ကဇူးအို အစ်ရှိဂူရိုး

ဗြိတိသျှ စာရေးဆရာ

ကဇူးအို အစ်ရှိဂူရိုး (ဂျပန်: カズオ・イシグロ or 石黒 一雄;သည် ၁၉၅၄ခု နိုဝင်ဘာ၈ရက်ဖွား ဗြိတိသျှစာရေးဆရာ၊ သီချင်းရေးဆရာ တစ်ယောက်ဖြစ်သည်။ သူ့ကိုဂျပန်နိုင်ငံ နာဂါဆာကီမြို့တွင် မွေးဖွားခဲ့သည်။ သူအသက်ငါးနှစ်အရွယ် ၁၉၆၀ ဝန်းကျင်တွင် သူ့မိသားစုသည် ဂျပန်မှ အင်္ဂလန် သို့ရွှေ့ခဲ့ကြသည်။ ၁၉၇၈ ခုတွင် အစ်ရှိဂူရိုးသည် ကန့်တက္ကသိုလ်မှ ဘွဲ့ရခဲ့သည်။ ၁၉၈၀တွင် အရှေ့ အင်ဂျလီယာတက္ကသိုလ်၏ UAE ဖန်တီးရေးသားအတတ်ပညာသင်တန်းမှ သူ၏ မဟာဘွဲ့ကို ရယူခဲ့သည်။

ကဇူးအို အစ်ရှိဂူရိုး
カズオ・イシグロ
石黒 一雄

OBE, FRSA, FRSL
Ishiguro in 2005
မွေးဖွားKazuo Ishiguro
(1954-11-08) နိုဝင်ဘာ ၈၊ ၁၉၅၄ (အသက် ၆၉)
နာဂါဆာကီဂျပန်
အလုပ်အကိုင်စာရေးဆရာ၊ ဝတ္ထုတိုရေးသူ၊ ဇာတ်ညွှန်းဆရာ၊ ကော်လံစား၊ သီချင်းရေးဆရာ
မိခင်ကျောင်းကန့်တက္ကသိုလ်
အရှေ့ အင်ဂျလီယာတက္ကသိုလ်
ကာလ၁၉၈၁–လက်ရှိ
ထင်ရှားသည့်လက်ရာများThe Remains of the Day]]၊An Artist of the Floating World၊When We Were Orphans၊Never Let Me Go
ရရှိသည့်ဆုများWinifred Holtby Memorial Prize
1982 A Pale View of Hills
Whitbread Prize
1986 An Artist of the Floating World
Booker Prize
1989 The Remains of the Day
OBE
1995
Chevalier de l'Ordre des Arts et des Lettres
1998
အိမ်ထောင်ဖက်လော်နာ မက်ဒေါက်ဂဲ (လက်ထပ် 1986)
သားသမီးနာအိုမီ အစ်ရှိဂူရိုး

အစ်ရှိဂူရိုးသည် အဂ်လိပ်ဘာသာစကားပြော အဆောက်အုံနယ်ပယ်တွင် ထင်ရှားအောင်မြင်သော ခေတ်ပြိုင်စာရေးဆရာတစ်ယောက်ဖြစ်ပြီး Man Booker Prize စကာတင်စာရင်းတွင် လေးကြိမ်ရွေးချယ်ခံခဲ့ရပြီး ၁၉၈၉ ခုနှစ်တွင် သူ၏ဝတ္ထု The Remains of the Dayဖြင့် ဆုရခဲ့သည်။ ၂၀၀၈ခုနှစ်တွင် The Times မှထုတ်ပြန်သော ၁၉၄၅ မှ ယနေ့ထိ အင်္ဂလိပ်ဘာသာစကားဖြင့်ရေးသားသော ကြီးကျယ်မြင့်မြတ်သော စာရေးဆရာကြီး ငါးဆယ်စာရင်းတွင် အစ်ရှိဂူရိုးသည် အဆင့် ၃၂ အဖြစ် သတ်မှတ်ခံရသည်။[၁]


သူ၏ သတ္တမမြောက် ဝတ္ထုThe Buried Giantကို ၂၀၁၅ခု မတ်လ ၃ ရက်နေ့တွင် အမေရိကန်နှင့် အဂ်လန်နိုင်ငံများတွင် တပြိုင်နက် ထုတ်ဝေခဲ့သည်။

ငယ်ဘဝ နှင့် အစောပိုင်းကာလ

၁၉၅၄ နိုဝင်ဘာလ ၈ရက်နေ့တွင် သမုဒ္ဒရာဗေဒပညာရှင် ရှီဇူးအို အစ်ရှိဂူရိုးနှင့် ဇနီး ရှီဇူးကိုတို့မှ ကဇူးအို အစ်ရှိဂူရိုးကို နာဂါဆာကီမြို့တွင် ဖွားမြင်သည်။[၂] ၁၉၆၀တွင် သူ၏မိသားစုသည် အင်္ဂလန်နိုင်ငံသို့ ပြောင်းရွှေ့ခဲ့ကြသည်။ အကြောင်းမှာ သူ၏ဖခင်သည် ဆောက်တန်သမ်ရှိ နိုင်ငံတော် သမုဒ္ဒရာဗေဒ ဌာနတွင် တာဝန်ထမ်းဆောင်ရသောကြောင့်ဖြစ်သည်။[၂][၃]

၁၉၇၄ ခုနှစ်တွင် ကန့်တက္ကသိုလ်ကို စတင်တက်ရောက်ခဲ့ပြီး ၁၉၇၈ ခုနှစ်တွင် ဝိဇ္ဇာဘွဲ့ကို အင်္ဂလိပ်စာနှင့် ဒဿနပညာရပ်များဖြင့် ဂုဏ်ထူးတန်းမှ အောင်မြင်ကာ ရရှိခဲ့သည်။[၂] တစ်နှစ်ခန့် ဝတ္ထုများရေးသားခဲ့ပြီးမှ အရှေ့ အင်ဂျလီယာတက္ကသိုလ်တွင် ဖန်တီးရေးသားအတတ်ပညာတန်းကို တက်ရောက်ခဲ့ပြီး ၁၉၈၀ တွင် မဟာဝိဇ္ဇာဘွဲ့ယူခဲ့သည်။[၂][၃]၁၉၈၂ ခုနှစ်တွင် ဗြိတိသျှ နိုင်ငံသားအဖြစ်ခံယူခဲ့သည်။[၄]

အစ်ရှိဂူရိုးသည် ဂျပ်ဇ်အဆိုတော် စတေစီ ကန့်အတွက် သီချင်းတော်တော်များများကို ကန့်၏ခင်ပွန်းဖြစ်သူ ဆက်ဆိုဖုန်းသမား ဂျင် တွမ်လင်ဆင်နှင့်အတူ တွဲဖက်ရေးသားခဲ့သေးသည်[၅]

ပုဂ္ဂလိကဘဝ

အစ်ရှိဂူရိုးသည် ၁၉၈၆ ခုနှစ်တွင် လူမှုဝန်ထမ်းတစ်ဦးဖြစ်သူ လော်နာ မက်ဒေါက်ဂဲနှင့် လက်ထပ်ခဲ့သည်။ လက်ရှိတွင် သမီးဖြစ်သူ နာအိုမီ အစ်ရှိဂူရိုးနှင့်အတူ လန်ဒန်မြို့တွင် နေထိုင်လျက်ရှိသည်။

စာပေအရေးအသားဟန်

Ishiguro with the cast of the Never Let Me Go film in 2010

သူ၏ ဝတ္ထုအများစုကို အတိတ်ကာလတွင် အခြေခံထား၍ ဇာတ်အိမ်ဖွဲ့လေ့ရှိသည်

ဝတ္ထုအများစုကို ပထမပုဂ္ဂိုလ်မှ ဇာတ်ကြောင်းပြန်သောပုံစံဖြင့် ရေးဖွဲ့လေ့ရှိသည်။ ဇာတ်ကြောင်းပြန်သူသည် မကြာခဏ လူသားတို့၏ ကျရှူံးမှုကို ထုတ်ပြောလေ့ရှိသည်။ အစ်ရှိဂူရိုး၏ စနစ်မှာ ဇာတ်ကြောင်းပြန်နေစဉ်အတွင်း သူ၏ဇာတ်ကောင်များကို ၎င်းတို့၏အားနည်းချက်များကို လုံးလုံးလျားလျား ထုတ်ဖော်ခွင့်ပြုထားခြင်းဖြစ်သည်။

အစ်ရှိဂူရိုး၏ ဝတ္ထုများသည် တစ်ခါတစ်ရံတွင် အဓိပ္ပာယ် တစ်စုံတစ်ရာမရှိဘဲ အဆုံးသတ်သွားသည်လည်းရှိသည်။[၆]


အစ်ရှိဂူရိုးနှင့် ဂျပန်

အစ်ရှိဂူရိုးသည် ဂျပန်နိုင်ငံတွင် မွေးဖွားခဲ့သူဖြစ်ပြီး ဂျပန်နာမည်ယူထားသူဖြစ်သည်။ ( သူ့အမည်ရှိ အစ်ရှိဂူရိုးဟူသော စကားလုံးမှာ `ကျောက်တုံးနက်´ဟု အဓိပ္ပာယ် ရသည်။) သူ၏ ပထမဆုံး ဝတ္ထုနှစ်ပုဒ်ကို ဂျပန်နိုင်ငံတွင် ဇာတ်အိမ်တည်ထားသည်။ သို့ရာတွင် တွေ့ဆုံမေးမြန်းထားမှုများကို ဖြေကြားရာတွင် သူသည် ဂျပန်စာပေအရေးအသားနှင့် သိပ်မရင်းနှီးကြောင်း ဖြေကြားထားသည်။ သို့သော်လည်း သူ့အရေးအသားများတွင် ဂျပန်စာရေးဆရာများ၏ လွှမ်းမိုးမှုကို အနည်းနဲ့အများတွေ့နိုင်သည်။ ဂျပန်ရုပ်ရှင်များ( အထူးသဖြင့် Yasujirō Ozu နှင့် Mikio Naruse တို့၏ ရုပ်ရှင်များ)သည် သူ့အပေါ် သိသိသာသာလွှမ်းမိုးမှုရှိသည်ဟု အစ်ရှိဂူရိုးက ဖြေကြားခဲ့ဖူးသည်။[၇]


အစ်ရှိဂူရိုးသည် ၁၉၆၀ခုနှစ် အသက် ငါးနှစ်အရွယ်တွင် ဂျပန်မှ ထွက်ခွာအခြေချခဲ့ရာ ၁၉၈၉ အလည်ပြန်ချိန်ထိ ဂျပန်သို့ တစ်ခေါက်မှ ပြန်မရောက်ခဲ့ဖူးချေ။ Kenzaburō Ōe နှင့်ပြုလုပ်သော တွေ့ဆုံမေးမြန်းမှုတွင် အစ်ရှိဂူရိုးသည် သူ၏ပထမဆုံး ဝတ္ထုနှစ်ပုဒ်ကို ဂျပန်တွင် ဇာတ်အိမ်တည်ထားမှုမှာ စိတ်ကူးယှဉ်မှန်းဆ၍သာဖြစ်ကြောင်း ဝန်ခံထားသည်။ [၈]

ဖန်တီးခဲ့သမျှ

ဝတ္ထုများ

  • A Pale View of Hills (၁၉၈၂)
  • An Artist of the Floating World (၁၉၈၆)
  • The Remains of the Day (၁၉၈၉)
  • The Unconsoled (၁၉၉၅)
  • When We Were Orphans (၂၀၀၀)
  • Never Let Me Go (၂၀၀၅)
  • The Buried Giant (၂၀၁၅)[၉]

ဇာတ်ညွှန်းများ

  • A Profile of Arthur J. Mason (Channel 4အတွက် မူရင်းဇာတ်ညွှန်း)[၁၀][၁၁] (1984)
  • The Gourmet (BBCအတွက် မူရင်းဇာတ်ညွှန်း၊ နောက်ပိုင်းတွင်Granta 43တွင် ပြန်လည် ထုတ်ဝေခဲ့)[၁၂] (1987)
  • The Saddest Music in the World (မူရင်းဇာတ်လမ်း) (2003)
  • The White Countess (မူရင်းဇာတ်ညွှန်း) (2005)

ဝတ္ထုတိုများ

  • Introduction 7: Stories by New Writers (Faber and Faber, ၁၉၈၁): ‘A Strange and Sometimes Sadness’, ‘Waiting for J’ and ‘Getting Poisoned’
  • "A Family Supper" (Firebird, ၁၉၈၃)
  • "A Village After Dark" (The New Yorker, ၂၀၀၁)
  • Nocturnes: Five Stories of Music and Nightfall (Faber and Faber, ၂၀၀၉)

သီချင်းစာသားများ

  • "The Ice Hotel"၊ ""I Wish I Could Go Travelling Again"၊"Breakfast on the Morning Tram" နှင့် "So Romantic" တို့ကို စတေစီ ကန့်၏ ၂၀၀၇ခုနှစ်ထုတ် အယ်လဘမ် Breakfast on the Morning Tramအတွက်ရေးစပ်ခဲ့သည်။[၅] ထို့အပြင်"The Summer We Crossed Europe In the Rain"၊ "Waiter, Oh Waiter" နှင့်"The Changing Lights" တို့ကို ကန့်၏ ၂၀၁၃ ခုနှစ်ထုတ် အယ်လဘမ်The Changing Lightsအတွက် ရေးစပ်ခဲ့သည်။

ရုပ်ရှင်အဖြစ်ပြန်လည်ဖန်တီးခဲ့သော သူ၏လက်ရာများ

  • The Remains of the Day၊ ၁၉၉၃ ခုနှစ်တွင် James Ivory မှ ရိုက်ကူးသည်။
  • The White Countess၊ ၂၀၀၅ ခုနှစ်တွင် James Ivory မှရိုက်ကူးသည်။
  • Never Let Me Go၊ ၂၀၁၀ ခုနှစ်တွင် Mark Romanekမှ ရိုက်ကူးသည်။

ရရှိခဲ့သောဆုများ

  • ၁၉၈၂: Winifred Holtby အမှတ်တရဆုကို A Pale View of Hillsဖြင့်[၁၃]
  • ၁၉၈၃: Granta၏ အကောင်းဆုံး ဗြိတိသျှလူငယ်စာရေးဆရာများ စာစဉ်တွင် ဖော်ပြခံရ[၁၄]
  • ၁၉၈၆: Whitbread Prize ဆုကိုAn Artist of the Floating Worldဖြင့်[၁၃]
  • ၁၉၈၉: Booker Prize ဆုကို The Remains of the Dayဖြင့်[၁၃]
  • ၁၉၉၃: Granta ၏ အကောင်းဆုံး ဗြိတိသျှလူငယ်စာရေးဆရာများစာစဉ်တွင် ဖော်ပြခံရ[၁၅]
  • ၁၉၉၅: OBEဘွဲ့ ချီးမြင့်ခံရ[၁၃]
  • ၁၉၉၈: Chevalier de l'Ordre des Arts et des Lettres[၁၃]
  • ၂၀၀၅: Time က Never Let Me Go ဝတ္ထုအား မဂ္ဂဇင်းတည်ထောင်သည့် ၁၉၂၃ မှစ၍ အဂ်လိပ်ဘာသာစကားဖြင့် ရေးသားသော အကောင်းဆုံး ဝတ္ထုတစ်ရာစာရင်းတွင် ထည့်သွင်းရွေးချယ်ခဲ့[၁၆]
  • ၂၀၀၈: The Times က အစ်ရှိဂူရိုးအား "၁၉၄၅ မှစသော အကောင်းဆုံး ဗြိတိသျှစာရေးဆရာ ငါးဆယ်"တွင် ထည့်သွင်း[၁၆]

A Pale View of Hills နှင့် The Buried Giantမှတပါး အစ်ရှိဂူရိုး၏ လက်ရာအများစုသည် စာပေဆုများတွင် စကာတင်ရွေးချယ်ခံခဲ့ရသည်ချည်းဖြစ်သည်။[၁၃][၁၇]

အကိုးအကား

အစ်ရှိဂူရိုးနှင့် တွေ့ဆုံမေးမြန်းထားမှုများ

အတ္ထုပ္ပတ္တိများ

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ