၂၂] satoshi ဆိုသည်မှာ စနစ်အားဖန်တီးသူ ဂျပန်လူမျိုးအား ဂုဏ်ပြုသောအားဖြင့် မှည့်ခေါ်ခြင်းဖြစ်သည်။

ပိုက်ဆံအိတ်

Electrum ဘစ်ကွိုင် ပိုက်ဆံအိတ်
bitaddress.org တွင် ဘစ်ကွိုင်ပိုက်ဆံအိတ်စာရွက်အား ထုတ်ပေးသည်
Trezor ဟာဒ်ဝဲလ် ပိုက်ဆံအိတ်

ဘစ်ကွိုင်များအား စုထားရန် သို့မဟုတ် ထိန်းသိမ်းရန်အတွက် ပိုက်ဆံအိတ် (wallet) ကို အသုံးပြုရသည်။[၂၃] ဆော့ဝဲလ်အား အခြေခံသည့် ပိုက်ဆံအိတ် အွန်လိုင်းဝဘ်ဆိုဒ်အားအခြေခံသည့် ပိုက်ဆံအိတ် ဟာဒ်ဝဲလ်ပိုက်ဆံအိတ် အစရှိသည်ဖြင့် ကွဲပြားသည်။ ဆော့ဝဲလ် ပိုက်ဆံအိတ်တွင်လည်း full client နှင့် lightweight client ဟူ၍ ထပ်မံကွဲပြားသည်။ full client များသည် block chain မှအချက်အလက်များကို အပြည့်အဝ လိုက်ရှာသည်။ ၂၀၁၆ တွင် ၆၀ ဂစ်ဂါဘစ် ပမာဏကျော်ကာ[၂၄] အချို့သော အသုံးပြုသူများအတွက် အဆင်ပြေမည်မဟုတ်ပေ။ အခြားသော ပိုက်ဆံအိတ်အမျိုးအစားမှာ အွန်လိုင်းအခြေစိုက်ဖြစ်ကြသည်။ ဥပမာဆိုရသော် blockchain.info Coinbase စသည်တို့ဖြစ်သည်။ ယင်းအမျိုးအစားတွင် အသုံးပြုသူအနေဖြင့် အခြေစိုက်ဆာဗာပေါ်တွင် လုံးဝဥသုံ ယုံကြည်ရပေမည်။ အွန်လိုင်းပိတ်ဆံအိတ်များသည် အသုံးပြုသူများ၏ ဟာဒ်ဝဲလ်များထက် ပိုက်ဆံအိတ်နှင့်ပတ်သက်သောအချက်အလက်များကို ဝန်ဆောင်မှုပေးသူ၏ဆာဗာ၌သာ သိမ်းထားသည်။[၂၅][၂၆] အသုံးပြုသူများအတွက်မူ လွယ်ကူနိုင်ကောင်းသည်။


တန်ဖိုး အတက်အကျ

၂ဝ၁၄ ခုနှစ် Mark T. Williams ၏အဆိုအရ ဘစ်ကွိုင်သည် ရွှေထက် ခုနှစ်ဆ၊ အမေရိကန်ဒေါ်လာထက် ၁၈ ဆ တန်ဖိုးရှိသည်။[၂၇] တန်ဖိုးမြင့်နေခြင်းကို ထိန်းညှိပေးမည့်စနစ်မရှိဟု ဂျပန်လူမျိုး ကျောင်းသားများက ရှင်းပြသည်။[၂၈] Forbes မဂ္ဂဇင်း၏ ဂျာနယ်လစ်တစ်ယောက်မှပြောကြားသည်မှာ ဘစ်ကွိုင်သည် ရေရှည်တွင် တန်ဖိုးရှိရန်မသေချာဟုဆိုသည်။[၂၉] ကနဦးငွေကြေးတန်ဖိုး မြင့်တက်ခြင်းမှာ ယုတ္တိရှိသည်။ "ဘာကြောင့်လဲဆိုတော့ လူတွေဟာ အဲဒီဘစ်ကွိုင် ဘယ်လိုအလုပ်လုပ်သလဲဆိုတာ အတွေ့အကြုံရချင်လို့ပါပဲ"။[၃၀] ၂ဝ၁၁ ခုနှစ်တွင် တန်ဖိုးသည် ဒေါ်လာ ဝ.၃ မှ ၃၂ အထိမြင့်တက်ခဲ့သည်။[၃၁] ၂ဝ၁၂ ခုနှစ်တွင် ဘစ်ကွိုင်တန်ဖိုးသည် စတင်ကာမြင့်တက်လာခဲ့သည်။[၃၂] ၂ဝ၁၃ ခုနှစ် ဩဂုတ်လတွင် အမေရိကန်ဒေါ်လာ ၆ဝဝ အောက်တွင် တည်ရှိသည်။[၃၃] ၂ဝ၁၃ နိုဝင်ဘာလတွင် ဘစ်ကွိုင်တန်ဖိုး အမြင့်ဆုံး ၁၂၄၂ အထိ မြင့်တက်ခဲ့သည်။[၃၄] ဇန်နဝါရီလ ၂ဝ၁၅ ခုနှစ်တွင် ဘစ်ကွိုင်တန်ဖိုးသည် ၂ဝ၁၃ ခုနှစ်ကတည်းက အနည်းဆုံးတန်ဖိုး အမေရိကန်ဒေါ်လာ ၂၂၄ သို့ ကျဆင်းသွားခဲ့သည်။ ၂၀၁၇ မတ်လ ၃ ရက်နေ့အရ ဘစ်ကွိုင်တန်ဖိုးသည် ရွှေဈေးထက် ကျော်လွန်ကာ ယင်း၏တန်ဖိုးသည် အမြင့်ဆုံးသို့ ရောက်ရှိခဲ့သည်။သို့သော်လည်း ၂၀၁၇ နှစ်စမှစတင်ကာ တစ်ဖြည်းဖြည်းပြန်လည်မြှင့်တက်လာခဲ့ပြီး ၂၀၁၇ ဒီဇင်ဘာလတွင် ဒေါ်လာ ၂၀၀၀၀ ထိ အဆ ၂၀ ဆ ထိုးတက်သွားခဲ့သည်။ ဘစ်ကွိုင်သည် ဈေအတက်အကျအလွန်ကြမ်းပြီး ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင်မူ ၃၂၀၀ ဒေါ်လာသာ ကျန်ရှိတော့သည်။ လက်ရှိအချိန်တွင်မူ ဒေါ်လာ ၁၁,၀၀၀ ခန့်ပေါက်ဈေးရှိနေပြီး ရွှေထက် ၈ဆ ခန့် တန်ဖိုးရှိနေသည်။[၃၅][၃၆]

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ