ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် (အင်္ဂလိပ်: Secretary-General of the United Nations; အတိုကောက် UNSG သို့မဟုတ် SG) သည် ကုလသမဂ္ဂ၏ ပင်မဌာနငါးခုတွင် အပါအဝင်ဖြစ်သော ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရုံး၏ အကြီးအကဲဖြစ်သည်။ အထွေထွေအတွင်းရေးမှူးချုပ်သည် ကုလသမဂ္ဂ၏ အုပ်ချုပ်ရေးအရာရှိအဖြစ် တာဝန်ယူသည်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရုံးနှင့် အထွေထွေအတွင်းရေးမှူးချုပ်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ကုလသမဂ္ဂ ဖွဲ့စည်းပုံဥပဒေ၏ အခန်း ၁၅ တွင် ဖော်ပြထားသည်။

ကုလသမဂ္ဂ ၏အထွေထွေ အတွင်းရေးမှူးချုပ်
ကုလသမဂ္ဂ၏ အလံတော်
တာဝန်ထမ်းဆောင်ဆဲ ပုဂ္ဂိုလ်
ပေါ်တူဂီနိုင်ငံ အန်တိုနီရို ဂူတာရက်စ်

၁ ဇန်နဝါရီ ၂၀၁၇ (၂၀၁၇-၀၁-၀၁) မှစ၍
ကုလသမဂ္ဂ
အထွေထွေ အတွင်းရေးမှူးချုပ်ရုံး
ပုံစံHis Excellency
စံအိမ်Sutton Place
ရုံးတည်နေရာကုလသမဂ္ဂဌာနချုပ်
နယူးယောက်မြို့နယူးယောက်ပြည်နယ်၊ အမေရိကန် ပြည်ထောင်စု
အဆိုပြုသူလုံခြုံရေးကောင်စီ
ခန့်အပ်သူအထွေထွေညီလာခံ
သက်တမ်း၅ နှစ်
(သက်တမ်းတိုးနိုင်၊ ၂ ကြိမ်ထိ ကန့်သတ်ထား)
ဖွဲ့စည်းပုံ အခြေခံဥပဒေကုလသမဂ္ဂ ဖွဲ့စည်းပုံဥပဒေ
စတင်ထမ်းဆောင်သူနော်ဝေနိုင်ငံ ထရီဗီလီ
ဖွဲ့စည်းခြင်းဇွန် ၂၆၊ ၁၉၄၅; ၇၈ နှစ် အကြာက (၁၉၄၅-၀၆-26)
လက်ထောက်ဒုတိယ အထွေထွေအတွင်းရေးမှူးချုပ်
ဝက်ဘ်ဆိုဒ်un.org/sg

၂၀၁၇ ခုနှစ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော အထွေထွေအတွင်းရေးမှူးချုပ်မှာ အန်တိုနီရို ဂူတာရက်စ် ဖြစ်ပြီး ၂၀၁၆ ခုနှစ် အောက်တိုဘာ ၁၃ ရက်နေ့တွင် ကုလသမဂ္ဂ အထွေထွေညီလာခံမှတဆင့် ခန့်အပ်ခဲ့သည်။

နေအိမ်

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ နေထိုင်ရာသည် အမှတ် ၃၊ ယောက်ရိပ်သာ / ဆက်တွန်ရပ်၊ မဟက်တန်၊ နယူးယောက်မြို့၊ နယူးယောက်ပြည်နယ်၊ အမေရိကန် ပြည်ထောင်စု ဖြစ်သည်။ နေအိမ်သည် ၁၉၂၁ ခုနှစ်တွင် အန်း မော်ဂန် အတွက် ဆောက်လုပ်ခဲ့ခြင်း ဖြစ်ပြီး ကုလသမဂ္ဂသို့ ၁၉၇၂ ခုနှစ်တွင် လှူဒါန်းခဲ့သည်။[၁]

အထွေထွေအတွင်းရေးမှူးချုပ်များ စာရင်း

ပုံအထွေထွေ အတွင်းရေးမှူးချုပ်
(မွေးဖွား–ကွယ်လွန်)
ရာထူးသက်တမ်းနိုင်ငံUN ဒေသအုပ်စုနုတ်ထွက်ရခြင်း အကြောင်းရင်းကိုးကား
ဂေါ်လ်ဒွင်ဂျက်ဘ်
(၁၉၀၀–၁၉၉၆)
၂၄ အောက်တိုဘာ ၁၉၄၅ –
၁ ဖေဖော်ဝါရီ ၁၉၄၆
 ယူနိုက်တက်ကင်းဒမ်းအနောက် ဥရောပနှင့် အခြားထရီဗီလီ အား တရားဝင် မရွေးချယ်ရသေးမီ ယာယီ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အဖြစ် ခေတ္တ ဆောင်ရွက်ခဲ့သည်။[၂]
ထရီဗီလီ
(၁၈၉၆–၁၉၆၈)
၂ ဖေဖော်ဝါရီ ၁၉၄၆ –
၁၀ နိုဝင်ဘာ ၁၉၅၂
 နော်ဝေအနောက် ဥရောပနှင့် အခြားနုတ်ထွက်[၃]
ဒက်ဟမ်းမားရှိုး
(၁၉၀၅–၁၉၆၁)
၁၀ ဧပြီ ၁၉၅၃ –
၁၈ စက်တင်ဘာ ၁၉၆၁
 ဆွီဒင်အနောက် ဥရောပနှင့် အခြားကွန်ဂိုသို့ ငြိမ်းချမ်းရေးမစ်ရှင်အတွက် အသွား မြောက်ရိုဒီးရှား (ယခု ဇမ်ဘီယာနိုင်ငံ) တွင် လေယာဉ်ပျက်ကျပြီး ကွယ်လွန်ခဲ့သည်။[၄]
ဦးသန့်
(၁၉၀၉–၁၉၇၄)
၃၀ နိုဝင်ဘာ ၁၉၆၁ –
၃၁ ဒီဇင်ဘာ ၁၉၇၁
 မြန်မာအာရှ-ပစိဖိတ်တတိယအကြိမ် ရွေးချယ်ခံရန် ငြင်းဆန်ခဲ့သည်။[၅]
ကွတ်ဝေါလ်ဟိုင်း
(၁၉၁၈–၂၀၀၇)
၁ ဇန်နဝါရ္ ၁၉၇၂ –
၃၁ ဒီဇင်ဘာ ၁၉၈၁
 ဩစတြီးယားအနောက် ဥရောပနှင့် အခြားသူ၏ တတိယသက်တမ်းအား တရုတ်မှ ဗီတိုအာဏာဖြင့် ပယ်ချခဲ့သည်။[၆]
ဟာဗီးယား ပဲရက်စ် ဒီကွေးလျား
(၁၉၂၀ မွေးဖွား)
၁ ဇန်နဝါရီ ၁၉၈၂ –
၃၁ ဒီဇင်ဘာ ၁၉၉၁
 ပီရူးလက်တင်အမေရိကနှင့် ကာရစ်ဘီယံတတိယသက်တမ်းအတွက် အရွေးချယ်မခံ[၇]
ဘူးထရို့စ် ဘူးထရို့စ် ဂါလီ
(၁၉၂၂–၂၀၁၆)
၁ ဇန်နဝါရီ ၁၉၉၂ –
၃၁ ဒီဇင်ဘာ ၁၉၉၆
 အီဂျစ်အာဖရိကသူ၏ ဒုတိယသက်တမ်းအား အမေရိကန် ပြည်ထောင်စုမှ ဗီတိုအာဏာဖြင့် ပယ်ချခဲ့သည်။[၈]
ကိုဖီအန်နန်
(၁၉၃၈-၂၀၁၈)
၁ ဇန်နဝါရီ ၁၉၉၇ –
၃၁ ဒီဇင်ဘာ ၂၀၀၆
 ဂါနာအာဖရိကသက်တမ်းနှစ်ကြိမ်အပြီး အနားယူခဲ့သည်။[၉]
ဘန်ကီမွန်း
(၁၉၄၄ မွေးဖွား)
၁ ဇန်နဝါရီ ၂၀၀၇ –
၃၁ ဒီဇင်ဘာ ၂၀၁၆
 တောင်ကိုရီးယားအာရှ-ပစိဖိတ်သက်တမ်းနှစ်ကြိမ်အပြီး အနားယူခဲ့သည်။[၁၀]
အန်တိုနီရို ဂူတာရက်စ်
(၁၉၄၉ မွေးဖွား)
၁ ဇန်နဝါရီ ၂၀၁၇ –
လက်ရှိ
 ပေါ်တူဂီအနောက်ဥရောပနှင့် အခြား
ကုလသမဂ္ဂ၏ အထွေထွေ အတွင်းရေးမှူးချုပ်အဖြစ် ထမ်းဆောင်ခဲ့သူများ၏ နိုင်ငံသားပြ မြေပုံ

သက်ရှိထင်ရှား အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်းများ

ဧပြီ ၂၀၂၄ အထိ သက်ရှိထင်ရှားရှိနေသော အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်းမှာ ဘန်ကီမွန်း ဖြစ်သည်။ ​နောက်ဆုံး ကွယ်လွန်ခဲ့သော အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်းမှာ ၂၀၂၀ပြည့်နှစ် မတ်လ ၄ ရက်နေ့တွင် ကွယ်လွန်ခဲ့သော ဟာဗီးယား ပဲရက်စ် ဒီ ကွေးလျား (၁၉၈၂ -၁၉၉၁) ဖြစ်သည်။[၁၁]ကိုဖီအန်နန်မှာ ၂၀၁၈ခုနှစ် ဩဂုတ်လ၁၈ရက်တွင်ကွယ်လွန်ခဲ့သည်။[၁၂][၁၃]

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ