ဖီး ဆုတံဆိပ်

သင်္ချာပညာရှင်တို့ရသောဆု

ဖီး ဆုတံဆိပ် (Fields Medal) သည် သင်္ချာသုတေသနဆိုင်ရာ ဆုတံဆိပ်ဖြစ်ပြီး သင်္ချာလောကတွင် အမြင့်ဆုံး ဆုတံဆိပ်တစ်ခုအဖြစ် ယူဆကြသည်။ နိုင်ငံတကာ သင်္ချာသမဂ္ဂ (International Mathematical Union) က ကြီးမှူး၍ အများအားဖြင့် လေးနှစ်တစ်ကြိမ်ကျင်းပသည့် သင်္ချာပညာရှင်များ၏ နိုင်ငံတကာညီလာခံ (International Congress of Mathematicians) တွင် ဤဆုတံဆိပ်ကို အသက် ၄၀ အောက် ထူးချွန်ပညာရှင် နှစ်ဦးမှ လေးဦးအထိအား ချီးမြှင့်လေ့ရှိသည်။[၁]

ဖီး ဆုတံဆိပ် (Fields Medal)
ဖီး ဆုတံဆိပ်ဒင်္ဂါး၏ ခေါင်းပိုင်း
ဆုပေးအပ်ခြင်းအကြောင်းသင်္ချာသုတေသနတွင် ရရှိပြီးသော ထူးချွန်အောင်မြင်မှုများနှင့် အနာဂတ် အောင်မြင်မှု အလားအလာကောင်းများ အတွက် [မှတ်စု ၁]
ဆုတံဆိပ်ပေးအပ်သူနိုင်ငံတကာ သင်္ချာသမဂ္ဂ (International Mathematical Union (IMU))
နိုင်ငံအမျိုးမျိုး
ဆုအမျိုးအစားကနေဒါနိုင်ငံသုံးဒေါ်လာ ၁၅,၀၀၀
ပထမဆုံးဆုတံဆိပ်၁၉၃၆ (၁၉၃၆)
နောက်ဆုံးဆုတံဆိပ်၂၀၁၄
ဝက်ဘ်ဆိုဒ်mathunion.org/general/prizes/fields/details

နိုဘဲလ်ဆုကို သင်္ချာဆိုင်ရာ သုတေသနအတွက် သီးသန့် ချီးမြှင့်ခြင်းမရှိရာ၊ အာဘဲလ်ဆု (Abel Prize) နှင့် ဤ ဖီး ဆုတံဆိပ် နှစ်ခုကို သင်္ချာဆိုင်ရာ နိုဘဲလ်ဆုများဟု ခိုင်းနှိုင်းပြောဆိုလေ့ရှိသည်။ အာဘဲလ်ဆုနှင့် မတူသည့် အချက်မှာ ဖီး ဆုတံဆိပ်ကို အသက် ၄၀ မကျော်သေးသည့် သင်္ချာပညာရှင်များကိုသာ ချီးမြှင့်နိုင်သည်ဟု သတ်မှတ်ထားခြင်း ဖြစ်သည်။ ရည်ရွယ်ချက်မှာ ရရှိပြီးသည့် ထူးချွန်အောင်မြင်မှုများကိုသာ ဂုဏ်ပြုရန်မဟုတ်ဘဲ ထူးချွန်သည့် တက်သစ်စ လူငယ်ပညာရှင်များကို အနာဂတ် သုတေသနလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နိုင်ရန် အတွက် ပံ့ပိုးလို၍ ဖြစ်သည်။[၂]

ဆုတံဆိပ်ဒင်္ဂါးနှင့်အတူ ဆုငွေပါ ချီးမြှင့်လေ့ရှိပြီး ၂၀၀၆ ခုနှစ်မှစ၍ ၎င်းဆုငွေပမာဏမှာ ကနေဒါနိုင်ငံသုံးဒေါ်လာ ၁၅,၀၀၀ ဖြစ်သည်။ ဤ ဆုတံဆိပ် ဖြစ်မြောက်လာရန် အခရာကျကျ ကျိုးပမ်းခဲ့သူ၊ ဤ ဆုတံဆိပ်ဒင်္ဂါး ဒီဇိုင်းကို ကိုယ်တိုင်ရေးဆွဲခဲ့သူ၊ ဆုငွေချီးမြှင့်နိုင်ရန်အတွက် ရန်ပုံငွေ မတည်ပေးခဲ့သူ ကနေဒါသား သင်္ချာပညာရှင် ဂျွန် ချားလ် ဖီး (John Charles Fields) ကို ဂုဏ်ပြုသောအားဖြင့် ဖီး ဆုတံဆိပ်ဟု အမည်မှည့်ထားခြင်း ဖြစ်သည်။[၃]

ဤဆုတံဆိပ်ကို ၁၉၃၆ ခုနှစ်တွင် ဖင်လန်သား သင်္ချာပညာရှင် လားစ် အာဖော် (Lars Ahlfors) နှင့် အမေရိကန်သား သင်္ချာပညာရှင် ဂျက်ဆီ ဒေါက်ကလပ် (Jesse Douglas) တို့အား စတင်ချီးမြှင့်ခဲ့ပြီး၊ ၁၉၃၆ ခုနှစ် နှင့် ၁၉၅၀ ခုနှစ်များ အကြားတွင် (ကမ္ဘာစစ်ကြောင့်) ဆု ချီးမြှင့်နိုင်ခဲ့ခြင်း မရှိပေ။ စစ်လွန်ခေတ်တွင် ၁၉၅၀ ခုနှစ်မှစ၍ နောက်ဆုံး ၂၀၁၄ ခုနှစ်အထိ လေးနှစ်တစ်ကြိမ် မပျက်မကွက် ပြန်လည်ချီးမြှင့်ခဲ့သည်။[၃]

မှတ်စု

အညွှန်း

ကိုးကား

  • Barran၊ Michel; Weisstein၊ Eric W.၊ "Fields Medal"MathWorld--A Wolfram Web Resource၊ Wolfram Research, Inc.March 5, 2017 တွင် ပြန်စစ်ပြီး
  • Fields Institute၊ The Fields Medal၊ Fields InstituteMarch 5, 2017 တွင် ပြန်စစ်ပြီး
  • IMU၊ Fields Medal Details၊ International Mathematical UnionMarch 5, 2017 တွင် ပြန်စစ်ပြီး
🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ