လက်တင်အမေရိက

လက်တင်အမေရိက (အင်္ဂလိပ်: Latin America) ဟူသည် ရိုမန်ဘာသာစကား (အဓိကအားဖြင့် စပိန်နှင့် ပေါ်တူဂီဘာသာ) ကိုပြောဆိုသည့် အမေရိကရှိ နိုင်ငံများကို ညွှန်းဆို ခေါ်ဝေါ်ခြင်းဖြစ်သည်။ အမေရိကန်ပြည်ထောင်စု တောင်ဘက်နယ်နမိတ်မှ တောင်အမေရိက တောင်ဘက် အစွန်းထိ (ကာရစ်ဘီယံဒေသ အပါအဝင်) ကျယ်ပြန့်ကာ အချုပ်အခြာအာဏာပိုင်နိုင်ငံပေါင်း ၂၀ ပါဝင်သည်။ ဧရိယာအားဖြင့် ၁၉,၁၉၇,၀၀၀ စတုရန်းကီလိုမီတာခန့် (၇,၄၁၂,၀၀၀ စတုရန်းမိုင်)[၁] ကျယ်ဝန်းကာ ကမ္ဘာ့ကုန်းမြေစုစုပေါင်းဧရိယာ၏ ၁၃% ခန့်ရှိသည်။ လူဦးရေမှာ ၂၀၁၃ ခုနှစ် စာရင်းများအရ ၆၀၄ သန်းကျော်ဖြစ်သည်။ "လက်တင်အမေရိက" ဟူသည့် အသုံးအနှုန်းကို ၁၈၆၁ ခုနှစ်တွင် စတင်အသုံးပြုခဲ့သည်။ [၅]

Latin America[မှတ်စု ၁]
ဧရိယာ၁၉,၁၉၇,၀၀၀ km2 (၇,၄၁၂,၀၀၀ sq mi)[၁]
လူဦးရေ၆၂၆,၇၄၁,၀၀၀ (၂၀၁၅ ခန့်မှန်း)[၂][မှတ်စု ၂]
လူဦးရေ သိပ်သည်းမှု၃၁/km2 (၈၀/sq mi)
DemonymLatin American
နိုင်ငံများ၂၀[မှတ်စု ၃]
အမှီအခိုနယ်မြေများ၁၃
ဘာသာစကားများအဓိကအားဖြင့်
စပိန် နှင့် ပေါ်တူဂီအခြား:
Quechua, Mayan languages, Guaraní, ပြင်သစ်, Aymara, Nahuatl, အီတလီဂျာမန်အင်္ဂလိပ်ဒတ်ချ်၊ ပိုလန်၊ ယူကရိန်း၊ Welsh, Yidish, တရုတ်
အချိန်ဇုန်များUTC-2 မှ UTC-8
အကြီးဆုံးမြို့များ(မြို့ကြီးများ)[၃][၄]
၁။ မက္ကဆီကိုနိုင်ငံ Mexico City
၂။ ဘရာဇီးနိုင်ငံ São Paulo
၃။ အာဂျင်တီးနားနိုင်ငံ Buenos Aires
၄။ ဘရာဇီးနိုင်ငံ Rio de Janeiro
၅။ ကိုလံဘီယာနိုင်ငံ Bogotá
၆။ ပီရူးနိုင်ငံ Lima
၇။ ချီလီနိုင်ငံ Santiago
၈။ဘရာဇီးနိုင်ငံBelo Horizonte
၉။ မက္ကဆီကိုနိုင်ငံ Guadalajara
၁၀။ မက္ကဆီကိုနိုင်ငံ Monterrey

နယ်မြေဒေသများ

လက်တင်အမေရိကရှိ ယေဘုယျဒေသကြီးလေးခု

ပထဝီဝင်၊ နိုင်ငံရေး၊ ယဉ်ကျေးမှု စသည်တို့ကို အခြေခံ၍ လက်တင်အမေရိက ကို အမျိုးမျိုးခွဲခြားနိုင်သည်။ ပထဝီဝင်အားဖြင့် ပိုင်းခြားထားပုံမှာ မြောက်အမေရိကဗဟိုအမေရိကကာရစ်ဘီယံနှင့် တောင်အမေရိက ဟူ၍ဖြစ်သည်။[၆] နိုင်ငံရေးပထဝီဝင်အရ ခွဲခြားထားသည့် နယ်မြေဒေသများမှာ တောင်ပိုင်းကတော့ပုံဒေသ၊ ဂီယားနားနယ်များနှင့် အန်းဒီးဒေသ တို့ဖြစ်သည်။ ဘာသာဗေဒအားဖြင့် ပိုင်းခြားထားသည့် ဒေသများမှာ ဟစ်စပန်းနစ်အမေရိက၊ ပေါ်တူဂီအမေရိကနှင့် ပြင်သစ်အမေရိက တို့ဖြစ်ကြသည်။

အလံတံဆိပ် အမှတ်အသားအမည်ဧရိယာ
(km²)
လူဦးရေ
လူဦးရေသိပ်သည်းဆ
(per km²)
မြို့တော်နိုင်ငံအမည် (ရုံးသုံးဘာသာစကားဖြင့်)
အာဂျင်တီးနားနိုင်ငံ၂,၇၈၀,၄၀၀၄၁,၆၆၀,၄၁၇၁၄.၄ဗျူနိုအေးရိစ်မြို့Argentina
ဘိုလီးဗီးယားနိုင်ငံ၁,၀၉၈,၅၈၁၁၀,၄၆၁,၀၅၃ဆူးခရဲ့မြို့Bolivia
ဘရာဇီး၈,၅၁၅,၇၆၇၂၀၁,၀၃၂,၇၁၄၂၃.၆ဘရာဇီးလီးလားမြို့Brasil
ချီလီနိုင်ငံ၇၅၆,၀၉၆၁၇,၅၅၆,၈၁၅၂၃ဆန်တီယာဂိုမြို့Chile
ကိုလံဘီယာနိုင်ငံ၁,၁၄၁,၇၄၈၄၇,၃၈၇,၁၀၉၄၁.၅ဘိုဂိုတာမြို့Colombia
ကော့စတာရီကာနိုင်ငံ၅၁,၁၀၀၄,၆၆၇,၀၉၆၉၁.၃ဆန်ဂျို့စ်မြို့Costa Rica
ကျူးဘားနိုင်ငံ၁၀၉,၈၈၄၁၁,၀၆၁,၈၈၆၁၀၀.၆ဟာဗားနားမြို့Cuba
ဒိုမီနီကန်သမ္မတနိုင်ငံ၄၈,၄၄၂၁၀,၂၁၉,၆၃၀၂၁၀.၉ဆန်တိုဒိုမီဂိုမြို့República Dominicana
အီကွေဒေါနိုင်ငံ၂၈၃,၅၆၀၁၅,၄၃၉,၄၂၉၅၄.၄ကွီတိုမြို့Ecuador
အယ်ဆာဗေဒိုနိုင်ငံ၂၁,၀၄၀၆,၁၀၈,၅၉၀၂၉၀.၃ဆန်ဆာဗေဒိုမြို့El Salvador
ပြင်သစ်ဂီယားနား*၈၃,၅၃၄၂၅၀,၁၀၉ခေအန်းမြို့Guyane française
ဂွါဒီလု*၁,၆၂၈၄၀၅,၇၃၉၂၅၀ဘာ့စတဲမြို့Guadeloupe
ဂွါတီမာလာနိုင်ငံ၁၀၈,၈၈၉၁၅,၄၃၈,၃၈၄၁၂၉ဂွါတီမာလာစီးတီးGuatemala
ဟေတီနိုင်ငံ၂၇,၇၅၀၉,၉၉၆,၇၃၁၃၅၀ပေါ့တ်အော်ရ်ပရင့်စ်မြို့Ayiti, Haïti
ဟွန်ဒူးရပ်စ်နိုင်ငံ၁၁၂,၄၉၂၈,၅၅၅,၀၇၂၇၆တေဂူဆီဂါလ်ပါမြို့Honduras
မာတီနစ်*၁,၁၂၈၃၈၆,၄၈၆၃၄၀ဖော့ဒီဖရန့်မြို့Martinique
မက္ကဆီကိုနိုင်ငံ၁,၉၇၂,၅၅၀၁၁၈,၃၉၅,၀၅၄၅၇မက္ကဆီကိုစီးတီးEstados Unidos Mexicanos
နီကာရာဂွါနိုင်ငံ၁၃၀,၃၇၅၅,၇၈၈,၅၃၁၄၄.၃မနာဂွါမြို့Nicaragua
ပနားမားနိုင်ငံ၇၅,၅၁၇၃,၆၆၁,၈၆၈၅၄.၂ပနားမားစီးတီးPanamá
ပါရာဂွေးနိုင်ငံ၄၀၆,၇၅၃၆,၈၀၀,၂၈၄၁၄.၂အဆွန်စီယုန်းမြို့Paraguay
ပီရူးနိုင်ငံ၁,၂၈၅,၂၁၆၃၀,၄၇၅,၁၄၄၂၃လီမာမြို့Perú
ပေါ်တိုရီကို*၉,၁၀၄၃,၆၁၅,၀၈၆၃၉၇ဆန်ဝှမ်းမြို့Puerto Rico
စိန့်ဘာသယ်လမီ*၅၃.၂၃၆,၂၈၆၆၈၂ဂစ်စတာဗီယားမြို့Saint-Barthélemy
[[File:|23x15px|border |alt=Collectivity of Saint Martin|link=Collectivity of Saint Martin]] စိန့်မာတင်*၂၅၉,၀၃၅၃၆၁မာရီဂေါမြို့Saint-Martin
ဥရုဂွေးနိုင်ငံ၁၇၆,၂၁၅၃,၃၂၄,၄၆၀၁၈.၈၇မွန်တီဗစ်ဒီအိုမြို့Uruguay
ဗင်နီဇွဲလားနိုင်ငံ၉၁၆,၄၄၅၃၁,၆၄၈,၉၃၀၃၁.၅၉ကရာကတ်စ်မြို့Venezuela
စုစုပေါင်း၂၀,၁၁၁,၄၅၇၆၀၃,၄၄၁,၅၉၅၃၀

*: အချုပ်အခြာအာဏာပိုင်နိုင်ငံ မဟုတ်

မှတ်စုများ

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ