ချာဂါ့စ် ရောဂါ

ချာဂါ့စ် ရောဂါ (/ˈɑːɡəs/, သို့မဟုတ် အမေရိကန် ထရိုင်ပါနိုစိုမီအဲစစ် American trypanosomiasis) သည် အပူပိုင်းဒေသ တွင်ဖြစ်သော ရောဂါတစ်မျိုးဖြစ်ပြီး ကပ်ပါးပိုးတစ်မျိုးကြောင့် ဖြစ်သောရောဂါ parasitic disease ဖြစ်သည်။ အများအားဖြင့် ထရိုင်ပါစိုမာ ကရူစီ (Trypanosoma cruzi)ဟုခေါ်သော ပရိုတိုဇိုအာ ကြောင့် ဖြစ်ရသည်။ [၁] ကစ်စင်းဘာဂ်စ်kissing bugs ခေါ် ကပ်ပါးပိုးကောင်များကြောင့် ရောဂါပြန့်ပွားမှုအများဆုံးဖြစ်ရသည်။ [၁]

ချာဂါ့စ် ရောဂါ
အထူးပြုကူးစက်ရောဂါ, ကပ်ပါးဗေဒ Edit this on Wikidata

ရောဂါလက္ခဏာများသည် ကူးစက်မှု အနုအရင့် အလျောက် ပြောင်းလဲသည်။ ကနဦးအဆင့်တွင်၊ လက္ခဏာအသွင်အပြင်မပြသခြင်း သို့မဟုတ် အနည်းအကျဉ်းသာပြသခြင်းများ ရှိတတ်ပြီး အဖျား ရှိခြင်း၊ လင့်ဖ်နို့ဒ်များ (lymph nodes) ပွယောင်ခြင်းများ ပါဝင်နိုင်သည်။ ခေါင်းကိုက်ခြင်းများ သို့မဟုတ် အကိုက်ခံရသည့်နေရာ အနီးဝန်းကျင်တွင် ယောင်ခြင်းများဖြစ်တတ်သည်။ [၁] ရှစ်ပတ်မှ ၁၂ပတ်အကြာခန့်တွင် ရောဂါ ရင့်ကျက်၍ နာတာရှည် အချိန်အပိုင်းသို့ ရောက်ရှိကာ ၆၀% မှ ၇၀%ခန့်တွင် နောက်ထပ်အသွင်အပြင်လက္ခဏာ မပြတော့ချေ။ [၂][၃] ၃၀% မှ ၄၀% သောသူများတွင် စတင်ကူးစက်ပြီးနောက် ဆယ်နှစ်မှ အနှစ် ၃၀ အတွင်းတွင် ထပ်ဆင့် အသွင်အပြင်လက္ခဏာများပြလာသည်။[၃] ၂၀% မှ ၃၀% ခန့်တွင် ယင်းတွင် နှလုံး၏ ဗင်ထရစ်ကဲလ် ventricles of the heart(နှလုံး၏အိမ်ကြီးများ ကြီးထွားလာမှု ဖြစ်ပြီး ယင်းသည် heart failure နှလုံး(သွေး လည်ပတ်မှုနည်း)ရောဂါဖြစ်စေတတ်သည်။[၁] အစာမြိုပြွန် ကြီးထွားခြင်းနှင့် သို့မဟုတ် အူမကြီး ကြီးထွားလာခြင်းတို့သည် လူဦးရေ၏ တစ်ဆယ် ရာခိုင်နှုန်းခန့်တွင် ဖြစ်ပွားနိုင်သည်။[၁]

ဖြစ်ပေါ်ရခြင်းအကြောင်းရင်းနှင့် ရောဂါ ပိုင်းခြားသတ်မှတ်ခြင်း

T. cruziသည် အများအားဖြင့် လူသားနှင့် အခြားနို့တိုက်သတ္တဝါများသို့ ထရိုင်တိုမီနဲ Triatominae မိသားစုဝင်ဖြစ်သော သွေးစုပ်သော blood-suckingကစ်စင်းဘတ်ဂ် (ခြင်မှက်ကောင်) များ မှနေ၍အများအားဖြင့် ကူးစက်ပြန့်ပွားသည်။[၄]

ဤ ပိုးကောင်းများကို ဒေသအလိုက် အမည်အမျိုးမျိုးဖြင့် ခေါ်ဝေါ်ကြသည်။ အာဂျင်တီးနား၊ ဘိုလီဗီယား၊ ချီလီပါရာဂွေး တို့တွင် vinchuca ဘရာဇီးတွင်barbeiro ဟုခေါ်သည်။ ကိုလံဘီယာတွင် ပီတို အလယ်ပိုင်းအမေရိကတွင် ချင်ချီ နှင့် ဗယ်နီဇွေးလားတွင် ချီပို စသည်တို့အပါအဝင် အသီးသီးခေါ်ဝေါ်ကြသည်။ သွေး ထုတ်သွင်းခြင်း၊ ခန္ဓာကိုယ်တွင်း အင်္ဂါ အစားထိုးကုသခြင်း၊ ကပ်ပါးပိုးများဖြင့် ညစ်ညမ်းနေသောအစာများ စားမိခြင်း နှင့် မိခင်မှ သန္ဓေသားသို့အသီးသီးကူးစက်နိုင်သည်။ [၁] Diagnosis of early disease is by finding the parasite in the blood using a microscope.[၃] ရောဂါကို စောစီးစွာ ရှာဖွေသိရှိနိုင်မည့်နည်းမှာ သွေးကို အဏုကြည့်မှန်ပြောင်းဖြင့် ကပ်ပါးပိုးကို ရှာဖွေခြင်းဖြင့်သည်။ သွေးထဲတွင် T.cruzi အင်တီဘော်ဒီများတွေ့ရှိခြင်းဖြင့် ရင့်ကျက်ရောဂါကို ခွဲခြားသိရှိနိုင်သည်။[၃]

ကြိုတင်ကာကွယ်ခြင်းနှင့် ကုသမှု

အဓိက ကြိုတင်ကာကွယ်ခြင်းတွင် ကစ်စင်းဘာဂ်ကို သုတ်သင်ဖယ်ရှားခြင်းနှင့် ယင်းတို့၏အကိုက်မခံရစေခြင်းတို့ပါဝင်သည်။ [၁] အခြားကြိုတင်ကာကွယ်မှုများတွင် သွေးသွင်းရာတွင် သုံးမည့် သွေးကို ပိုက်စိတ်တိုက်စစ်ဆေးခြင်းတို့ပါဝင်သည်။[၁] ၂၀၁၃ ခုနှစ်အထိ ဤရောဂါအတွက် ထိုးဆေးမပေါ်သေးပေ။[၁] ရောဂါ၏ကနဦးအဆင့်တွင်benznidazole သို့မဟုတ် nifurtimox တို့ဖြင့် ကုသနိုင်သည်။[၁] ဆေးအလျင်မီလျှင် အမြဲတမ်းလိုလို ပျောက်ကင်းတတ်သော်လည်း ချာဂါးစ် ရောဂါရင့်လာသည်နှင့်အညီ ထိရောက်မှု ပိုနည်းလာသည်။[၁] ရောဂါ ရင့်ကျက်သည့် အခြေအနေတွင်သုံးလျှင်မူ ယင်းသည် နောက်ဆုံးအခြေအနေ လက္ခဏာများသို့ မတိုးမြင့်မရောက်ရှိစေရန် တားပေးသည် သို့ မဟုတ် ကာကွယ်ပေးသည်။[၁] Benznidazole နှင့် nifurtimox တို့သည်လူဦးရေ၄၀ ရာနှုန်းခန့်တွင်ယာယီ ဘေးအာနိသင်များ ဖြစ်စေတတ်သည်။ [၁] အသားအရေ ပုံမှန်မဟုတ်မှုများ၊ ဦးနှောက်အဆိပ်တက်ခြင်းများ (brain toxicity )အစာအိမ်တွင်းအနေရခက်ခြင်းများဖြစ်စေတတ်သည်။[၂][၅][၆]

ရောဂါ ဖြစ်ပွား ပြန့်ပွားပုံ

ချာဂါးစ် ရောဂါဖြစ်နေသူ လူဦးရေ ၇ သန်းမှ ၈ သန်း ခန့်အထိ ရှိသည်ဟု ခန့်မှန်းရပြီး အများစုသည် မက္ကဆီကိုဗဟိုအမေရိက နှင့် တောင်အမေရိကတို့တွင် ဖြစ်သည်။[၁] ၂၀၀၆ ခုနှစ်အထိ တစ်နှစ်လျှင် ဤရောဂါကြောင့် သေဆုံးရမှု (၁၂၅၀၀)မှုခန့်ရှိသည်။[၂]ဤရောဂါဖြစ်သူ အများစုသည် ဆင်းရဲနွမ်းပါးသူများဖြစ်ပြီး ထိုသူများအနက် အများစုသည် မိမိဤရောဂါဖိစီးနေသည်ကို သတိပင်မထားမိ၊ မသိရှိကြပေ။[၂][၇]လူဦးရေ အပြုံလိုက် ပြောင်းလဲ နေထိုင်မှုများကြောင့် ချာဂါးစ်ရောဂါ ဖြစ်ပွားမှု နေရာဒေသများ ပိုမိုကျယ်ပြန့်လာပြီး ယခုအခါ ဥရောပနိုင်ငံများနှင့် အမေရိကန်ပြည်ထောင်စုအထိပါ တိုးပွားလာခဲ့သည်။[၁]ဤနိုင်ငံဒေသများတွင် ၂၀၁၄ ခုနှစ်မတိုင်မီ နှစ်များတွင် ယင်းသို့ တိုးပွားလာခဲ့သည်ကို တွေ့ရသည်။ [၈]ဤရောဂါကို ပထမဆုံးအဖြစ် ၁၉၀၉ ခုနှစ်တွင် ကားလို့စ်ချဂါ့စ် Carlos Chagasဆိုသူမှ စတင်ဖော်ပြခဲ့ပြီး သူ၏အမည်ကို လိုက်၍ ရောဂါကို မှည့်ခေါ်ခဲ့ခြင်းဖြစ်သည်။ [၁] ဤရောဂါသည် အခြားသတ္တဝါ အမျိုးပေါင်း ၁၅၀ ခန့်တွင်လည်း ဖြစ်ပွားသည်။[၂]

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ