အက်ဖ် (အက္ခရာ)

လက်တင်စကားလုံး

F သည် ၆ ခုမြောက် အခြေခံ ခေတ်သစ် လက်တင် အက္ခရာ ဖြစ်သည်။အင်္ဂလိပ်ဘာသာတွင် (/ɛf/) သည် (ef) သို့မဟုတ် F ဟု အသံထွက်သည်။[၁][၂]

F
F
အခြေခံ လက်တင်အက္ခရာ
AaBbCcDd  
EeFfGgHh
IiJjKkLlMmNn
OoPpQqRrSsTt
UuVvWwXxYyZz

စီမီတစ်ဘာသာ၌ vâv သည် /v/ ကို ကိုယ်စားပြုပြီး ယေဘူယျအားဖြင့် တင်းပုတ် သို့မဟုတ် ချိတ်ပုံစံလေးဖြင့် ဖော်ပြကြသည်။ F သည် ထိုပုံစံလေးများမှ ဖြစ်ပေါ်လာသည်။ ထို့အပြင် ၎င်းသည် အီဂျစ်အရုပ်စာ သင်္ကေတလေးများကို အခြေခံထားခြင်းလည်း ဖြစ်နိုင်သည်။ ဥပမာ- အောက်ပါပုံလေးကို အခြေခံထားခြင်းသည်လည်း ဖြစ်နိုင်သည်။

T3


ပရိုတို-စီမီတစ်
W
ဖိုနီးရှန်း
waw
ဩရုစကမ်
W
ဂရိ
Digamma
ရောမ
F
Roman F

ဖိုနီးရှင်းဘာသာမှ F ၏ပုံစံကို ဂရိဘာသာသို့ မွေးစားထားခဲ့ပြီး အသံထွက်ကို upsilon (၎င်းသည် ဂရိဘာသာတွင် Yကို ကိုယ်စားပြုသည်၊ နောက်ပိုင်း၌ ရောမအက္ခရာတွင်လည်း < U >,< V >,< W > ဖြစ်ပေါ်လာစေသည်။) ဟုခေါ်သည်။ ထို့အပြင် ဂရိဘာသာမှ digamma (၎င်းသည် F ပုံစံဖြစ်သော်လည်းအသံထွက်မှာ /w/ ဖြစ်သည်။)F ကိုအတုခိုး ရေးသား ထားခြင်းသည်လည်း ဖြစ်နိုင်သည်။ဩရုစကမ် ဘာသာတွင် -- ကို wအဖြစ်သာ ဖော်ပြခဲ့ကြသည်။ ရောမအက္ခရာတွင် digraph (FH) ကို /f/ ကို ဖော်ပြရန်အတွက် အသုံးပြုခဲ့ကြသည်။ ၎င်းစကားလုံးကို ဩရုစကမ် ဘာသာတွင် wအဖြစ်သာ အသုံးပြုခြင်းမှာ ၎င်းတို့သည် ဂရိဘာသာမှ U ကို w အဖြစ်ဖော်ပြရန်အတွက် အသုံးပြုထားပြီးသောကြောင့် ဖြစ်သည်။ ထိုအချိန်တွင် ဂရိဘာသာမှ ဖိုင်(Phi)‹Φ› ကို နှုတ်ခမ်းဟသံထွက်ရန်အတွက် အသုံးပြုခဲ့ကြပြီးဖြစ်သော်လည်း လက်ရှိ ခေတ်သစ်ဂရိဘာသာတွင်မူ ထိုအသံထွက်သည် F နှင့် အနီးစပ်ဆုံးတူသော အသံထွက်ဖြစ်သည်။

အသုံးပြုပုံ

အက်ဖ် (အက္ခရာ) ကို အခြားနည်းဖြင့် ဖေါ်ပြချက်များ
NATO phoneticမောရ်စ်၏ သင်္ကေတ
Foxtrot··–·
အချက်ပြအလံFlag semaphoreမျက်မမြင် သင်္ကေတ
  • F ကို ဖေဖော်ဝါရီလ နှင့် Friday (သောကြာနေ့) အဖြစ် ပြက္ခဒိန်တွင် ဖော်ပြကြသည်။
  • ဓာတုဗေဒ ဘာသာရပ်တွင် Fကို ဖလိုရင်း ဒြပ်စင်တစ်ခု၏ သင်္ကေတအဖြစ်ဖော်ပြကြသည်။
  • ပညာရေးနယ်ပယ်တွင် Fသည် ကျဆုံးခြင်း အဓိပ္ပာယ် ဖြစ်သည်။
  • ထို့အပြင် ဂီတသင်္ကေတွင် Fသည် နုတ်တစ်ခုပင်ဖြစ်သည်။
  • အပူချိန်တိုင်းတာရာ၌လည်း F ကို ဖာရင်ဟိုက် အဖြစ်အတိုကောက် ဖော်ပြခဲ့သည်။
  • ယုတ္တိဗေဒတွင် F ကို (False) *အမှားအဖြစ်ကိုယ်စားပြုပြီး T ကို (True)အမှန်ဟူ၍ ဖော်ပြကြသည်။
  • ယူနီကုတ်တွင် F အကြီးကို U+0046 အဖြစ်လည်းကောင်း၊ f အသေးအား U+0066 အဖြစ်သတ်မှတ်ထားသည်။[၃]


[၄]

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ